Sunday, January 31, 2010
အောင်ပန်း ကလော နှင့် သာမိုင်းခမ်း
ရှမ်းပြည်တောင်ပိုင်း မှာ အောင်ပန်း၊ ကလော တို့ ကို သိသူ များပေမဲ့ သာမိုင်းခမ်း ဆိုတဲ့ အမည်ကို တော့သိသူ ကြားဘူး ကြသူအတော် နည်းမှာပါ...
အောင်ပန်းမြို့ ဟာ သာမိုင်းခမ်းစော်ဘွား နယ်ထဲ ကစတင်ပေါက်ဖွားလာခဲ့တာ ဖြစ်သလို .. ကလောမြို့ ဟာ လည်း ယခင်က သာမိုင်းခမ်း အပိုင် လွယ်အန်နယ်ထဲက ရွာတရွာပါ တောင်ကုန်းတွေက ပတ်လည် ၀န်းရံပြီး ချိုင့် ဝှမ်း လျှိုမြောင် တွေနဲ့ တောင်လားချောင်း က ရစ် ခွေစီးနေကာ ထူထပ်စိမ်းမှောင်တဲ့ ထင်းရူးတော တွေ ချယ်ရီပင် ၀က်သစ်ချပင် သစ်တော့ရိုင်းပင် တွေနဲ့ လှပနှစ်သက်စရာ နေရာအဖြစ် ကလော ကို အင်္ဂလိပ် က မှတ်တမ်း တင်ခဲ့ပါတယ်။ ကလော ဟာ ၀န်ထောက်ရုံး အပြင် တောင်စခန်း အဖြစ် အင်္ဂလိပ် တွေက ရည်ရွယ်ထားပါတယ်၊ ရာသီဥတု သဘာဝရှု့ ခင်းနဲ့ စိတ်ကူးယဉ်စရာ ရှမ်းမြေလပ် ဒေသ ကို အင်္ဂလိပ် က “ စကော့တလန်” အဖြစ်တင်စားပါသတဲ့။
သာမိုင်းခမ်း စော်ဘွား (ငွေခွန်မှုး )မင်းမောင်ဖိုး လက်ထက်မှာ အောင်ပန်း မြို့ ကွက်ချပေးပြီးတော့ ထူထောင်ခဲ့တာ ဖြစ်ပါတယ်၊ သာမိုင်းခမ်း ၂၁ ခေါင်း၊မကွေ လွယ်အန် ကလော ဘန့် ဖာ ကျေးရွာခရိုင်ကို အစိုးရသော “မဟာငွေခွန်တော်မှူး မင်းကြီး မင်းမောင်ဘိုး” လို့  နယ်မြေပိုင်ဆိုင်ခြင်း ဂုဏ်ဒြပ် နှင့် ယှဉ်တွဲ ဖော်ပြလေ့ရှိ ပါသတဲ့။
သီပေါမင်းပါတော်မူ ပြီးနောက် သာမိုင်းခမ်း အပါအ၀င်ရှမ်းမြေ လတ် ငွေခွန်မှုးနယ် ကိုစီမံ အုပ်ချုပ် ဖို့  အနောက်ပိုင်းဆိုင်ရာဝန်ထောက်ရုံး (Western sub-division) ကို သာမိုင်းခမ်း တောင်ဘက် ကုန်းပေါ်မှာ အင်္ဂလိပ် တို့ ရုံး စိုက်ထူခဲ့ပါတယ်၊ ရှမ်းမြေလပ်နယ်(မြေလတ်)  ပင်းတယ၊ ပွေးလှ၊ ရွာငံ၊ ဘော်၊ လွယ်လုံ၊ ဘော်နင်း ၊ ကျုံး ၊ပင်မှီနယ် တွေဟာ ဒီ အနောက်ပိုင်းဆိုင်ရာဝန်ထောက်ရုံး ရဲ့  ကြည့်ကြပ် မှု့ အောက်မှာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ အင်္ဂလိပ် တို့ အနောက်ပိုင်းဆိုင်ရာဝန်ထောက်ရုံး စိုက်ရန် နေရာသစ် အတွက် ကလော ကိုရွေးချယ် ခဲ့ကြပါတယ်၊ ကလောမှာ မြို့ ပြတည်ထောင်ပြီး အင်္ဂလိပ်တို့ တိုက်ရိုတ် အုပ်ချုပ်တဲ့ သီးသန့် နယ်မြေ (Notified Area) အဖြစ် ကြေညာ ဖို့ ဖြစ်ပါတယ်၊လားရှိုး ၊လွိုင်လင်၊ တောင်ကြီး၊ လွိုင်မွေ တို့ လို သီး သန့် မြို့ တည်ထောင် ရန် အဆင့်ဆင့် ပြင်ဆင်လုပ်ဆောင်ခဲ့ကြပါတယ် ၁၉၀၀ ကျော်နှစ်များ ကပါ၊
ကလောမြို့ တည်ထောင်ဖို့ အတွက် သာမိုင်းခမ်းပိုင်နယ်မြေ လွဲပြောင်းပေးအပ်ခြင်းစာချုပ် ကို သာမိုင်းခမ်း စော်ဘွား လက်မှတ်ထိုး ခဲ့ပြီး .. ရမည်းသင်းနယ် ရေအေးကြိုးဝိုင်းရဲ့ ဧရိယာ၂၄ မိုင် ကိုလည်း ကလော အနာဂတ် ရေပေးဝေရေး အတွက် ရှမ်းပြည်နယ်တောင်ပိုင်း သစ်တောဌာန ကိုလွဲပြောင်းပြီး သာမိုင်းခမ်း နယ်ထဲ ထည့်သွင်းဖို့ ပြင်ဆင်ခဲ့ပါတယ်။
သာမိုင်းခမ်းစော်ဘွားက အစိုးရထံ သူပိုင်ဆိုင်တဲ့ အခွင့်အရေး လွဲပြောင်းပေးပြီးဖြစ်လို့ ကလောမြို့ ဟာ မြန်မာ မြူနီစပယ် အက်ဥပဒေ(၁၈၉၈) အရ သီးသန့် နယ်မြေတခုအဖြစ် ၁၉၁၄ ဇန္န၀ါရီလ (၁)ရက်နေ့ က အစပြုပြီးတရားဝင် ဖြစ်ပေါ်တော့မှာပါ၊
ဝန်ထောက်ရုံးကို သာမိုင်းခမ်းမှ ကလော သို့ ပြောင်းဖို့ ပြင်ဆင်နေစဉ် မှာဘဲ လူဝင် လူထွက် စည်ကား များပြား လာတဲ့ ယ္ခု အောင်ပန်းမြို့ တည်ရာ နေရာကိုလည်း မင်းမောင်ဘိုး ခွင့်ပြုချက် နဲ့  ၁၉၁၃ ခုနှစ် ဧပြီလ ၁၅ရက် (၁၂၇၅ခုနှစ်မြန်မာနှစ်ဆန်းတရက်) မှာ မြို့ ပန္နက်ရိုက် အစပြုလိုက်ပါတယ်။ (ကျနော့်မိခင် ပြောပြလို့  အောင်ကျော်ထူးဆန်း မြို့ အောင်ပန်း ဆိုပြီး မြန်မာသက္ကရာဇ် ၁၂၇၃ မှာစခဲ့တာလို့ လည်း မှတ်သားဘူးပါ တယ် တရားဝင် ပန္နက် ရိုက်တဲ့ နှစ်တော့ ဟုတ်ဟန်မတူပါ)၊
ကိုလိုနီခေတ် ၁၈၉၇ ခုနှစ် မှတ်တမ်း အရ သာမိုင်းခမ်းနယ် ဟာ ၂၉၆.၆ မိုင် ဧရိယာ ရှိပါတယ်
မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားတွေက
တောင်ရိုး             -   ၅၀၁၇
တောင်သူ (ပအိုဝ်)  -   ၄၄၈၃
ဓနူ                     -   ၂၁၄၆
ရှမ်း                    -     ၁၅၃
အင်းသား             -     ၁၁၆
ပလောင်              -     ၁၀၄
ဗမာ                   -       ၆၂ ယောက် ရှိပါတယ်တဲ့။
၁၉၁၅ ခုနှစ် အောင်ပန်းဘူတာ ဖွင့်လှစ်ပြီးတဲ့နောက် တော့ အရပ်ရပ် ရောင်းဝယ် ဖောက်ကား အခြေချ နေထိုင်သူတွေ များလာတာနဲ့ အတူ အောင်ပန်း လည်း စည်ပင် လာခဲ့ပါတယ်၊ မြန်မာပြည်အရပ်ရပ်က လူတွေလည်းလာရောက်စ ပြုပါပြီ အရောင်းအ၀ယ် လုပ်သူ၊ အမှုထမ်းလုပ်သူ၊ နိုင်ငံခြားသား တရုတ်၊ ကုလား တွေလည်း ရောက်ရှိ နေပြီဖြစ်ပါတယ်၊ တချို့ အခြေစိုက်ကြပါတယ်။
အင်္ဂလိပ်ရည်မှန်းသလို ကလော က ကုန်သွယ်ဗဟို ( Trading Centre) ဖြစ် မလာခဲ့ဘဲ အောင်ပန်းက မထင်မှတ်ဘဲ ဖြစ်လာပါတယ်။
စော်ဘွားအိုကြီး ကွယ်လွန်ပြီးနောက် မြေးတော်သူ စ၀်ထွန်းအေး ဆက်ခံတော့ ဟော် ကို အောင်ပန်း မှာ ဆောက်ပြီးအခြေစိုက် ပါတယ်။
နောက်တည် အရံမြို့ ဖြစ်တဲ့ အောင်ပန်း စည်ပင်တိုးတက်လာပေမဲ့ မိခင်မြို့ သာမိုင်းခမ်း မှာတော့ မှေးမှိန်ပြီး ကျန်ရစ်ခဲ့တာဟာ ရထား ကား လမ်းတွေ ရှောင်ကွင်းဖောက်သွားတာဟာလည်း တစိတ်တပိုင်းတော့ သက်ဆိုင် နေမည်ထင်ပါသည် ။ ( သာမိုင်းခမ်း ရွာ သည်ယ္ခု အောင်ပန်းမြို့ ၏ အရှေ့ ဘက် ၄မိုင် ခန့် အ ကွာတွင်တည်ရှိပါသည်)
“ဆရာဦးမြင့်သန်း” ၏ “ အောင်ပန်း (သို့ မဟုတ်) မြို့ သစ်တမြို့ မွေးဖွားခြင်း” မှ စာပိုဒ်များကူးယူ ဖော်ပြပါသည်။
Wednesday, January 20, 2010
အရေမရ အဖတ်မရ
မလေးရှားကကွမ်းနုဝါ
ကုလားပြည်ကဆေး
ကွမ်းသီး အင်ဒို နဲ့ 
သင်္ဘောသားထုံးဖြူ
ဗမာ ရှား
သာဝါးလို့ ထွေး။
စာသား အတင်းထည့်ထားပါကြောင်း( ပစ္စည်းအားလုံး ရွာမှ လှေနဲ့ လာပါသတဲ့)
ကွမ်း ဆိုလို့  ငယ်တုံးက ကျနော်တို့ မြို့ လေး မှာ  အဒူလာ ရောင်းတဲ့ ကွမ်းယာ အချို စစားဘူး တာပါ၊ ကွမ်းရွက် ကို ထုံး ရှားစေး သုတ်၊ ကွမ်းသီးအလှော်၊ အုန်းယို နည်းနည်း နာနတ်ယို ဘိန်းစေ့ အမွှေးရည် ပရုပ် စသည်ဖြင့် (ဆေးမထည့်ပါ)..  ဝါးပြီး အရည်ကို မြိုချတယ် .. နောက် အဖတ်တောင် မကျန်တော့ တာပါ .. 
နည်းနည်းကြီးလာတော့ သူများတွေ က ထုံး ကွမ်းသီး ဗမာဆေး ..  ဆိုပြီး မှာစားကြတော့ ကိုယ်ကလည်း ငါ ကလေးမဟုတ်တော့  လုပ်ပြီး .. သူများတွေလို လိုက် တုပြီးစားကြည့်တာပေါ့ .. မူးလိုက်တာ ခေါင်းတွေ အုံခဲ နေပြီး အန်လည်း အန်သေး .. တခါတည်း လှန်တာဘဲ .. ကွမ်း အရသာကို မခံစား တတ်သလို စားလည်း မစားဖြစ်တော့ပါ။
မန္တလေး မှာ ကျောင်း တက်တုံးက သူငယ်ချင်းတွေ က ကွမ်းကြိုက်ကြသူတွေပါ .. ၁၁မှတ် ကွမ်းယာ (အမှတ်၁၁ ရဲစခန်းရှေ့ ဆိုင်) နာမည်ကြီးပေါ့ .. ဇရပ်ကြီးသား သိန်းလွင် ဆိုရင် အဆောင်ထမင်းစား သံချောင်း ခေါက်ရင် စားလက်စ ကွမ်းကို ပါးစပ်က ထုတ် .. ပြူတင်းဘောင်ပေါ်တင်ခဲ့ပြီး ထမင်းသွားစား .. ပြီးတော့ပြန်လာရင် အဲဒီ ကွမ်းကို ပြန်မြုံ့ ပါတယ်။
ဘူမိဗေဒလေ့လာရေး နှင့် ဓါတ်သတ္တုရှာဖွေရေး ဦးစီးဌာနမှာ အလုပ်ဝင်တော့ ကရင်ပြည်နယ်ဘက် ကွင်းဆင်းတဲ့ သူတွေပြန်ပြောပြတာ ... ငှားထားတဲ့ အလုပ်သမားတွေ တောထဲ ကွင်းဆင်းလိုက်ရင် မြန်မာဆေးရွက်ကြီး ဘဲထည့်လာတယ် ရွာပျက်တွေမှာ ကွမ်းသီးတွေခူး အလေ့ပေါက်တဲ့ ကွမ်းရွက်တွေ ကလည်းပေါ .. အဲ.. ထုံးအတွက်တော့ .. ချောင်းဘေးက ခရုခွံ တွေကောက် ပြီး ၀ါးကျည်တောက် ထဲထည့် မီးဖုတ်တယ်တဲ့ .. ထုံးဖုတ်သလိုပေါ့  နောက် ရေနဲ့ ပြန်နှပ် ရော ခရုခွံCaCO3 ကို ဖုတ်တော့ CaO ,ရေပြန်ရောတော့ Ca(OH)2  ဟုတ်မလားမသိဘူး   မှားနေရင် ပြင်ဖတ်ပါနော်။
ဝါးသူတို့ ရဲ့  ထွေးထုတ် ခြင်း ဒါဏ်ကြောင့် ပင်နီစူလာပလာဇာတ၀ိုက် သည် ကွမ်းသွေးတို့ ဖြင့် ရဲရဲနီ၏ ..သို့ သော် ကျွတ်ကား မကျွတ် ..
ကျနော်တို့ တတွေဟာ ရိုးရာဓလေ့ကို အင်မတန်ထိန်းသိမ်း တတ်ကြသူတွေပါ။ ပင်နီစူလာပလာဇာ ဘက်ရောက် ခဲ့ ရင် ဘယ်လောက်ပင် အမိမြေ နှင့် ဝေး ကွာနေစေကာမူ ကွမ်းစားခြင်း ဓလေ့ ထိန်းထား ကြတဲ့ ကျနော်တို့  အမျိုးသား တွေကို တွေ့ နိုင်ပါတယ်၊ တံတွေး ထွေးရင် ရေအိမ်ထဲ သွားကြဘို့ အင်္ဂလိပ် မြန်မာ ၂ဘာသာ နဲ့  သတိပေး ထားတဲ့ ဆိုင်းဘုတ် ကို လေးစားသမူ့ ပြု တဲ့ အနေနဲ့  ဦးခေါင်းကိုငုံ့ ၊ ခါးကို ညွှတ်ပြီး ဆိုင်းဘုတ် အောက်တည့်တည့်  က အမှိုက်ပုံး ထဲကို ပျစ်ကနဲ ပျစ်ကနဲ တယောက်ပြီး တယောက် လာ Discharge လုပ်ကြ တာ တွေ့ ကြမှာပါ။ အောက်ထပ် ပတ်ပတ်လည် ရေမြောင်း တွေမှာ လည်း ဒီနေရာကို ကျနော်တို့ ရောက်ခဲ့တယ် လို့ ရဲရဲတောက် အမှတ်တရ သင်္ကေတတွေ ထား ရစ်ခဲ့ကြတာ .. မှတ်မှတ်ရရ ဖြစ်စရာလေး တွေပေါ့ဗျာ ..
တခါကလည်း လမ်းဘေး မြက်ခင်းထဲ ဗျစ်ကနဲ ထွေးထည့်လိုက်တဲ့ အမျိုးသား တယောက်ကို စင်္ကာပူရီးယန်း တယောက် က စိုးရိမ်တဲ့ မျက်နှာနဲ့ လာခဲ့ပြီး “ ငါ ဘာကူညီရ မှာလည်းဟင် .. Ambulance ခေါ်ပေးရမလား” လို့ မေး တယ်တဲ့ သွေးအံတယ် လို့ ထင်နေတာ ကိုး။(ထုံ ချက်)
ကိုင်း .. ဒီလောက် စားနေကြတဲ့ ကွမ်း.. မကောင်းရင် ဘယ်သူစား လိမ့်မလည်း ..
ကျနော်မစားရင် ပင်နီစူလာ တ၀ိုက် အမှတ်တရ မချန်ခဲ့ နိုင်တဲ့သူ ဖြစ်နေလိမ့်မယ် ... ဒီတော့ ..
ကဲ လာထား “ နိုင်တီတူး နဲ့ တကျပ်ဘိုး”                   
MKS     
( နိုင်တီတူး = အိန္ဒိယ မှလာတဲ့ ကွမ်းစားဆေးတမျိုးတံဆိပ် အမည်)
Friday, January 15, 2010
"Viagra" coffee
ကော်ဖီတော့ ကော်ဖီ
ဖတ်လိုက်မိတဲ့ သတင်းအကြောင်းအရာလေး တပိုဒ် ကို ပြန် ဖောက်သည်ချ ပါရစေ ။ ဖတ်မိပြီး သားဖြစ်နေရင်လည်း သည်းခံ ပါနော်။
One sip of this brand of coffee can give you a lift. Although not the kind of lift you would expect from coffee.
တခွက် မလေးရှား ရင်းဂစ် ၂၀ ကျော်တန် (S$ 8.30) ရိုးရိုး ကော်ဖီတွေနဲ့ မတူတဲ့ ကော်ဖီတမျိုး ဟာ သောက်သုံး မှီဝဲ ကြသူ တစုအကြား နာမည်ကြီး လာနေတယ်လို့ ပါ ပါတယ် ၊
“ ပုရိသတို့ ရဲ့  ဘ၀ ကို ပြည့်ပြည့်၀၀ ခံစားနိုင်ပြီ ” .. လို့ လည်း ကြော်ငြာထားသေးတယ် ဆိုပါတယ် ၊
စမ်းသပ်ချက် တွေ့ ရှိ ချက်တွေအရ ...
အဆိုပါကော်ဖီ မှာ ပန်းသေပန်းညှိုး ရောဂါ ( မျက်စိနဲ့ မဖတ် ခြေမျက်စိ နဲ့ ဖတ်ပါဗျာ)  ဝေဒနာရှင်တွေကို ကုသရာမှာပေးတဲ့ Sildenafil ဆိုတဲ့ ဆေးဝါး ပစ္စည်း တမျိုး (Viagra မှာလည်းတွေ့ ရှိရ) ပါဝင်နေတာတွေ့ ရ ပါတယ်တဲ့ ၊ သူတို့ ထုတ်လုပ်တဲ့ ပစ္စည်း ရောင်းအား ပိုတက် စေဘို့ ရည်ရွယ်ပြီး ဖြန့် ချီတဲ့ ကုမ္ပဏီ မှ အဆိုပါ ဆေး ကို ထပ်မံပြီး ဖြည့်စွက်ထည့် ထားတယ် လို့ ဆိုပါတယ်။
ကွာလာလမ်ပူမြို့ ရှိ ကုမ္ပဏီ ၀င်း ကို မလေးရှား ကျမ္မာရေးဌာန အရာရှိတွေ ၀င် ရောက် စီးနင်း ရာမှ ၄င်း လုပ်ဆောင်ချက်တွေ ကိုဖော်ထုတ် သိရှိလာရတာ ဖြစ်ပါတယ်တဲ့ .. ယ္ခု ကော်ဖီဟာ ဆေးဘက်ဝင် အပင်တွေရဲ့ အဆီအနှစ်၊ ပျားရည် တို့ နဲ့  ဖော်ထုတ်ထားတာ ဖြစ်ကြောင်း သာဖော်ပြထားပြီး အဆိုပါ ထိန်းချုပ်ကန့် သတ် ထားတဲ့ ဆေးဝါးပစ္စည်း ပါဝင် မူ့  ကိုတော့ ဖော်ပြထား တာမရှိ ပါဘူးတဲ့ ။
ဆရာဝန် ညွှန်ကြားမူ့ မရှိဘဲ ၄င်း Sildenafil ကို သုံးစွဲ ရင် အသက်သေဆုံး သည် အထိ ဖြစ်တတ်လို့ ဆို  ထားပါ တယ်၊ အထူးသဖြင့် သွေးတိုးရောဂါ၊ နှလုံးရောဂါ ရှိသူများ  ကိုလက်စထရော မြင့်သူများ ရုတ်တရက် အသက်သေဆုံး သည့် သာဓက များ ရှိခဲ့ဘူးပြီးဖြစ်ကြောင်း  ဖော်ပြထားပါတယ် ခင်ဗျား ....
Sunday, January 10, 2010
လှချင်ပချင်စိတ်မကုန်
“ရုပ်ရှင်သွားဘို့ အလှပြင်ရာတွင် မှန်တင်ခုံ နဲ့ ကျမ မျက်နှာချင်းဆိုင် ကိုယ်ဟန်ကျော့ကျော့ xx --”
ဟို တုန်းက ရေဒီယို က မကြာမကြာ လာတဲ့ သီချင်း လေး ....
မှန်တင်ခုံ နဲ့ မျက်နှာချင်းဆိုင်တယ် .. ဘာလုပ်မလို့ လည်း .. အလှပြင်မလို့  လေ ... ဘာဖြစ်လို့ လဲ ? လှချင်လို့ ပေါ့ ..
" Humans have always sought to enhance their appearance" ...
လှအောင်လုပ်ကြတယ် လှအောင်ပြင်ဆင်ကြတယ် .. မလှဘူးဆိုရင် ငိုချင်တယ် ..လှတယ်ပြောမှသဘောကျတယ် လေ..
သနပ်ခါးလိမ်းမယ် ပန်းပန်မယ် နူတ်ခမ်းနီဆိုး၊ မိတ်ကပ်လူး၊အရောင်သွေး ပုံစံအမျိုးမျိုး အ၀တ်အစားတွေဝတ်၊ လက်စွပ် လက်ကောက် ဆွဲကြိုး တွေဆင်မယ် ..ပြီးတော့... ပြီးတော့..ပြီးတော့
ပုရိသ တွေတောင် နားဆွဲ နားကွင်း နသန်သီး တွေနဲ ၊့ မျက်နှာ နဖူး လျှာတွေပေါ်မှာ ဘုတွေ ကွင်းတွေ ဂျို တွေ တပ်.. Tattoo ထိုး အမေ မွေးတုံးက အကောင်းပါလာတဲ့ လျှာ ကိုတောင် ၂ခွ ဖြစ်အောင်ခွဲပစ်သေး .. wow wow wow...
လှတာ  လူတိုင်းကြိုက်တာပေါ့ ...ကျနော့ ချစ်ချစ်ကြီး ၊ ကျနော့ ညီမ တူမတွေ ကို ပြောလေ့ ရှိပါတယ် .. ယဉ်ယဉ်လေးပြင် လှလှပပ လေးနေ .. ဘိုသီဘတ်သီကြီး မနေ ပါနဲ့  ကွာ ..
လှလှလေး ပြင်ဆင်၊သပ်သပ်ရပ်ရပ် လေးဝတ်စားထားတဲ့ အချိန် မှာ ကိုယ့်အနေထား က လန်းဆန်းနေပြီး စိတ်အနေထား လည်း ပိုကြည်လင်နေတတ် တာ သတိထားမိကြတယ် မလား .. ထားမိကြမှာပါဗျာ .. ဘေးကကြည့်ရတဲ့ သူတောင် မျက်စိ အေးတယ် ..
တိုးတက်လာတဲ့ ဆေးသိပ္ပံ ပညာတွေနဲ့ အတူ ရူပကာ သွင်ပြင် ကို ပိုကြည့်ကောင်း ပိုချောလာအောင် ခွဲစိတ် ပြုပြင် တဲ့ နည်းတွေဟာလည်း ဖွံ့ ဖြိုးလာ ခဲ့ပါသတဲ့...
Liposuction ဆိုတဲ့ နည်း နဲ့  လူတွေ ရဲ့ ကိုယ်အစိတ်ပိုင်းတွေ ရဲ့  (၀မ်းဗိုက်၊ ပေါင် တင်ပါး၊ ကနေ လက်မောင်း ၊ လည်ပင်း အထိ) အရေပြား အောက်က အဆီတွေ ကို ပြီး ဖယ်ရှား (စုပ်) ထုတ် ပစ် နိုင် ပါသတဲ့။
အဆီတွေ များများထုတ် လေ အန္တရာယ် ဆိုးကျိုး ပိုကြုံ နိုင်လေ တဲ့ ...
ကောင်းမွန်စွာ လေ့ကျင့်ပြီးတဲ့ အပြင်ဆေးခန်းဖွင့်  ဆရာဝန်တွေ ကိုလည်း စင်္ကာပူကျမ္မာရေးဌာန ကLiposuction  ဆောင်ရွက်ခွင့် ပြုပါ သတဲ့ .. ဒါပေမဲ့ တကြိမ် မှာ တစ်လီတာ ထက်ပိုပြီး အဆီတွေ မထုတ် ဘို့ ညွန်ကြားထား ဆို ရဲ့  ...
ကြော်ငြာ တွေဖတ် ပြီးတော့ .. ဖြစ်လာနိုင်တဲ့ အန္တရာယ် ဆိုးကျိုး တွေကို မလေ့လာ သိနားလည် ဟန် မရှိ ဘဲ လှပလာ ဘို့ အတွက်    လူတွေ ခွဲစိတ်ခံ ကြသတဲ့ ...
ဒီဘက်ခေတ်မှာ လူတွေ ၀ လာကြတာ အတော် များများဘဲလေ ... အစားသောက် နဲ့ လျှော့ လေ့ကျင့်ခန်း လုပ်ပြီး ၀ိတ်လျှော့ရင် အလှတွက်သာမက  ကျမ္မာရေး အတွက်တောင် ပိုကောင်းသေး တဲ့ ဗျ ..
.. အင်း ချစ်ချစ်ကြီး ရေ ..
လှသထက် လှမယ် ဆိုရင်
ဆေးဖက်ပင်ဝင် ပါသလား
မောင့် အသွေးတွေ မောင့်အသားတွေ
မောင့် အသဲတွေ မောင့် နှလုံးတွေ
အသုံးပြုပါလေ ကြည်ဖြူပါတယ် လိုရာကို ယူစေ ...
(ကိုအောင်ခိုင် .. စာသား တည့်ပေးတာ ကျေးဇူး)
Tuesday, January 5, 2010
၅၉-၆၁ ၂၃လမ်း (အောက်)
၂၃ လမ်း အောက် ဘလောက်
မနက် ၄နာရီကျော် လောက် ဆိုရင် ကျနော် တို့  နေတဲ့ အခန်း နှင့် (တကယ်တော့ ၁၀ နှစ် ကျော် တည်းခိုခဲ့ တာပါ) မလှမ်းမကမ်း က ကိုဇော်ထွန်း လ္ဘက် ရည် ဆိုင် တနေ့ တာလုပ်ငန်း Run ဘို့ စတင် ပြင်ဆင်ပါပြီ .. မီးမွှေး .. ရေနွေးကြို ..
ဟေ့ကောင် ဇော်ဝမ်း ထ .. အောင်မာ .. တိုင် မှီပြီး ငိုက်တောင် နေသေး .. သောက်မဲ့ လူတွေ ရောက်နေပြီ”..
 သူတို့ ကတော့ ဘေး ပတ်ဝန်းကျင် ကို ဂရု ပြု တာမရှိ .. သူတို့  ဈာန် နဲ့  သူတို့ ....
ဂွမ်း... ဂွမ်း  ရေပီပါ ထဲ ဒန်ရေခွက် ပစ်ထဲ့တဲ့အသံ ရေနွေးကရား အဖုန်း ဖွင့် ပိတ် သံတွေ နဲ့ ... ...ကျနော်တို့ လည်း နိုး လာကြရ ပါပြီ .. ကြိုးစား ပြန် အိပ် ကြည့် ... ကြည့် ...ကြည့်
ဂွပ်... ဂွပ်.. ဂွပ် ... အဲဒါ .. မိညို ..
လမ်းထိပ် ကို အုန်းနို့ ခေါက်ဆွဲ ဆိုင် ဖွင့်ဘို့  သွားရင် သူ့ ခုံဘိနပ် အမြဲ ရှပ်တိုက် စီးတာ .. အခန်းရှေ့ က ၃ ခေါက် ထက် မနည်း သူ့ ဆိုင် နဲ့  အိမ် ကို ခေါက်တုန့်ခေါက်ပြန် Shuttle ကူး ပါတယ် ၊တိတ်ဆိတ်နေ သေးတဲ့ မနက်ခင်း စောစော အချိန်လေးမှာ တိုက်အမြင့်တွေ ကြားထဲက ဒီအသံတွေဟာ ပဲ့တင် (Echo) လိုက်နေတတ်ပါတယ်။
မြေညီထပ် က ဒီအခန်းလေး ကိုလည်း အရှေ့က ဘာဂျာတံခါး လေး ဘဲ စေ့ထားပြီး အိပ်ကြတာမို့အသံတွေဟာ ကျနော်တို့ အိပ်တဲ့ အထပ်ခိုးလေး အပေါ်အလုံးအရင်း လိုက် စုပြုံတက် လာကြပါတယ် .. မိညို သူ့ဆိုင်ရောက် သွားပြီးရင်  ရာဘာ ဘိနပ်အမြီး ပိုင်း နဲ့  သူ့  ဖနောင့် တဖျတ်ဖျတ် ရိုတ် ပြီး စီးတတ် တဲ့ မိညို ရဲ့ အကို “ခွေးလေး” တွန်း တဲ့ ဟင်းရည်အိုး တွန်းလှည်း တ ဒုတ် ဒုတ် နဲ့ ဖြတ်သွားပြီး ရင်တော့ တခါ ညိမ် သက်သွားပြန် ပါရော၊  အင်း တချက် ပြန် မှေး လိုက်ပါ ဦး မယ် လေ .... အင်း ..
ပဲ ဟဲ ဟဲ ပြုတ် ... လာပါ ပြီ သူ ... ၀ယ်နေ ကျ ဖောက်သည် တွေ ဆို တော့ ..ဒီအခန်း ရှေ့  မှာ ဘဲ ရှေ့တိုး နောက်ငင် ခေါက် တုန့် ခေါက် ပြန် ...
ဝယ် တဲ့ သူ ထွက်မလာ မခြင်း ပဲ ဟဲဟဲ ပြို့  နေတော့ တာဘဲ ...
“ဟေ့ရောင် ကျော်ဆွေ ထ တော့ကွာ ပဲပြုတ် ၀ယ် ဦး မှာ လား” ...မန်နေဂျာကြီး ကို နှိုးလိုက်သည် ..       @ X %.. e.. r   ....   
တဆက်တည်း မှာ ဘဲ ..
တွီ .. ဟီ .. ဟီ .. ဟီ    အပေါ်ထပ် က ရေတင်ပြီ ..
ဒီ အခန်း ၃ ခန်း (၃ ထပ်)လုံး အတွက် ရေ မော်တာ က တလုံးထဲ ရှိပြီး ရေ မော်တာ ကို အိမ်ထဲ မှာထားတော့ သိပ်ဆူပါတယ် .. ကဲ ကဲ ထ တော့ ရေတင် တုံး ရေချိုးထား...
ဂ လင်း ဂ လောင် ဂ လောင်... “မယ်စလီ အမှိုက် သွန် လိုက် အုံး ဗျို့  ကျနော် ရေချိုး နေလို့  ...”
ရုံးခွဲ ရဲ့ အထွေထွေ လုပ်သား ကြီးကို လှမ်း သတိပေး ရပါသေး ..
ဒညင်းသီးပြုတ် ( ၁၀၀ ဘိုး ၃ကင် .. တကင် အဆစ်တောင်း လို့  လူပါ ခေါ်ထားလိုက် ပါလား တဲ့) ဟီး .. ကျုပ်တို့တောင် ကပ် နေနေ ရတာ ကို ...
ကျွဲ ခေါင်းသီးပြုတ် ( မာကြာပါလာ ပါနီ .. လို့  ကုလားလိုထည့် အော်သေး)
ကားတာယာ အဟောင်းတွေဝယ်တယ်
မောင် ခိုင်..မြဲ တံမျက်စည်း ( ဖုန်း ဖုန်း ..တံမျက်စည်း ကို လမ်း ပေါ် ရိုတ် ပြ တဲ့အသံ)
ဟွန်းကေ့ 
ကြက်ဥ ခေါက်မုန်
အာပုံ
ပုလင်းဝယ် ဒန်ဝယ်
အကုန် ရေးရင်တော့ ... ဆန့် တော့မှာ ဟုတ်ဘူး ...
တဖက် ၅ အိမ်စီ လောက်ကြားရအောင် စေတနာ နဲ့ ဖွင့်ပြတတ်တဲ့ တအိမ်က ညပိုင်း ဘီဘီစီ မြန်မာ ပိုင်း အစီစဉ် ပြီး ရင် တော့ လမ်းလေးထဲ မှာ ညိမ်သက်ခြင်း နဲ့ ပြန်ကြုံ ရ ပါပြီ ...
တအောင့်ကြာရင် တော့
မုန့် ...ဖက်..ထုပ် .... နဲ့  တကယ် ပွဲသိမ်း ပါပြီ ၊ သန်းခေါင် လောက်မှာ ကြွက် ပစ်တဲ့ အဖွဲ့ မလာရင်ပေါ့..
(ကြွက်ပစ်တဲ့ အဖွဲ့ နဲ့  အင်တာဗျူး လုပ်ထားတာ ကြုံ ရင် ရေး ပါဦးမယ်)                           
----------------------
ကျနော် တွေး မိတာ က ... ဒီအသံ တွေ နဲ့ နေ့ စဉ် ကြုံဆုံ နေကြ သူတွေ ရဲ့  အကြားအာရုံ ကို မသိမသာ များ ထိခိုက် နေမှာလား လို့ ပါ ။
Reader's Digest မှာ ဖတ်လိုက်ရတဲ့ .. စင်ကာပူ၊ ဘန်ကောက်၊ ကွာလာလမ်ပူ တို့  မှာ စမ်းသပ် တွေ့   ရှိချက် ဆိုတာတွေ အရ  ရထားဘူတာ ရှော့ပင်းမော စားသောက်ဆိုင် တွေမှာ ပျှမ်းမျှ အသံနှူန်း 70 decibles ရဲ့ အထက်မှာရှိ ပါသတဲ့ ... တရုတ် စားသောက်ဆိုင် တခုဟာ သူရဲ့ အဆူညံ ဆုံးအချိန် မှာ 109.5 decibles ရှိ ဆိုဘဲ ...
အဲဒီ Report မှာ ဖော်ပြထားသေးတာက ဒီ ဆူညံ နှူံး ထဲမှာ ဆက်တိုက် နေသွားမယ် ဆိုရင် ကျနော်တို့ ရဲ့ နား အကြား အာရုံ ပျက်စီးမယ်တဲ့ ...နားတွေ လေးလာမယ်ပေါ့ ..  ဟုတ် သော်ရှိ မဟုတ်သော် ရှိ ပေါ့လေ
ဖတ်မိတဲ့ စာတပိုဒ် ထဲက ရေးထားတာကို ဒစ်ရှင်နရီ လှန်ပြီး  ကိုယ်နားလည် သလို တိုက်ရိုတ် မြန်မာ မူ့  ပြုလိုက်ရင် ..မူလ ဆိုလိုတဲ့ အဓိပ္ပါယ် မရောက် မှာစိုးလို့ အဲဒီ စာပိုဒ် ကို အရင်းတိုင်း ဘဲ ကူးတင် လိုက်ပါရစေ ..ဖတ်မိပြီး သူတွေ လည်းရှိမှာ ပါ။
ဆူညံတဲ့ အသံဗလံတွေ နဲ့ နွယ်ပြီး ဖြစ်လာ တတ်တာတွေ က....
  • High Blood pressure
  • peptic ulcers
  • cardiovascular deaths
  • strokes
  • suicides
  • degradation of the immune system, and
  • impairment of learning.
Noise is also associated with an increase in aggression and a decrease in cooperation. ဟူ၏။
   --------------------------------------
ကျနော် အဲဒီ လမ်းလေး ထဲမှာ နေတုံးက နေ့ စဉ် ကြားခဲ့တဲ့ အသံ တွေဟာ နောက်ပိုင်း မှာ တော့ နားယဉ် သွားပြီး အေးဆေး ဖြစ်သွား ခဲ့ ပါတယ် ...
ဒါမှ မဟုတ်ဘဲ ...
ကျနော် တကယ် ကြီးနားလေး သွားတာလားတော့  မသိဘူး ဗျ
Friday, January 1, 2010
တောင်တို တောင်
ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ အနောက်ဖက် တောင်တန်း ထဲမှ တောင်တိုတောင် ပေါ်တွင် တောင်တို မင်း တည်ထား သော စေတီစု အောင်ချမ်းသာ ဆရာတော် ဦးဆောင် ၍ ပြန်လည် မွမ်းမံ ထားပြီး ဖူးတွေ့ ရ ပုံ     
Posted by Picasa
ကျောင်းပြီးတော့ ....
ကျောင်း ပြီး တော့ ပဲခူးမှာ သနပ်ဖက် ပွဲရုံ ဖွင့်ထာတဲ့ အကို ၀မ်းကွဲ တယောက် ဆီ သွားနေပါတယ် .. ပွဲရုံ အလုပ် လုပ်ကူ .. သုံးဘို့ စွဲ ဘို့ လေး လည်း ရတာပေါ့ ..
 မှတ်မိသလောက် ပြောရရင် ၀ါးခြင်း ၀ါးကပ် တွေနဲ့  (သနပ်ဖက် ပို လို့ ခေါ်ပါတယ်)ထည့်ထား တဲ့ သနပ်ဖက် တွေကို လက်လီ ပြန်ရောင်းသူတွေ ၊ ဆေးလိပ် ခုံငယ် တွေ က “ပို” လိုက် လာဝယ်ကြ ပါတယ်။
နာမည်ကြီး ဆေးလိပ် ခုံတွေ ဆီ က ဆေးရွက်ကြီးဆေးစပ် တွေ ကိုဘဲ ယူပြီး သနပ်ဖက် ကိုတော့ ကိုယ့်ဖာသာ ၀ယ် .. ဆေးလိပ်သမ တွေ ငှားပြီး လိပ် ၊ ပြီးတော့မှ ခုံကြီး တွေ ရဲ့ တံဆိပ်ကပ် ပြန်သွင်း တဲ့ ဆေးလိပ် ခုံငယ် တွေ ကတော့ ကျနော် တို့ ပွဲရုံ တွေရဲ့ အဓိက ဖေါက်သည် တွေ ပါဘဲ။
သနပ်ဖက် ကားတစီး ချပြီ ဆိုရင် နေ့ တပိုင်း လောက် နဲ့  အရောင်းပြတ် သွား တတ်လေ့ရှိ ပါတယ် .. ဒါပေမဲ့ အံဆွဲ ဖွင့်ကြည့်ရင် ဒီကား က ကုန်အတွက် ရောင်း လို့ ရတဲ့ ပိုက်ဆံ ကတော့ တပြား မှ မရှိပါဘူး ..
အဟောင်းပေး အသစ်ယူ တွေ ကပေးတာဘဲရှိမယ်။
ညနေ ကျရင် တော့ စက်ဘီးတစီး လွယ်အိပ်တလုံး နဲ့ စာရင်းစာအုပ် ကိုင်ပြီး ( အကြွေးတောင်းထွက်) ငွေပြန်လိုက် စု တာပေါ့ ..
ပဲခူး မှာ နေခဲ့ တုံး အမြတ် တခုထွက် ခဲ့တာကတော့ ဆိုက်ကား နင်းတတ် သွားတယ် (အလုပ်မရှိရင် ဆိုက်ကားနင်းစားလို့  ရသွားပြီ) ၊ ညနေ ကိုတင်ငွေ ဘုံဆိုင် သွားရင် ကျနော်က နင်း သူကစီးလေ ... စစဦး တော့ ဟိုထိုး ဒီရမ်း ဘဲ .. “မင်း က လက် ကိုင် ကြီး အသေ ဆုတ် ထားတာ ကိုး  ... လက် ကိုင်ကို ဖွဖွ ဘဲ ထိန်း ခြေထောက် ကိုဖိပြီး နင်း ကွ”  ၂ရက် လောက် နေပြီးတော့ အိုကေ သွားပါတယ် ၊ အရင်တုံးက စက်ဘီးစီးတတ် ရင် ဆိုက်ကား နင်းတတ် မယ်ထင် ထားတာ .. တခြားစီဘဲ ..
နှစ်သစ် နေ့ သစ်ရောက် လာပြီ
Welcome 2010.
တနေထွက် ပြီး တနေ၀င် တာ ဆို ပေမဲ့ သတ်မှတ် ချက် တွေ စံတွေ ကိုတော့ ကန့် လန့် ကြီး သွားမလုပ် ဖို့ တော့ လို မှာပေါ့ နော်..
 အလုပ်ထဲ က တယောက် ကမေးတယ်၊ ၂၀၀၉ မှာ မင်း ပလန် တွေ တားဂက် ရောက် လား တဲ့ .. အဲဒီ လို ရှေ့ အတွက် Plan တွေ ချ ပြီး အစီအစဉ် ဆွဲ လေ့မရှိ တဲ့ ကျနော့ အတွက် နဲနဲ ဖြေရ ကျပ်ကျပ် ..
အသက် ပိုကြီး လာ ရုပ်ရည် တွေ ပြောင်းလည်း လာ
အသက် ဆိုတာ Just a figure တဲ့  figure တခါ ပြောင်းသွား ပြန် ပြီပေါ့ ..
One-way ticket   ကိုယ်စီ ကိုယ်စီ နဲ့ 
နောက်ဆုံးတော့ ဒီ လူ့ လောကကြီး ကနေ တောင် အပြီး သွားကြ ရဦး မှာဘဲ ..
စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ္မာခြင်း များနှင့် ပြည့်စုံ ပါစေ ... ပြည့်စုံရပါ လို၏ ။