Friday, February 12, 2010

ဘိလပ်ရည်

ဘိလပ်ရည် ကို ကျနော် သိပ်ကြိုက်ပါတယ်၊ ငယ်ငယ်တုံးက သောက်ခဲ့တဲ့ ကျနော်တို့ မြို့ က ဒေါ်နန်းဗွေ ဘိလပ်ရည် စက်က ထုတ်တဲ့ တမတ်တန်ဘိလပ်ရည် ပုလင်းလေးတွေ မှတ်မိနေပါသေးတယ်။ ပုလင်းမှာ သီးသန့်  အဖုန်းရယ်လို့ မရှိဘဲ ပုလင်းရဲ့ လည်တိုင် မှာ ဖန်ဂေါ်လီလုံးလေး တလုံး (Valve လို) အောက်ကGas ပင့်အားနဲ့  ပိတ်နေပြီး ဖွင့် သောက်တဲ့ အခါမှ အဲဒီ ဂေါ်လီလေး ကိုအောက်ဖိချလိုက်ရ တာ..နောက်ပိုင်း တော့ဘယ်မှာမှ မတွေ့ ရ တော့ဘူး ..
                                                     
  
                                                ဒီပုံထဲက ပုလင်း မျိုး ပါဘဲ

ငယ်ကတည်း က အချိုကြိုက် တဲ့ ကျနော် ဒေါ်နန်းဗွေ ဆိုင်ရှေ့ ရောက်ရင် အမေ့ လက်ဆွဲပြီး ဘိလပ်ရည် ၀ယ် ခိုင်း တတ်တာမို့  ကျနော် ပါရင် အမေ အဲဒီဆိုင်ရှေ့  ကို ရှောင်ပြီးသွားပါသတဲ့။

ဟိုတုန်းကတော့ ဘိလပ် က လာတဲ့ လူတွေ ယူလာပြီး သောက်ကြလို့ ဘိလပ်ရေ ..ဆိုပြီးခေါ် တာထင်ပါ တယ်၊ကျနော်တို့ ရဲ့ နာမည်တွေ ကို မိဘတွေက ကင်ပွန်းတပ် မှည့်ခေါ်ထားကြတာသလိုမျိုး..တယောက်ယောက်က စခေါ်ခဲ့ မှာဘဲ ..
နာမည်အခေါ်အဝေါ်  တွေ ဘယ်လိုစဉ်းစားပြီး ပေးခဲ့ကြလည်း စိတ်ဝင်စားစရာပါ ... ဒါကတော့ ၀က်၊  ဒါကို သေတ္တာ ဟိုဥစ္စာတံမြက်စည်း .. စသည်ဖြင့် စသည်ဖြင့် ..( အများညီ “ ဤ” ကို “ကျွဲ ” ဖတ်လို့ ရ တယ် ဆိုသလိုမျိုး)

Pig meat ကို  pork, Cow(ox) meat ကို  beef ခေါ်ကြသလို Australia နိုင်ငံ ရဲ့  National Icon သားပိုက်ကောင်ရဲ့ အသား Kangaroo meat ကိုတော့ australus ဆိုပြီး ကင်ပွန်းတပ်ထားကြောင်း ဖတ်လိုက်ရပါတယ်၊
ကျနော် ကတော့ ခုမှသိတာပါ .. သူများ နောက်ကချည့်ပါဘဲ။

အဲ ဘိလပ်ရည် ဆိုတော့လည်း ဘိလပ်ရည် ပေါ့နော ..
ဘိလပ်ရည် နဲ့ ပါတ်သက်လို့  စင်္ကာပူက ဖရီး ဝေတဲ့ Today သတင်းစာမှာ ရေးထားတဲ့ ...     

လေ့လာတွေ့ ရှိချက် တွေအရ အစီရင်ခံစာတစောင်မှာ ...တပါတ်ကို ဘိလပ်ရည် ( Sugared soft drinks) သံဘူး ၂ဘူး ထက် ပိုမသောက်သင့် ပါဘူးတဲ့၊  .. ပိုသောက်ရင်  ပန်ခရိယကင်ဆာ ဖြစ်နိုင်ခြေ အခွင့်လမ်း ၈၇% ပိုပါတယ်တဲ့၊ ဒါပေမဲ့  Fruit Juice တွေ သောက်သုံး ခြင်းနဲ့  ပန်ခရိယကင်ဆာ တို့ အကြား ဆက်နွယ်နေမူ့ တော့ မတွေ့ ရဘူးဆိုပါတယ်၊
ကင်ဆာရောဂါ ဆိုင်ရာ ပါရဂူ တဦးကတော့ ဘိလပ်ရည် နဲ့  အဲဒီလို ဆက်နွယ်နေတယ် လို့ ပြောဘို့ စောသေးတယ်တဲ့ဗျ။
ကြိုက်လို့ သောက်နေပေမဲ့ ဆီးချို ဖြစ်မယ်လောက် ကြားခဲ့ဘူး တာကိုး ... ပန်ခရိယကင်ဆာ ဆိုတော့ နဲနဲတော့ ပို ဖြုံ သွားတယ်ဗျ။ ... သို့ ပေသော်လည်း ...
စင်္ကာပူ ကင်ဆာဌာန တခုက .. ဆေးပညာညွန်ကြားရေးမှူး ဆရာဝန်ကြီးတဦးပြောလိုက်တဲ့ စကား ကိုဘဲ ငှားသုံး ပြီးပြောပါရစေ ...

“ ကျနော် တပါတ် ကို ဘိလပ်ရည် သံဘူး ၂ဘူးထက် ပို သောက်ပါတယ် .... ဒါပေမဲ့ ဒီအစီရင်ခံစာကြောင့် တော့ ကျနော့်ရဲ့ ဘိလပ်ရည် သောက်တဲ့ အကျင့်ကို ပြောင်းလိုက်ဘို့ တော့ မရှိပါဘူး”

mks

5 comments:

kay said...

Kangaroo meat ကိုတော့ australus ဆိုပြီး ကင်ပွန်းတပ်ထားကြောင်း ဖတ်လိုက်ရပါတယ်၊
ကျနော် ကတော့ ခုမှသိတာပါ .. သူများ နောက်ကချည့်ပါဘဲ။

ဒါဆိုရင်..ကျမတော့..ဘိတ်နောက်က ဖြစ်နေပါပီကော..
အခု မှ သိတယ် ရော..း)

ရွှေရတုမှတ်တမ်း said...

ငါကတော့ အသားစားလို့ရမှန်းတောင်ခုမှသိတယ်..
ဒါဆိုငါက victoria point ကပေါ့

mks said...

မကေ ရေ.. ရေးထားတာက ဒီလိုပါ ..

In 2005, The Trade magazine Food Companion International ran a global competition for suggestions on what to call Kangaroo meat. The magazine received more than 2,700 entries from more than 40 nations. The winner was something more taxonomic: kangaroo for consumption would be known as australus. တဲ့

mks said...

ကိုကျောက် .. Victoria Point ကို မြန်မာ လို ပြောင်းလိုက်တယ်တဲ့ ဘုရင့်နောင် အငူ ဆိုလားဘဲ ..
ရွှေကျွန်း ဆင်းတုံး က ကော့သောင်မှာ ဒို့  ၄ယောက် လဖက်သုတ် တပွဲ မှာပြီး ရေနွေး ၂အိုး ၃ အိုး တောင်း သောက် တာ ဒါ ကော့သောင် နော် ကော့သောင် ရေတစည် တဆယ် ဆိုလို့  ဘရိတ်အုပ်လိုက်ရတာ ပြန် သတိရတယ်

kay said...

ဟုတ်ကဲ့.. ကျမ မသိတာက.. အဲဒီ အသားကို တခါမှ မစား တော့ စိတ်မ၀င်စား သလို ဖြစ်နေတာ..။ဈေးမှာ တော့ ရောင်းတယ်.. လူ တွေ သိပ်မကြိုက်ကြဘူး။ မဲတဲတဲ အရောင်ကြီးနဲ့...။

သေချာတာတော့.. အဝေးပြေးလမ်းမတွေ ပေါ်.. ညဖက် ကားမောင်းရင်..ဒင်းတို့ကို အရမ်း သတိ ထားရတယ်။ တခါတည်း ဆယ်ပြန်လောက် ကျွမ်းပြစ်သွားနိုင်တယ်။ တခါ တုန်းက..သူများ အောင်း ပြစ်ခဲ့တဲ့..အကောင် တကောင်ပေါ် ဖြတ်မောင်းမိတာ.. ကားကို ဆယ်ခါလောက် ဆေးမှ..အနံ့ ပျောက်သွားတယ်။

ကိုရွှေ ကန်းဂဒူး များ .. အော်စီ တိုက်ကြီးကို သိမ်းပိုက် နေထိုင်ကြတာကအီသို့ အီပုံ..း)