Sunday, January 10, 2010

လှချင်ပချင်စိတ်မကုန်

“ရုပ်ရှင်သွားဘို့ အလှပြင်ရာတွင် မှန်တင်ခုံ နဲ့ ကျမ မျက်နှာချင်းဆိုင် ကိုယ်ဟန်ကျော့ကျော့ xx --”
ဟို တုန်းက ရေဒီယို က မကြာမကြာ လာတဲ့ သီချင်း လေး ....

မှန်တင်ခုံ နဲ့ မျက်နှာချင်းဆိုင်တယ် .. ဘာလုပ်မလို့ လည်း .. အလှပြင်မလို့  လေ ... ဘာဖြစ်လို့ လဲ ? လှချင်လို့ ပေါ့ ..

" Humans have always sought to enhance their appearance" ...

လှအောင်လုပ်ကြတယ် လှအောင်ပြင်ဆင်ကြတယ် .. မလှဘူးဆိုရင် ငိုချင်တယ် ..လှတယ်ပြောမှသဘောကျတယ် လေ..

သနပ်ခါးလိမ်းမယ် ပန်းပန်မယ် နူတ်ခမ်းနီဆိုး၊ မိတ်ကပ်လူး၊အရောင်သွေး ပုံစံအမျိုးမျိုး အ၀တ်အစားတွေဝတ်၊ လက်စွပ် လက်ကောက် ဆွဲကြိုး တွေဆင်မယ် ..ပြီးတော့... ပြီးတော့..ပြီးတော့
ပုရိသ တွေတောင် နားဆွဲ နားကွင်း နသန်သီး တွေနဲ ၊့ မျက်နှာ နဖူး လျှာတွေပေါ်မှာ ဘုတွေ ကွင်းတွေ ဂျို တွေ တပ်.. Tattoo ထိုး အမေ မွေးတုံးက အကောင်းပါလာတဲ့ လျှာ ကိုတောင် ၂ခွ ဖြစ်အောင်ခွဲပစ်သေး .. wow wow wow...

လှတာ  လူတိုင်းကြိုက်တာပေါ့ ...ကျနော့ ချစ်ချစ်ကြီး ၊ ကျနော့ ညီမ တူမတွေ ကို ပြောလေ့ ရှိပါတယ် .. ယဉ်ယဉ်လေးပြင် လှလှပပ လေးနေ .. ဘိုသီဘတ်သီကြီး မနေ ပါနဲ့  ကွာ ..
လှလှလေး ပြင်ဆင်၊သပ်သပ်ရပ်ရပ် လေးဝတ်စားထားတဲ့ အချိန် မှာ ကိုယ့်အနေထား က လန်းဆန်းနေပြီး စိတ်အနေထား လည်း ပိုကြည်လင်နေတတ် တာ သတိထားမိကြတယ် မလား .. ထားမိကြမှာပါဗျာ .. ဘေးကကြည့်ရတဲ့ သူတောင် မျက်စိ အေးတယ် ..

တိုးတက်လာတဲ့ ဆေးသိပ္ပံ ပညာတွေနဲ့ အတူ ရူပကာ သွင်ပြင် ကို ပိုကြည့်ကောင်း ပိုချောလာအောင် ခွဲစိတ် ပြုပြင် တဲ့ နည်းတွေဟာလည်း ဖွံ့ ဖြိုးလာ ခဲ့ပါသတဲ့...

Liposuction ဆိုတဲ့ နည်း နဲ့  လူတွေ ရဲ့ ကိုယ်အစိတ်ပိုင်းတွေ ရဲ့  (၀မ်းဗိုက်၊ ပေါင် တင်ပါး၊ ကနေ လက်မောင်း ၊ လည်ပင်း အထိ) အရေပြား အောက်က အဆီတွေ ကို ပြီး ဖယ်ရှား (စုပ်) ထုတ် ပစ် နိုင် ပါသတဲ့။
အဆီတွေ များများထုတ် လေ အန္တရာယ် ဆိုးကျိုး ပိုကြုံ နိုင်လေ တဲ့ ...
ကောင်းမွန်စွာ လေ့ကျင့်ပြီးတဲ့ အပြင်ဆေးခန်းဖွင့်  ဆရာဝန်တွေ ကိုလည်း စင်္ကာပူကျမ္မာရေးဌာန ကLiposuction  ဆောင်ရွက်ခွင့် ပြုပါ သတဲ့ .. ဒါပေမဲ့ တကြိမ် မှာ တစ်လီတာ ထက်ပိုပြီး အဆီတွေ မထုတ် ဘို့ ညွန်ကြားထား ဆို ရဲ့  ...
ကြော်ငြာ တွေဖတ် ပြီးတော့ .. ဖြစ်လာနိုင်တဲ့ အန္တရာယ် ဆိုးကျိုး တွေကို မလေ့လာ သိနားလည် ဟန် မရှိ ဘဲ လှပလာ ဘို့ အတွက်    လူတွေ ခွဲစိတ်ခံ ကြသတဲ့ ...

ဒီဘက်ခေတ်မှာ လူတွေ ၀ လာကြတာ အတော် များများဘဲလေ ... အစားသောက် နဲ့ လျှော့ လေ့ကျင့်ခန်း လုပ်ပြီး ၀ိတ်လျှော့ရင် အလှတွက်သာမက  ကျမ္မာရေး အတွက်တောင် ပိုကောင်းသေး တဲ့ ဗျ ..

.. အင်း ချစ်ချစ်ကြီး ရေ ..

လှသထက် လှမယ် ဆိုရင်
ဆေးဖက်ပင်ဝင် ပါသလား
မောင့် အသွေးတွေ မောင့်အသားတွေ
မောင့် အသဲတွေ မောင့် နှလုံးတွေ
အသုံးပြုပါလေ ကြည်ဖြူပါတယ် လိုရာကို ယူစေ ...

(ကိုအောင်ခိုင် .. စာသား တည့်ပေးတာ ကျေးဇူး)

6 comments:

ရွှေရတုမှတ်တမ်း said...

မင်းချစ်ချစ်ကြီး..တော်တော်ဝနေလို့လား...
ဆေးဖက်ဝင်အောင်ပေးမှ..ပိုဝသွားမယ်နော်

mks said...
This comment has been removed by the author.
Anonymous said...

အောင်မလေးဗျာ.....
ဘယ်လိုပြောရမှန်းမသိအောင်ကို
ကောင်းလိုက်တဲ့အရေးအသား...
အဖွင့် အလယ် အပိတ်..အတွေးအရေး အသုံးအနှုန်း...

အင်း မိန်းမတွေကလည်း သူတို့ ဘဲဘဲကြီးတွေရဲ့ အသွေးအသားတွေက
သူတို့ထက် ပိုပြီးဗိုက်ခေါက်ထူ အဆီတွေများနေလို့
ဘယ်လောက်ကြည်ဖြူကြည်ဖြူ ယူချင်ကြပုံမရဘူးထင်တယ်..(အောင်ခိုင်)

mks said...

ကျေးဇူးအများကြီးတင်ပါတယ် ကိုအောင်ခိုင် ...

ကျနော် နဲနဲ မြှောက်သွားလို့  ချစ်ချစ်ကြီး ခေါ်ပြီး ဆွဲချခိုင်းရတယ်..

Thx again

Anonymous said...

သီချင်းစာသားလေးတွေကိုထည့်ရေးတတ်တဲ့ ကိုမင်းခွန်စိုးအနေနဲ့
(ရူပါရုံရှင်လေးရယ.်....လူတကာခုံမင်ငေးဖွယ်...)ဆိုတဲ့
ညွန့်ဝင်းသီချင်းစာသားလေးတွေကိုထည့်ရေးပါဦး
ဒါမှချစ်ကိုယ်တွေ့ဖြစ်မှာလေ...(အောင်ခိုင်)

mks said...
This comment has been removed by the author.