Sunday, February 7, 2010

Whatever Law, I have to follow

လွန်ခဲ့တဲ့ ၂နှစ် ၃နှစ် လောက်တုံးက  သြစတြေးလျ နိုင်ငံသား ဗီယက်နမ်လူမျိုး တယောက် ဘန်ကောက် ကလာပြီး သြစတြေးလျ ကို ခရီးဆက်ဖို့  လေဆိပ် မှာတထောက် နား နေတုံး  ကာစတန် တွေ က ဘိန်းဖြူ တွေ စစ်ဆေးတွေ့  လို့ ဆိုပြီး  ဖမ်း ပြီး သေဒါဏ် ပေး လိုက်တာ ကို ပြန်စဉ်းစားမိပါတယ်၊ စာရေးရင်တော့ သေဒါဏ်ချမှတ်တယ်ပေါ့ ပါးစပ် စကားပြောရင်တော့ ဖမ်းချုပ်ပြီး သတ်ပစ်လိုက်တယ် ပြောမှာပေါ့ ဒီနေရာမှာ ဒဲ့သွားပြောလို့ တော့ဘယ်ရမှာလည်း နော်။

ကျနော့် ဖာသာ ဟိုတွေးဒီတွေး တွေးမိ ခဲ့တာ တွေ ကို  “တော်တော် ထူ တဲ့ ငါ့ အတွေးအချော် တွေပါ လား” လို့ ကိုယ့်ကိုယ်ကို လည်းမြင်လာ ပါတယ်.. ထူ ဒူ တာတွေ ချရေး ကြည့်တာပါ .. အင်မတန် ညာဏ်နည်းတာဘဲ လို့  ပြောသွားလည်း လက်ခံ ပါ တယ်။ တဖက်သားရဲ့  အမြင်ဘဲ ..

အရက်သောက်ရင်.. နည်းရင် ရီတီတီ များရင်ဒေါင်ချာစိုင်း မူးမယ်
ဆေးခြောက် ....... မူးမယ် ကြောင်မယ်
ဘိန်း၊ ဘိန်းဖြူ ၊ ရာဘ
Codeine ပါတဲ့ ချောင်းဆိုးပျောက်ဆေးတွေ ( ငါး )
ကွမ်း.. ဆေးလိပ်
နောက် .. ပြောရရင်
တိုင် ပတ်ချာလည်ပြေးလည်း မူးတာဘဲ..

ရာဘ က လွဲလို့  အပေါ်က ရေးထားတဲ့ မူးယစ် စေတတ်တဲ့ အရာ အားလုံး သုံး ခဲ့ဘူးပါတယ်၊ ကျောင်းတက်တုံး က ဘိန်းဖြူ အစိတ်ဘိုး ဆိုရင် စက္ကူ ခေါက် လေးနဲ့ ထုတ်ထားတဲ့ အထုတ်သေးလေး တထုတ် ဒူးယားစီးကရက်ထဲ ၈-ကန့် လောက်ထည့်ရင် ၂-လိပ်စာ ရပါတယ်။ စီးကရက်ထဲကဗာဂျီးနီးယားဆေး တွေ ထုတ်လိုက်ပြီးတော့ ဆေးတကန့်  ဘိန်းဖြူ တကန့် ပြန်ထည့် ၊ နောက် မီးဖြေးဖြေးဘဲ လောင်အောင် အပေါ်စက္ကူသား ကို တံတွေး ဆွတ် ပြီး ရှူ ရှိုက် တာ ဟိုး အရင်တုံးက ပုံစံတွေပါ၊ ဒုတ်တင်တယ် ခေါ်တဲ့ ဆေးထိုးအပ် နဲ့  အကြောထဲ ထိုးတာတော့ မလုပ်ခဲ့ဘူးပါ။
ဆေးခြောက် ကတော့ ကျနော်တို့ မြို့ လေးမှာ အလေ့ကျတောင် ပေါက်တာပါ၊အပျော်ရှူခဲ့ဘူး ကြက်သားနဲ့ ချက်စားခဲ့ဘူးပါတယ်။ ဆေးခြောက် ကို အရင်တုံးက ဘန်းစကားက ဆရာကြီး တဲ့ ....

လူငယ်ဘ၀ စမ်းသပ် ခဲ့ဘူးပေမဲ့ အဲဒီ မူးယစ်နေတဲ့ ဖီလင်ကို မကြိုက်ခဲ့လို့  မစွဲ ခဲ့ပါဘူး။

အပေါ်က အကြောင်းလေးပြန်ဆက်ပါရစေ .. အဲဒီ ဗီယက်နမ်နွယ်ဖွား သြစတေးလျ နိုင်ငံသား ဟာ ဘယ်လို ရည်ရွယ်ချက် နဲ့  ဘိန်းဖြူ တွေ ယူလာတယ် ဆိုတာတော့ ကျနော် မဖတ်မိ မမှတ်မိပါ၊ အဲတုန်း က သြစီ ၀န်ကြီးချုပ် လည်း သေဒါဏ် မချ ဘို့ ကို မေတ္တာ ရပ်ခံ ပေး သေးပေမဲ့ မအောင်မြင်ခဲ့ပါ .. သေဒါဏ်ပေး (သတ်ပစ်) လိုက်ပါတယ်။

သူ မသေချင် လည်း မရပါဘူး ..

လူသားမျိုးနွယ် တရပ်လုံး ကို ခြိမ်းခြောက် နေတဲ့ ဘိန်းဖြူ ဆိုပြီး ဖတ်ခဲ့ဘူးတယ် .. ဘွင်းဘွင်း ပြောရရင် အဲဒါ ကြောင်တောင်တောင် ကြီး လိုဘဲ ..

ဒီဘိန်းဖြူ ( ကိုကိန်း ဆေးခြောက် စသည် စသည် အပါအ၀င်) မူးယစ်ဆေးတွေ ကို မိမိ ကိုယ်တိုင် နှစ်သက်လို့  သုံးစွဲရင် လည်း အဖမ်း ခံ ရ .. အသတ်ခံရ ၊ တကမ္ဘာ လုံးက ဥပဒေ တွေ က အားလုံးနီးနီး အတူတူ တွေ ချမှတ်ထားတာ ဆိုတော့ လည်း..

တလောက သတင်းတွေမှာ ဖောက်ခွဲရေးပစ္စည်းတွေ လက်နက် ဗုန်း သေနတ် ဒုန်းကျည်တွေ တန်ချိန် ၃၅ တန် ပါ မြောက်ကိုးရီးယား ကလာတဲ့ ကုန်တင်လေယာဉ် တစီး ဘန်ကောက်လေဆိပ် မှာ လေယာဉ်ဆီ ဖြည့်ဘို့  တထောက်ဝင် နားတာ လက်နက် တွေ တွေ့ ပြီး အဖမ်းခံရပါတယ် ..နောက်တော့ သယ်လာတဲ့ လေယာဉ် အမူ့ ထမ်း ၅ ယောက် ကို အရေးမယူ ဘဲ အပြစ်လွတ်မယ် ဆိုပြီး ဖတ်ရပါတယ်။

ဒီလက်နက် ၃၅တန် ဟာ လူဘယ်နှစ်ယောက် ကို သေစေနိုင်ပါလည်း ...
ပြီးခဲ့တဲ့ ဘိန်းဖြူ သယ်လာတဲ့ သူ နဲ့  ကျနော် နှိုင်းယှဉ်ကြည့်မိပါတယ်။

ကျနော့ဥာဏ် တထွာတမိုက်နဲ့  .. ရီစရာ ဖြစ်နေရော့မယ်...

ဒီ အဖြစ်အပျက် လေး တခု ကို လည်း ဖတ်ကြည့် ပါဦး -----

တခါတုံး က တရားရုံး တခု ၌ .. ပြည့်တန်ဆာမူ့ တခုကို စီရင် ရာတွင် ..

တရားသူကြီးက “ မယ်မင်း သည် အခကြေးငွေယူ ပြီး မိမိကိုယ် ကို ရင်းနှီး ပျော်ပါးနေ စဉ် ဖမ်းဆီးရမိ သောကြောင့် အပြစ်ဒါဏ်ချမှတ်ရန်အတွက် အပြစ်ရှိ ကြောင်းဝန်ခံပါ ” ဟု ဆိုလိုက်ရာ..

ပြည့်တန်ဆာ လုပ်ကိုင်စားသူ အမျိုးသမီး မှ ..“ အပြစ်ရှိ ပါတယ်ရှင် .. အပြစ်ရှိပါတယ် .. အရင်ကတော့ ကျမ အမေ မွေးကတည်း ကပါတဲ့ ပစ္စည်း ကျမ ပိုင်တယ် ထင်လို့  xါသည် လုပ်စားတာပါ၊ အခုမှ ကျမ ပစ္စည်း ကျမ မပိုင်ဘဲ အစိုးရ က ပိုင်တာ သိရပါတယ် ဒါကြောင့် အပြစ် ရှိပါတယ် ရှင် ” ပြောလိုက်ပါသတဲ့... ( စကားလုံးအသုံးနှုန်းတွေ အတွက် ဆောရီးပါ)

ဂွတော့ကျပါတယ် ... ဘာဘဲဖြစ်ဖြစ် “Whatever Law, I have to follow.”

(ကျနော့ ရဲ့  ဟိုဟိုဒီဒီ မျှသာပါ .. ဘိန်းဖြူ မူးယစ်ဆေးသမားတွေ ကို ထောက်ခံ/ကန့် ကွက်သူတယောက်တော့ မဟုတ်ပါ ခင်ဗျား)
ကျနော့် မဒမ် ကတော့ Draft ဖတ်ပြီး ရှူံ့ ချသွားပါတယ်။

4 comments:

ချစ်ကြည်အေး said...

ဟား ဟား ဟား အကိုကလည်း ကြံကြံဖန်ဖန် တွေးတတ် ရေးတတ်ပါ့ ...ဟုတ်တယ်...သူတို့ လော အတိုင်းပေါ့လေ...:)

ရွှေရတုမှတ်တမ်း said...

တော်ပါသေးရဲ့ အစိုးရပိုင်ပစ္စည်းသုံးစွဲမှု ပုဒ်မ ၆/၁ နဲ့ အဖမ်းမခံခဲ့ရလို့....
ဖမ်းများဖမ်းရင် ရေးတဲ့သူလဲ မလွတ်လောက်ဖူးနော်

mks said...

ဟုတ်တယ် မပေါက် ရေ .. လော တွေ ကို လိုက်နာ ရမှာ ဘဲ .. in-law တွေ အပါအ၀င် ...

mks said...

ပေါ်တူဂီ ကတော့ လုပ်ပြီ ... ချစ်ချစ်ကြီး နဲ့  ပျတ်သနာ တက်တော့မှာဘဲ ...