Thursday, February 18, 2010

အာဟာရ သည် ရုပ်ကို ဆောင်၏

ကျနော် တို့ ဒေသ ဘက်မှာ ထူးထူးဆန်းဆန်း စားကြတာ ဆိုလို့  ( ဒေသခံတွေ အတွက်ကတော့ မထူးဆန်းပါ ) အီကုတ် ဆိုတာရယ် ၊ မြက်မန်းဥ ဆိုတာရယ်ပါ။
နွေ ရာသီစာတွေပါ။
အီကုတ် ကတော့ သိကြပါတယ် .. နောက်ချေးပိုး ( Beatle )ကောင် က သူ့ ဥကို နောက်ချေး ထဲ ထည့်ပြီး အဲဒီ နောက်ချေး ကို နောက်ထပ် နောက်ထပ် နောက်ချေး တွေထပ် မံ ပြီး အလုံးကြီး ဖြစ်အောင်လုပ်( တင်းနစ်ဘော့လုံး လောက်ရှိပါတယ်) .. ကျင်းထဲထည့် ထားတာ .. အကောင်လေးပေါက်လာတော့ အကောင်လေးက အတွင်းက နောက်ချေး ကို စားပြီး ဖြေးဖြေး ကြီးလာတာပါ။ အီကုတ် တကျင်းတူး ရင် ၁၀ လုံး ကနေ ၂၀လုံး လောက် အထိရတတ်ပါတယ်။ Field ဆင်းတုံးက အတူပါတဲ့ ရခိုင်က တယောက် အီကုတ် ကို ဒီတိုင်း အရှင်ကြီး ပါးစပ် ထဲထည့်ပြီးစားတာ တွေ့ ဘူးတယ်။

မြက်မန်းဥ ဆိုတာက ပုရွက်ဆိပ် တမျိုး ရဲ့ ဥသေးသေး လေးတွေပါ တကျင်းတွေ့ ရင် ပုလိုင်း တ၀က်ကျော် ရတတ်ပြီး ပြန်ပြုပ်လိုက် ပြီးမှ ဈေးထဲ မှာ ၀ါးကပ်ထုတ်လေးတွေ နဲ့ ရောင်းပါတယ်၊ ဈေးနေ့  ညနေဆိုရင် ငါးဖိန်းချက်၊ ပဲပုပ်စေ့ကြော်၊ မြက်မန်းဥသုတ် အားပါးပါး တကယ် ထမင်းမြိန်တာပါ။

နေရာဒေသ လိုက်ပြီး အစားအသောက် ဓလေ့ ပုံစံ တွေ ကွာသွားကြ ပါတယ်။

ကမ္ဘာတလွှား ဆန်းဆန်းပြားပြား ထူးထူးဆန်းဆန်း တွေ စားကြတာ တီဗီ အစီအစဉ်တွေမှာ ရိုက်ပြထားတာတွေလည်း အများကြီး ကြည့်ခဲ့ဘူးပြီးပါပြီ။ တလောလေးတုံးက ဥရောပ (အီတလီ ထင်ပါတယ်) နိုင်ငံတခုမှာ တီကောင်တွေ ဖွယ်ဖွယ်ရာရာ ချက်ပြုတ် ပြင်ဆင်ပြီး ပါတီ တခုမှာကျွေးတာ ကြည့်လိုက်ရသေးတယ်။




One important point is that while there are poisonous plants (never eat a wild mushroom), all living animals are safe to eat. ဆိုဘဲ ....

ဆုံဘူးတဲ့ ရဲဘော်တယောက် ပြောပြဘူး ပါတယ်။ အခြေအနေ ပေးရင် ရိုးမတက်ပြီး ကြွက် ပစ်တယ်တဲ့ .. အဆန်းပါလား ဆိုတော့ .. စကားဝှက် နဲ့  ကြွက် ဆိုတာ ဆင်ကို ခေါ်တာတဲ့ .. အစွယ်ဈေးကောင်း တယ်ဆိုတာကိုး .. အော်တိုမက်တစ် ရိုင်ဖယ်တွေ နဲ့  ဆိုတော့ ဆင့် အဘ လည်းလာထားဘဲ .. ရိုင်ဖယ် .. မိုင်နှစ်ဆယ်.. တိုင်ကွယ်.. နေတောင် မရဘူး တဲ့..
အဲလို သတ်ပြီး အစွယ်ဖြတ် သွားတဲ့ ဆင်သေတကောင် .. တောထဲ မှာ တွေ့ ဘူးတယ် .. အလုပ်သမားတွေ ကတော့ စားဘို့  အသားတွေယူကြ ပါတယ် .. မစားရဲ လို့ မစားခဲ့ဘူးပါ။

တဖက် က စားလို့ ရတာ အကုန်စား အင်းဆက်တွေ တီ ကောင် တွေတောင် စားလာကြသလို တဖက် ကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် အသားစား လျှော့ဘို့  တနင်္လာတရက် အသားမစားနေ့  လုပ်ကြဘို့ ဆော်သြလာ ကြတယ်။
ဆိုင်မဆိုင်တော့ မသိပါ ..  ဒီဘက်ခေတ် လူတွေသိသိသာသာ ၀ လာကြ တာ မွေးမြူရေး ကြက် ၀က် တွေ ကို ကျွေး/ထိုး တဲ့ အသားတိုးဆေးတွေရဲ့  ဓါတ်ကြွင်း တွေကလည်း တနည်းနည်း ပတ်သက် နေ မယ်လို့  ထင်ပါတယ် ။ တခါတခါ ရမ်းချတာလည်း တည့်တည့်ကျတတ်တာမို့ ...း))
ဆေးထိုးရင် အတောင်ပံ မှာထိုးတာများလို့ ကြက်တောင်ပံ လျှော့စား လို့ လည်းပြောကြပါသေးတယ်။

တခါကလည်း  .. ကျနော်တို့ ဆီမှာ နွားတကောင် ကို ဂေါ်ဖီထုပ် အခွံတွေ ကျွေးလိုက်တာ နွားကြီး ဘိုင်းကနဲ လဲသေ သွားတာ မြင်ဘူးခဲ့ပါတယ်။ ပိုးသတ်ဆေး ဖျန်းပြီးစ ဂေါ်ဖီထုပ် ဖြစ်မှာပါ။ နောက်ပြီး ပန်းဂေါ်ဖီ ဆိုတာလည်း အင်မတန် ပိုးကျတတ်တာ မို့  ပိုးသတ်ဆေး မကြာမကြာ ဖျန်းတတ်ကြပါတယ်... ရေကြာကြာဆေးကြ ပေါ့ဗျာ.. Green House နဲ့ စိုက်တာ တို့  Organic Farming ကတို့ ကိုတော့ မဆိုလိုပါ...
ကျနော်တို့  ရွာမှာက တိတိကျကျ စစ်ဆေးတာ မျိုး .. အရေးယူတာမျိုး မရှိတာ မို့  စိုက်ပျိုးတဲ့ သူတွေ အချို့ ကတော့ သီးနှံ ဖြစ်ထွန်းရေး ဈေးကောင်းရရေး ကိုဘဲ .. ပိုဦးတည်မှာပါ .. အသိ ပညာပေးတာတွေ နဲ့ ဝေး နေကြသူ တွေ ပိုးသတ်ဆေး အသုံးပြုနည်း အားနည်းနေကြသူတွေ .. ကိုယ်ကျိုး တခုဘဲ ကြည့်သူတွေ ပေါ့။

သက်သတ်လွတ် စား တဲ့ လူတွေ များလာနေပေမဲ့ ကျနော့်မှာ စိတ်ကူးဘဲ ရှိပြီး အကောင်ထည်တော့ မဖော်နိုင်သေးပါ ..အသား စားတာ(နည်းနည်း) လျှော့နေပါတယ်၊ Meat-reducer တောင် မဟုတ်သေး ပါဘူး။




သက်သတ်လွတ် စားတာ ကို လည်းဒီလိုအဆင့်ဆင့်  ခွဲထားကြ သေးတယ်တဲ့ ...

(VEGGIE VOCAB) )

- Vegetarian
Someone who does not eat meat or fish

- Vegan
A strict vegetarian who doesn't eat any animal products at all, including egg and dairy food

-Meat-reducer
Someone who cuts down on meat intake

- Flexitarian
Someone who is usually vegetarian, but may eat meat occasionally

စားလို့ ရတာ အကုန်စိုက် 
စိုက်လို့ ရတာတော့ အကုန် မစား လေ နဲ့  ..
ကြက်ဆူတွေ သွားစားရင် ပန်း ကမ္ဘာ လေး ထဲရောက်သွား မှာပေါ့ ... :0)

mks

2 comments:

ရွှေရတုမှတ်တမ်း said...

ကြက်ကိုတော့ တောင်ပံမစားဘူး...ပေါင်ခြံပဲ..အဟဲ..
ဒို့ဆီမှာတော့ ဘတ်ဖဲလိုးမြို့ကတောင်ပံကျော်(Bufflo Wings) ကတော့နာမည်ကြီးတယ်

kay said...

ခေတ်ကတော့.. ပြောကြသလို..ခေတ်ကိုသယ်တဲ့လူတွေက..သိပ်ကို ဆန်းကြယ် နားလည် လည်ပတ်..လူလည် ကျကုန်တော့..အသားစားလဲ မထူး..ဗက်ဂျီစားလဲ မထူးတော့ပါဘူးလေ..

တလောက.. အိမ်ပြန်တော့..အနားက ရွာက.. အသိ တောင်သူ တယောက်က ပြောတယ်..သူတို့ခြံထဲက..စိုက်တဲ့ ဟာတွေ..သူတို့ မစားဘူးတဲ့.. ( ဘုရားရေ လို့... တောသူတောင်သား တွေနော်..ဒါတောင်..)

အဲဒီတော့..ဘယ်လို လုပ်ရမတုန်းလေ..း)
ဘာမှမစားပဲ အသက်ရှင်တဲ့ နည်းပညာ ပေါ်လာရင်တော့ မသိဘူး..