Tuesday, February 23, 2010

ပြန်ရှုံ့ သွားသော သရက်သီး ( Peak of Perfection)

မောင်ဝဏ္ဏ ရဲ့ တမျက်နှာကာတွန်း တပုဒ်ထဲမှာ .. လူတယောက်က ကဗျာ ရွတ်နေပါတယ် ...

ရွှန်းလဲ့ ၀င်းမှည့် ရာမှ 
ပြန်ရှုံ့ သွားသော သရက်သီး  .. 
ခေါင်းစဉ်က အပျိုကြီးတဲ့ ...

တိုက်ဆိုင်တာလေးတွေရှိ နေရင်  တောင်းပန်ပါတယ် ...
နုပျို ရုပ်ဆင်း လှပခြင်း လည်း 
အိုမင်းနောက်ဆုံး ရှိခြေ၏  .. သံဝေဂ လင်္ကာ ထဲကလိုပါ ဘဲ..
( စိတ်ညစ်သွားရင် ဆက်မဖတ်ပါနဲ့ တော့နော်)





ကျနော့် မှာ အမ အပျိုကြီး၊ ညီမအပျိုကြီး၊ အဒေါ်အပျိုကြီး၊ ကြီးတော် အပျိုကြီး တွေ ရှိပါတယ် .. ဆိုလိုချင်တာက လူတိုင်းသိပြီးသားပါ၊      အနိစ္စ သင်္ခါရ သဘောတွေ...
လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ အလှဆုံး အချိန်တွေ ...လာပြီး သွား.. ကျော်လွန်သွားပြီးရင် ...
မလှတာတွေ လာတော့ တာဘဲ ..
မလှတာတွေ ဆက်တိုက် မရပ်မနား လာမယ် ပြီးရင်တော့ ... ပြီးသွားပြီပေါ့ ဘ၀တခု ..


 အပေါ်က ပုံက G-string နဲ့  Granny ကို ကိုပီတာ့ဘလော့မှာ စိတ်ပျိုကိုယ်နု ဆိုတဲ့ Post မှာ အရင်ဆုံး တွေ့  ဘူးတယ် .. (ကျေးဇူးပါ ကိုပီတာ)
အရင်တုံးကတော့ မော်ဒယ် ဖြစ်ရင်လည်းဖြစ်ခဲ့မယ်..ခုတော့လည်း မယ်တော် ပေါ့ .... သူလည်း ငယ်စဉ်ဘ၀မှာ သူ့ အောက်ကပုံ ထဲက လို ရွှန်းလဲ့ ၀င်းမှည့် ခဲ့မှာဘဲလေ ..

Google ထဲရှာကြည့်တော့ တနေရာမှာ Old, Funny Women ဆိုပြီးခေါင်းစဉ် ထိုးထားတာတွေ့ တယ်..
ခေါင်းစဉ်ကို သဘောမကျခဲ့ပါ၊ တဖက်က ကြည့် ရင်တော့ life ကို သူ enjoy လုပ်နေတာဘဲ ..ဘ၀ရဲ့ ကန့် လန့် ကာ ကျလာခါနီး ..ပြီးဆုံး ခါနီး အချိန်တွေလေ ..
ဒါမှမဟုတ် အဲဒီ အချိန် မျိုးမှာ ကျနော်တွေးကြည့်တယ် (သွားလှောင် လိုက်ရင် .. သူ့ ရဲ့ ကြည်နူးနေတဲ့ စိတ်အခြေအနေလေး ပျက်သွားမှာ.. စိတ်အားငယ်သွားမှာ.. ကိုယ်ချင်းစာကြည့်တယ်) ဥပက္ခာထား .နားလည်ပေးနိုင်ရင် ..ရီချင်ရင်တောင် ကွယ်ရာမှာရီ ...
ဘာဘဲဖြစ်ဖြစ် သူ့  life ကို စိတ်ချမ်းသာသလို (ဘယ်သူ့ မှမထိခိုက်ဘဲ) enjoy လုပ်တာ ကို ကျနော်အနေနဲ့ တော့ သဘောကျ အားကျ ပါတယ်..

ကိုယ် ကိုယ်တိုင် တနေ့ ဒီလို အခြေနေ ပုံစံ ရောက်လာဦး မှာမို့ ...


နေရတဲ့ တစ်ဘ၀ .. ပျော်ပျော်သာနေ.. စိတ်ညစ်စရာတွေ အတတ်နိုင်ဆုံး မေ့ထား ..
 
You only live once, enjoy it.


smk

Thursday, February 18, 2010

အာဟာရ သည် ရုပ်ကို ဆောင်၏

ကျနော် တို့ ဒေသ ဘက်မှာ ထူးထူးဆန်းဆန်း စားကြတာ ဆိုလို့  ( ဒေသခံတွေ အတွက်ကတော့ မထူးဆန်းပါ ) အီကုတ် ဆိုတာရယ် ၊ မြက်မန်းဥ ဆိုတာရယ်ပါ။
နွေ ရာသီစာတွေပါ။
အီကုတ် ကတော့ သိကြပါတယ် .. နောက်ချေးပိုး ( Beatle )ကောင် က သူ့ ဥကို နောက်ချေး ထဲ ထည့်ပြီး အဲဒီ နောက်ချေး ကို နောက်ထပ် နောက်ထပ် နောက်ချေး တွေထပ် မံ ပြီး အလုံးကြီး ဖြစ်အောင်လုပ်( တင်းနစ်ဘော့လုံး လောက်ရှိပါတယ်) .. ကျင်းထဲထည့် ထားတာ .. အကောင်လေးပေါက်လာတော့ အကောင်လေးက အတွင်းက နောက်ချေး ကို စားပြီး ဖြေးဖြေး ကြီးလာတာပါ။ အီကုတ် တကျင်းတူး ရင် ၁၀ လုံး ကနေ ၂၀လုံး လောက် အထိရတတ်ပါတယ်။ Field ဆင်းတုံးက အတူပါတဲ့ ရခိုင်က တယောက် အီကုတ် ကို ဒီတိုင်း အရှင်ကြီး ပါးစပ် ထဲထည့်ပြီးစားတာ တွေ့ ဘူးတယ်။

မြက်မန်းဥ ဆိုတာက ပုရွက်ဆိပ် တမျိုး ရဲ့ ဥသေးသေး လေးတွေပါ တကျင်းတွေ့ ရင် ပုလိုင်း တ၀က်ကျော် ရတတ်ပြီး ပြန်ပြုပ်လိုက် ပြီးမှ ဈေးထဲ မှာ ၀ါးကပ်ထုတ်လေးတွေ နဲ့ ရောင်းပါတယ်၊ ဈေးနေ့  ညနေဆိုရင် ငါးဖိန်းချက်၊ ပဲပုပ်စေ့ကြော်၊ မြက်မန်းဥသုတ် အားပါးပါး တကယ် ထမင်းမြိန်တာပါ။

နေရာဒေသ လိုက်ပြီး အစားအသောက် ဓလေ့ ပုံစံ တွေ ကွာသွားကြ ပါတယ်။

ကမ္ဘာတလွှား ဆန်းဆန်းပြားပြား ထူးထူးဆန်းဆန်း တွေ စားကြတာ တီဗီ အစီအစဉ်တွေမှာ ရိုက်ပြထားတာတွေလည်း အများကြီး ကြည့်ခဲ့ဘူးပြီးပါပြီ။ တလောလေးတုံးက ဥရောပ (အီတလီ ထင်ပါတယ်) နိုင်ငံတခုမှာ တီကောင်တွေ ဖွယ်ဖွယ်ရာရာ ချက်ပြုတ် ပြင်ဆင်ပြီး ပါတီ တခုမှာကျွေးတာ ကြည့်လိုက်ရသေးတယ်။




One important point is that while there are poisonous plants (never eat a wild mushroom), all living animals are safe to eat. ဆိုဘဲ ....

ဆုံဘူးတဲ့ ရဲဘော်တယောက် ပြောပြဘူး ပါတယ်။ အခြေအနေ ပေးရင် ရိုးမတက်ပြီး ကြွက် ပစ်တယ်တဲ့ .. အဆန်းပါလား ဆိုတော့ .. စကားဝှက် နဲ့  ကြွက် ဆိုတာ ဆင်ကို ခေါ်တာတဲ့ .. အစွယ်ဈေးကောင်း တယ်ဆိုတာကိုး .. အော်တိုမက်တစ် ရိုင်ဖယ်တွေ နဲ့  ဆိုတော့ ဆင့် အဘ လည်းလာထားဘဲ .. ရိုင်ဖယ် .. မိုင်နှစ်ဆယ်.. တိုင်ကွယ်.. နေတောင် မရဘူး တဲ့..
အဲလို သတ်ပြီး အစွယ်ဖြတ် သွားတဲ့ ဆင်သေတကောင် .. တောထဲ မှာ တွေ့ ဘူးတယ် .. အလုပ်သမားတွေ ကတော့ စားဘို့  အသားတွေယူကြ ပါတယ် .. မစားရဲ လို့ မစားခဲ့ဘူးပါ။

တဖက် က စားလို့ ရတာ အကုန်စား အင်းဆက်တွေ တီ ကောင် တွေတောင် စားလာကြသလို တဖက် ကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် အသားစား လျှော့ဘို့  တနင်္လာတရက် အသားမစားနေ့  လုပ်ကြဘို့ ဆော်သြလာ ကြတယ်။
ဆိုင်မဆိုင်တော့ မသိပါ ..  ဒီဘက်ခေတ် လူတွေသိသိသာသာ ၀ လာကြ တာ မွေးမြူရေး ကြက် ၀က် တွေ ကို ကျွေး/ထိုး တဲ့ အသားတိုးဆေးတွေရဲ့  ဓါတ်ကြွင်း တွေကလည်း တနည်းနည်း ပတ်သက် နေ မယ်လို့  ထင်ပါတယ် ။ တခါတခါ ရမ်းချတာလည်း တည့်တည့်ကျတတ်တာမို့ ...း))
ဆေးထိုးရင် အတောင်ပံ မှာထိုးတာများလို့ ကြက်တောင်ပံ လျှော့စား လို့ လည်းပြောကြပါသေးတယ်။

တခါကလည်း  .. ကျနော်တို့ ဆီမှာ နွားတကောင် ကို ဂေါ်ဖီထုပ် အခွံတွေ ကျွေးလိုက်တာ နွားကြီး ဘိုင်းကနဲ လဲသေ သွားတာ မြင်ဘူးခဲ့ပါတယ်။ ပိုးသတ်ဆေး ဖျန်းပြီးစ ဂေါ်ဖီထုပ် ဖြစ်မှာပါ။ နောက်ပြီး ပန်းဂေါ်ဖီ ဆိုတာလည်း အင်မတန် ပိုးကျတတ်တာ မို့  ပိုးသတ်ဆေး မကြာမကြာ ဖျန်းတတ်ကြပါတယ်... ရေကြာကြာဆေးကြ ပေါ့ဗျာ.. Green House နဲ့ စိုက်တာ တို့  Organic Farming ကတို့ ကိုတော့ မဆိုလိုပါ...
ကျနော်တို့  ရွာမှာက တိတိကျကျ စစ်ဆေးတာ မျိုး .. အရေးယူတာမျိုး မရှိတာ မို့  စိုက်ပျိုးတဲ့ သူတွေ အချို့ ကတော့ သီးနှံ ဖြစ်ထွန်းရေး ဈေးကောင်းရရေး ကိုဘဲ .. ပိုဦးတည်မှာပါ .. အသိ ပညာပေးတာတွေ နဲ့ ဝေး နေကြသူ တွေ ပိုးသတ်ဆေး အသုံးပြုနည်း အားနည်းနေကြသူတွေ .. ကိုယ်ကျိုး တခုဘဲ ကြည့်သူတွေ ပေါ့။

သက်သတ်လွတ် စား တဲ့ လူတွေ များလာနေပေမဲ့ ကျနော့်မှာ စိတ်ကူးဘဲ ရှိပြီး အကောင်ထည်တော့ မဖော်နိုင်သေးပါ ..အသား စားတာ(နည်းနည်း) လျှော့နေပါတယ်၊ Meat-reducer တောင် မဟုတ်သေး ပါဘူး။




သက်သတ်လွတ် စားတာ ကို လည်းဒီလိုအဆင့်ဆင့်  ခွဲထားကြ သေးတယ်တဲ့ ...

(VEGGIE VOCAB) )

- Vegetarian
Someone who does not eat meat or fish

- Vegan
A strict vegetarian who doesn't eat any animal products at all, including egg and dairy food

-Meat-reducer
Someone who cuts down on meat intake

- Flexitarian
Someone who is usually vegetarian, but may eat meat occasionally

စားလို့ ရတာ အကုန်စိုက် 
စိုက်လို့ ရတာတော့ အကုန် မစား လေ နဲ့  ..
ကြက်ဆူတွေ သွားစားရင် ပန်း ကမ္ဘာ လေး ထဲရောက်သွား မှာပေါ့ ... :0)

mks

Friday, February 12, 2010

ဘိလပ်ရည်

ဘိလပ်ရည် ကို ကျနော် သိပ်ကြိုက်ပါတယ်၊ ငယ်ငယ်တုံးက သောက်ခဲ့တဲ့ ကျနော်တို့ မြို့ က ဒေါ်နန်းဗွေ ဘိလပ်ရည် စက်က ထုတ်တဲ့ တမတ်တန်ဘိလပ်ရည် ပုလင်းလေးတွေ မှတ်မိနေပါသေးတယ်။ ပုလင်းမှာ သီးသန့်  အဖုန်းရယ်လို့ မရှိဘဲ ပုလင်းရဲ့ လည်တိုင် မှာ ဖန်ဂေါ်လီလုံးလေး တလုံး (Valve လို) အောက်ကGas ပင့်အားနဲ့  ပိတ်နေပြီး ဖွင့် သောက်တဲ့ အခါမှ အဲဒီ ဂေါ်လီလေး ကိုအောက်ဖိချလိုက်ရ တာ..နောက်ပိုင်း တော့ဘယ်မှာမှ မတွေ့ ရ တော့ဘူး ..
                                                     
  
                                                ဒီပုံထဲက ပုလင်း မျိုး ပါဘဲ

ငယ်ကတည်း က အချိုကြိုက် တဲ့ ကျနော် ဒေါ်နန်းဗွေ ဆိုင်ရှေ့ ရောက်ရင် အမေ့ လက်ဆွဲပြီး ဘိလပ်ရည် ၀ယ် ခိုင်း တတ်တာမို့  ကျနော် ပါရင် အမေ အဲဒီဆိုင်ရှေ့  ကို ရှောင်ပြီးသွားပါသတဲ့။

ဟိုတုန်းကတော့ ဘိလပ် က လာတဲ့ လူတွေ ယူလာပြီး သောက်ကြလို့ ဘိလပ်ရေ ..ဆိုပြီးခေါ် တာထင်ပါ တယ်၊ကျနော်တို့ ရဲ့ နာမည်တွေ ကို မိဘတွေက ကင်ပွန်းတပ် မှည့်ခေါ်ထားကြတာသလိုမျိုး..တယောက်ယောက်က စခေါ်ခဲ့ မှာဘဲ ..
နာမည်အခေါ်အဝေါ်  တွေ ဘယ်လိုစဉ်းစားပြီး ပေးခဲ့ကြလည်း စိတ်ဝင်စားစရာပါ ... ဒါကတော့ ၀က်၊  ဒါကို သေတ္တာ ဟိုဥစ္စာတံမြက်စည်း .. စသည်ဖြင့် စသည်ဖြင့် ..( အများညီ “ ဤ” ကို “ကျွဲ ” ဖတ်လို့ ရ တယ် ဆိုသလိုမျိုး)

Pig meat ကို  pork, Cow(ox) meat ကို  beef ခေါ်ကြသလို Australia နိုင်ငံ ရဲ့  National Icon သားပိုက်ကောင်ရဲ့ အသား Kangaroo meat ကိုတော့ australus ဆိုပြီး ကင်ပွန်းတပ်ထားကြောင်း ဖတ်လိုက်ရပါတယ်၊
ကျနော် ကတော့ ခုမှသိတာပါ .. သူများ နောက်ကချည့်ပါဘဲ။

အဲ ဘိလပ်ရည် ဆိုတော့လည်း ဘိလပ်ရည် ပေါ့နော ..
ဘိလပ်ရည် နဲ့ ပါတ်သက်လို့  စင်္ကာပူက ဖရီး ဝေတဲ့ Today သတင်းစာမှာ ရေးထားတဲ့ ...     

လေ့လာတွေ့ ရှိချက် တွေအရ အစီရင်ခံစာတစောင်မှာ ...တပါတ်ကို ဘိလပ်ရည် ( Sugared soft drinks) သံဘူး ၂ဘူး ထက် ပိုမသောက်သင့် ပါဘူးတဲ့၊  .. ပိုသောက်ရင်  ပန်ခရိယကင်ဆာ ဖြစ်နိုင်ခြေ အခွင့်လမ်း ၈၇% ပိုပါတယ်တဲ့၊ ဒါပေမဲ့  Fruit Juice တွေ သောက်သုံး ခြင်းနဲ့  ပန်ခရိယကင်ဆာ တို့ အကြား ဆက်နွယ်နေမူ့ တော့ မတွေ့ ရဘူးဆိုပါတယ်၊
ကင်ဆာရောဂါ ဆိုင်ရာ ပါရဂူ တဦးကတော့ ဘိလပ်ရည် နဲ့  အဲဒီလို ဆက်နွယ်နေတယ် လို့ ပြောဘို့ စောသေးတယ်တဲ့ဗျ။
ကြိုက်လို့ သောက်နေပေမဲ့ ဆီးချို ဖြစ်မယ်လောက် ကြားခဲ့ဘူး တာကိုး ... ပန်ခရိယကင်ဆာ ဆိုတော့ နဲနဲတော့ ပို ဖြုံ သွားတယ်ဗျ။ ... သို့ ပေသော်လည်း ...
စင်္ကာပူ ကင်ဆာဌာန တခုက .. ဆေးပညာညွန်ကြားရေးမှူး ဆရာဝန်ကြီးတဦးပြောလိုက်တဲ့ စကား ကိုဘဲ ငှားသုံး ပြီးပြောပါရစေ ...

“ ကျနော် တပါတ် ကို ဘိလပ်ရည် သံဘူး ၂ဘူးထက် ပို သောက်ပါတယ် .... ဒါပေမဲ့ ဒီအစီရင်ခံစာကြောင့် တော့ ကျနော့်ရဲ့ ဘိလပ်ရည် သောက်တဲ့ အကျင့်ကို ပြောင်းလိုက်ဘို့ တော့ မရှိပါဘူး”

mks

Sunday, February 7, 2010

Whatever Law, I have to follow

လွန်ခဲ့တဲ့ ၂နှစ် ၃နှစ် လောက်တုံးက  သြစတြေးလျ နိုင်ငံသား ဗီယက်နမ်လူမျိုး တယောက် ဘန်ကောက် ကလာပြီး သြစတြေးလျ ကို ခရီးဆက်ဖို့  လေဆိပ် မှာတထောက် နား နေတုံး  ကာစတန် တွေ က ဘိန်းဖြူ တွေ စစ်ဆေးတွေ့  လို့ ဆိုပြီး  ဖမ်း ပြီး သေဒါဏ် ပေး လိုက်တာ ကို ပြန်စဉ်းစားမိပါတယ်၊ စာရေးရင်တော့ သေဒါဏ်ချမှတ်တယ်ပေါ့ ပါးစပ် စကားပြောရင်တော့ ဖမ်းချုပ်ပြီး သတ်ပစ်လိုက်တယ် ပြောမှာပေါ့ ဒီနေရာမှာ ဒဲ့သွားပြောလို့ တော့ဘယ်ရမှာလည်း နော်။

ကျနော့် ဖာသာ ဟိုတွေးဒီတွေး တွေးမိ ခဲ့တာ တွေ ကို  “တော်တော် ထူ တဲ့ ငါ့ အတွေးအချော် တွေပါ လား” လို့ ကိုယ့်ကိုယ်ကို လည်းမြင်လာ ပါတယ်.. ထူ ဒူ တာတွေ ချရေး ကြည့်တာပါ .. အင်မတန် ညာဏ်နည်းတာဘဲ လို့  ပြောသွားလည်း လက်ခံ ပါ တယ်။ တဖက်သားရဲ့  အမြင်ဘဲ ..

အရက်သောက်ရင်.. နည်းရင် ရီတီတီ များရင်ဒေါင်ချာစိုင်း မူးမယ်
ဆေးခြောက် ....... မူးမယ် ကြောင်မယ်
ဘိန်း၊ ဘိန်းဖြူ ၊ ရာဘ
Codeine ပါတဲ့ ချောင်းဆိုးပျောက်ဆေးတွေ ( ငါး )
ကွမ်း.. ဆေးလိပ်
နောက် .. ပြောရရင်
တိုင် ပတ်ချာလည်ပြေးလည်း မူးတာဘဲ..

ရာဘ က လွဲလို့  အပေါ်က ရေးထားတဲ့ မူးယစ် စေတတ်တဲ့ အရာ အားလုံး သုံး ခဲ့ဘူးပါတယ်၊ ကျောင်းတက်တုံး က ဘိန်းဖြူ အစိတ်ဘိုး ဆိုရင် စက္ကူ ခေါက် လေးနဲ့ ထုတ်ထားတဲ့ အထုတ်သေးလေး တထုတ် ဒူးယားစီးကရက်ထဲ ၈-ကန့် လောက်ထည့်ရင် ၂-လိပ်စာ ရပါတယ်။ စီးကရက်ထဲကဗာဂျီးနီးယားဆေး တွေ ထုတ်လိုက်ပြီးတော့ ဆေးတကန့်  ဘိန်းဖြူ တကန့် ပြန်ထည့် ၊ နောက် မီးဖြေးဖြေးဘဲ လောင်အောင် အပေါ်စက္ကူသား ကို တံတွေး ဆွတ် ပြီး ရှူ ရှိုက် တာ ဟိုး အရင်တုံးက ပုံစံတွေပါ၊ ဒုတ်တင်တယ် ခေါ်တဲ့ ဆေးထိုးအပ် နဲ့  အကြောထဲ ထိုးတာတော့ မလုပ်ခဲ့ဘူးပါ။
ဆေးခြောက် ကတော့ ကျနော်တို့ မြို့ လေးမှာ အလေ့ကျတောင် ပေါက်တာပါ၊အပျော်ရှူခဲ့ဘူး ကြက်သားနဲ့ ချက်စားခဲ့ဘူးပါတယ်။ ဆေးခြောက် ကို အရင်တုံးက ဘန်းစကားက ဆရာကြီး တဲ့ ....

လူငယ်ဘ၀ စမ်းသပ် ခဲ့ဘူးပေမဲ့ အဲဒီ မူးယစ်နေတဲ့ ဖီလင်ကို မကြိုက်ခဲ့လို့  မစွဲ ခဲ့ပါဘူး။

အပေါ်က အကြောင်းလေးပြန်ဆက်ပါရစေ .. အဲဒီ ဗီယက်နမ်နွယ်ဖွား သြစတေးလျ နိုင်ငံသား ဟာ ဘယ်လို ရည်ရွယ်ချက် နဲ့  ဘိန်းဖြူ တွေ ယူလာတယ် ဆိုတာတော့ ကျနော် မဖတ်မိ မမှတ်မိပါ၊ အဲတုန်း က သြစီ ၀န်ကြီးချုပ် လည်း သေဒါဏ် မချ ဘို့ ကို မေတ္တာ ရပ်ခံ ပေး သေးပေမဲ့ မအောင်မြင်ခဲ့ပါ .. သေဒါဏ်ပေး (သတ်ပစ်) လိုက်ပါတယ်။

သူ မသေချင် လည်း မရပါဘူး ..

လူသားမျိုးနွယ် တရပ်လုံး ကို ခြိမ်းခြောက် နေတဲ့ ဘိန်းဖြူ ဆိုပြီး ဖတ်ခဲ့ဘူးတယ် .. ဘွင်းဘွင်း ပြောရရင် အဲဒါ ကြောင်တောင်တောင် ကြီး လိုဘဲ ..

ဒီဘိန်းဖြူ ( ကိုကိန်း ဆေးခြောက် စသည် စသည် အပါအ၀င်) မူးယစ်ဆေးတွေ ကို မိမိ ကိုယ်တိုင် နှစ်သက်လို့  သုံးစွဲရင် လည်း အဖမ်း ခံ ရ .. အသတ်ခံရ ၊ တကမ္ဘာ လုံးက ဥပဒေ တွေ က အားလုံးနီးနီး အတူတူ တွေ ချမှတ်ထားတာ ဆိုတော့ လည်း..

တလောက သတင်းတွေမှာ ဖောက်ခွဲရေးပစ္စည်းတွေ လက်နက် ဗုန်း သေနတ် ဒုန်းကျည်တွေ တန်ချိန် ၃၅ တန် ပါ မြောက်ကိုးရီးယား ကလာတဲ့ ကုန်တင်လေယာဉ် တစီး ဘန်ကောက်လေဆိပ် မှာ လေယာဉ်ဆီ ဖြည့်ဘို့  တထောက်ဝင် နားတာ လက်နက် တွေ တွေ့ ပြီး အဖမ်းခံရပါတယ် ..နောက်တော့ သယ်လာတဲ့ လေယာဉ် အမူ့ ထမ်း ၅ ယောက် ကို အရေးမယူ ဘဲ အပြစ်လွတ်မယ် ဆိုပြီး ဖတ်ရပါတယ်။

ဒီလက်နက် ၃၅တန် ဟာ လူဘယ်နှစ်ယောက် ကို သေစေနိုင်ပါလည်း ...
ပြီးခဲ့တဲ့ ဘိန်းဖြူ သယ်လာတဲ့ သူ နဲ့  ကျနော် နှိုင်းယှဉ်ကြည့်မိပါတယ်။

ကျနော့ဥာဏ် တထွာတမိုက်နဲ့  .. ရီစရာ ဖြစ်နေရော့မယ်...

ဒီ အဖြစ်အပျက် လေး တခု ကို လည်း ဖတ်ကြည့် ပါဦး -----

တခါတုံး က တရားရုံး တခု ၌ .. ပြည့်တန်ဆာမူ့ တခုကို စီရင် ရာတွင် ..

တရားသူကြီးက “ မယ်မင်း သည် အခကြေးငွေယူ ပြီး မိမိကိုယ် ကို ရင်းနှီး ပျော်ပါးနေ စဉ် ဖမ်းဆီးရမိ သောကြောင့် အပြစ်ဒါဏ်ချမှတ်ရန်အတွက် အပြစ်ရှိ ကြောင်းဝန်ခံပါ ” ဟု ဆိုလိုက်ရာ..

ပြည့်တန်ဆာ လုပ်ကိုင်စားသူ အမျိုးသမီး မှ ..“ အပြစ်ရှိ ပါတယ်ရှင် .. အပြစ်ရှိပါတယ် .. အရင်ကတော့ ကျမ အမေ မွေးကတည်း ကပါတဲ့ ပစ္စည်း ကျမ ပိုင်တယ် ထင်လို့  xါသည် လုပ်စားတာပါ၊ အခုမှ ကျမ ပစ္စည်း ကျမ မပိုင်ဘဲ အစိုးရ က ပိုင်တာ သိရပါတယ် ဒါကြောင့် အပြစ် ရှိပါတယ် ရှင် ” ပြောလိုက်ပါသတဲ့... ( စကားလုံးအသုံးနှုန်းတွေ အတွက် ဆောရီးပါ)

ဂွတော့ကျပါတယ် ... ဘာဘဲဖြစ်ဖြစ် “Whatever Law, I have to follow.”

(ကျနော့ ရဲ့  ဟိုဟိုဒီဒီ မျှသာပါ .. ဘိန်းဖြူ မူးယစ်ဆေးသမားတွေ ကို ထောက်ခံ/ကန့် ကွက်သူတယောက်တော့ မဟုတ်ပါ ခင်ဗျား)
ကျနော့် မဒမ် ကတော့ Draft ဖတ်ပြီး ရှူံ့ ချသွားပါတယ်။