Saturday, December 12, 2009

ဒီပိုး ၂

လေယာဉ်ပေါ်မှာ ဘေးခုံ ကလူက စင်ကာပူရီးယန်း တယောက် ပါ ။ သူ မေးတာ နဲ့  စကား ပြောဆို ဖြစ်ခဲ့ ပါတယ် ပြောလေ့ ပြောထ မရှိ ခဲ့ ဘူးတဲ့ အင်္ဂလိပ် စကား ကို ထစ်ထစ် ထစ်ထစ် ပေါ့၊ နောက်ဆုံးမေးတာက မင်း  စင်ကာပူမှာ အလုပ်လုပ် ချင်လား တဲ့... “ငါအင်္ဂလိပ် စကား မပြောတတ်ဘူး” လို့ ဆိုတော့ သူက..“မင်းအခု အင်္ဂလိပ် စကား ပြောနေ တာ လေ” တဲ့ .. အင်း ... အားတက်သွားခဲ့ သလိုဘဲ  ဟုတ်သားဟ   ဘိုလို တော့ နေ ခဲ့ ကြတာဘဲ  ။


ချန်ဂီ လေဆိပ် ရောက် တော့ သူများတွေ နောက်က လိုက် ရင်း Immigration counter တွေ ဆီရောက်လာတော့ Show Money မပြ နိုင် လို့  ၁ပတ် ဘဲ စတေး ပေးမယ်တဲ့၊ ငါ ပိုက်ဆံ တွေ လွဲထားပါတယ် ဒီဖုန်း နံပါတ်ကို ဆက်ကြည့် ပါ ဆိုလည်း... မင်းနောက်မှာ လူတွေ အများကြီးရှိ သေးတယ် .. နောက်မှ Extend သွားလုပ် ဆိုပြီး ဒုန်း ဆိုထုချ လိုက် တော့တာဘဲ...အဲ တုံးက မြန်မာပြည် သားတွေ အတွက် စင်ကာပူ ၀င် ရင် ဗီဇာ မလို သေးတဲ့ အချိန်ပါ။ စိတ်တော့ အတော် ပိန်သွား တာဘဲ..


သူများတွေ လုပ်သလို ထရော်လီ တစီး ဆွဲ Conveyor Belt ကထွက်လာ တဲ့အိတ် ကောက်တင် ပြီး တွန်း ထွက်ခဲ့တာပေါ့ .. အွန် .. ဘီးတွေက မလည်ဘဲ တရွတ်တိုက် ကြီး လိုက်နေ ပါလား အပျက်ကြီး ထင်တယ်.. ဒီ နေ့ ကတော့ ကံ ကို မလိုက်တာဘဲ ပေါ့   ဒီလိုဘဲ ကြိတ် တွန်း ပြီးထွက် လာခဲ့ ပါတယ် .. 
( နောက်မှသိတာ က ထရော်လီ တွေ ရဲ့ လက်ကိုင် ကို အောက်ဖိပြီး တွန်းရမယ် နို့ မို့ ဆို ဘရိတ်အုပ်ထား တာ ဆိုတာဘဲ .. Security Camera နဲ့  ကြည့်နေသူတွေ ကတော့ ရီ နေကြ မှာ .. တတ်နိုင်ဘူး ) .. လေယာဉ် ပေါ်   ကကျွေးတဲ့ အစာ တွေကို ပိုက်ဆံပေး ရတယ်ထင်ပြီး မစား ရဲ ခဲ့တဲ့ သူတယောက် ပြန် ပြောပြတာ ကို ရီမောခဲ့ လို့  ၀ဋ်လည်တာ နေမှာ ။

ကိုအောင်ခိုင် နေတဲ့  Jurong West  က အိမ် ကို လိုက်လာခဲ့ပါတယ်။

အင်း စင်ကာပူ တော့ ရောက်ပီ ...

3 comments:

Anonymous said...

ကိုအောင်ခိုင် နေတဲ့ Jurong West က အိမ် ကို လိုက်လာခဲ့ပါတယ်။
ဒါပေမဲ့သူက အလုပ်ရထားပြီးသားသူမို့ ကျနော့်အပူကို သိပ်နားလည်ပုံနရတဲ့အတွက်
ဒါပေမဲ့ ညတွင်းချင်းပဲလား မနက်အစောကြီးလားမသိပါဘူး
အလုပ်၇ှာဖွေရေးကိစ္စတွေမှာ ပိုမိုကူညီနိုင်မဲ့လူတွေများများနေထိုင်ရာ
ပိုတုန်ပါဆေး အိမ်ကိုပြောင်းရွှေ့သွားရပါတော့တယ်...

လို့ဖြည့်လိုက်ပါဦးဗျာ

Anonymous said...

စာလုံးပေါင်းပြင်ဆင်ချက်

ကိုအောင်ခိုင် နေတဲ့ Jurong West က အိမ် ကို လိုက်လာခဲ့ပါတယ်။
ဒါပေမဲ့သူက အလုပ်ရထားပြီးသားသူမို့ ကျနော့်အပူကို
သိပ်နားလည်ပုံမရတဲ့အတွက် သူနဲ့မနေတော့ပဲ
ညတွင်းချင်းပဲလား မနက်အစောကြီးလားမသိပါဘူး
အလုပ်၇ှာဖွေရေးကိစ္စတွေမှာ ပိုမိုကူညီနိုင်မဲ့လူတွေများများနေထိုင်ရာ
ပိုတုန်ပါဆေး အိမ်ကိုပြောင်းရွှေ့သွားရပါတော့တယ်...

လို့ဖြည့်လိုက်ပါဦးဗျာ

mks said...
This comment has been removed by the author.