Sunday, January 22, 2012

ဈေးအကြီးဆုံးကော်ဖီ နှင့် ... ကျနော် တို့ ဒေသ က အုတ်ချား

တလော တုန်းက သတင်းစာ( my paper Monday 31 Oct 2011) မှာ ဖတ်လိုက်ရတဲ့ ဈေးအကြီးဆုံး ကော်ဖီအကြောင်း နှင့် အဆင့်ဆင့် ဖြစ်လာပုံ တွေကို -- ကျွန်တော် တို့ ဒေသ အခေါ် .. အုတ်ချား ဆိုတဲ့ တောကြောင် တမျိုး နှင့် ဆက်စပ် ပြီး စိတ်ဝင်စား စရာ ကောင်းတာ မို့ မျှဝေ ကြည့်ပါရစေ ..

အုတ်ခြား ဆိုတာ က (တောကြောင် တမျိုး ) ကျနော်တို့ ဒေသ ( ကလော- အောင်ပန်း-ပင်းတယ-ပွေးလှ) တ၀ိုက် က အခေါ်ဘဲ ဖြစ်မယ် ထင်ပါတယ် ... တခြားအရပ် တွေ မှာတော့ တမျိုး ခေါ်မည် လား မပြောတတ်ပါ။ ....
 
ကမ္ဘာ့ဈေးအကြီးဆုံး ကော်ဖီ  Civet Coffee ( Coffee Luwak)









CIVET COFFEE .....


Brewed from bean excreted by Asian palm civets.


• Sell for up to US$ 750 per kg.


Role of civet


• Selection of ripe coffee beans.


• Partial digestion said to strip bitterness from taste.


Civet cat ( Civets have a broadly cat-like general appearance )


• Habitat : Tropical Forest


• Range : India, China, Vietnam, Malaysia, Indonesia, The Phillipines, Thailand, Myanmar.


• Length : about 53cm


• Weight : Up to 5 kg

အင်ဒိုနီးရှား ဘာသာ နဲ့ Luwak လို့ ခေါ်တဲ့ Civet Cat  သတ္တ၀ါငယ်လေး များ ဟာ ကော်ဖီစိုက် တောင်သူတွေ ရဲ့ ကော်ဖီသီး တွေ ကို လာရောက် စားသောက် (ဖျက်ဆီး) ကြတယ် ဆိုပါတယ်။ ကော်ဖီသီးတွေ ကို စား ပြီး စွန့်လိုက်တဲ့ Civet တောကြောင် တွေရဲ့ နောက်ဖေးတွေ အသုံးကျ တန်ဘိုးရှိ မှန်း မသိမှီ အချိန်တွေ တုန်းက ဆိုရင် ကော်ဖီစိုက် တောင်သူ တွေဟာ ..အဲဒီ တောကြောင် တွေ ကို လိုက်လံ သတ်ဖြတ်(စား) ခဲ့ကြ ပါသတဲ့ .. ညဘက် တွေ မှာ အစာရှာ ထွက်တတ် တဲ့ ဆာလောင်နေ တတ်သော ဤ ညထွက် သတ္တ၀ါငယ် လေး များ ဟာ ..ယခု အခါ မှာတော့ ကော်ဖီစိုက် တောင်သူ တွေ အတွက် ရွှေဥ ဥ ပေးသော ငန်း များ သဖွယ် တန်ဖိုး ရှိ နေပြီ ဖြစ်တာမို့ ကော်ဖီသီး များ တမင် ကြွေးကာ  မွေးမြူ ၍ပင် နေကြ ပါပြီ တဲ့ ။

အင်ဒိုနီးရှား ဆူမားတြားကျွန်း မှ Civet မွေးမြူရေးခြံ တခု


  


(ကျနော်တို့ ငယ်တုန်းက အောင်ပန်း ရုပ်ရှင်ရုံ နောက်ကြော မှာရှိတဲ့ ကော်ဖီပင် က ကော်ဖီသီးမှည့် နီနီလေး တွေ ကို ခူးစားခဲ့ ကြဘူး ပါတယ် ..ကော်ဖီသီး မှည့် အခွံသား အရသာက ခပ်ချိုချို ရှိပါတယ်)

Civet cat များ ကော်ဖီသီး စားရာ မှာ ကော်ဖီသီး ၏ အပြင်အခွံသား ကိုသာ စားတာ ဖြစ်ပြီး အတွင်းမှ ကော်ဖီ အစေ့ ကို တော့ တပါတည်း မြိုချ လိုက်ပါသတဲ့၊ သူ့ ၀မ်း ပြန်စွန့် ထုတ် လိုက် ချိန် မှာတော့ ကော်ဖီအစေ့ ဟာ ပုံစံ မပျက် ပြန်ထွက် လာတယ် ဆိုပါတယ်။
အစာခြေဖျက်အား ကောင်းသော Civet cats တို့၏ အစာအိမ် တွင်း မှ အင်ဇိုင်းဓါတ် ၊ အက်စစ်ဓါတ် တို့ ဓါတ်ပြု အချဉ်ဖောက်ခါ Civet coffee ဖြစ်လာမည့် ၄င်း ကော်ဖီစေ့ ကို လေးလေး ပင်ပင် အရသာ နှင့် ထူးခြားသော (distinctive fruity aroma) သစ်သီး ရနံ့ ပေးစေ သည်ဟု လည်းဆိုထားပါသည်။

အသေးစိတ် အချက်လက်တွေ ကိုတော့ Google ထဲမှာ Wikipedia ထဲ တွေမှာ ဖတ်ကြည့် စေလိုပါသည်... တခွက် USD 50 လောက် အထိရှိတယ် ဆိုတဲ့ ဒီ ကော်ဖီ ကို... ပြီးခဲ့တဲ့ လထဲ တုန်းက အောချတ် ကော်ဖီဆိုင် တဆိုင် မှာ စင်္ကာပူ ဒေါ်လာ 26.50 လို့ကြော်ငြာ ထားတာ တွေ့ပါတယ်။

Civet Cats ဆိုတာ အုတ်ချား လို့ ကျနော် တို့ ဒေသ သားတွေ ခေါ် တဲ့ အကောင်ဖြစ်မယ် လို့ ယူဆ လို့ အင်တာနက် ထဲက ပုံတွေ ကူးပြီး ဒီတခေါက် အိမ်အပြန်မှာ လိုက်ပြ ကြည့် တာ “ အဲဒီ အကောင်မျိုးဘဲ လို့ ပြောပါတယ်” မျိုးစိတ် ကွဲတွေ လည်း ရှိဦးမှာပါ။

အောင်ပန်း ..ညောင်ပင်ထောင် ရပ်ကွက် မှ ပုလိုင်းကြီး ကို ခေါင်းမှာ သိုင်း၍ အမေ့ ဆီ ပိန္နဲသီး လာလာ ရောင်းတတ် သော ဒေါ်သိန်းရင် ဆီက ကြားဘူးတဲ့ .........
“.. အိမ် က အပင်က ဒီ နှစ် ပိန္နဲသီး နည်းတယ် .. သီးတာတွေ ကလည်း အုတ်ချား လာလာ စားတာမို့ အသီးကောင်း မရဘူး” ....
အုတ်ချား ဆိုတာ ဘယ်လို အကောင်မျိုးလဲ လို့ မိခင်ကို မေးကြည့် ဘူး သည် ..

“ နူတ်သီး( နှာတန်) ချွန်ချွန် နဲ့ ကြောင်လိုလို အကောင်မျိုးဘဲ .. ညဘက် တွေမှာ ထွက်ပြီး အပင်တွေ ပေါ် တက် အသီးတွေ စားတတ်တယ် အရှေ့အိမ် က ဘဘကြီး သကြားသီးပင် ကို အရင်တုန်းက လာလာ စားတယ်လေ”...

ကျနော့် ယောက်ဖ ဖြစ်သူ ကလည်း ကလော ကုန်းပေါ်က အိမ် က တောစပ် မို့ အုတ်ချား တွေ အစာ ရှာ လာတာ မကြာခဏ တွေ့ဘူးကြောင်း ကော်ဖီသီးတွေ စားပြီး ကော်ဖီစေ့တွေ ၀မ်းသွား စွန့်ထားတာ မှတ်မိ သလို ရှိကြောင်း ပြောပြသည် …

ဘေးအိမ်မှ ကိုတင်အေး ကိုမေးကြည့် တော့လည်း    “ ရှိတယ် လေကွာ ကြောင်လိုလို မြွေပါလိုလို အကောင်မျိုး .. အိမ်ကြို ကြား လျှောက်သွားနေတာ တခါတခါ တွေ့တယ် .. မြောက်ဘက်အိမ် က မြေအောက်ခန်း ထဲမှာ လည်း အုတ်ခြား တွေ နေတယ်" ..

(အမ ၀မ်းကွဲ တော်သည့် ၄င်း အိမ်ရှင်တွေ မေးကြည့်တော့ ... အိမ်ထဲမှာ တွေ့ဘူး ကြောင်း အမြီးဖွားဖွား နှင့်.. ညည မီးဖိုခန်းထဲ ၀င်ပြီး အသီးအနှံ ဟင်း နို့ဆီ တို့ ကို လာစားတတ်ကြောင်း ပြောပြ သည်
ကျွန်တော်တို့အောင်ပန်းသားများ အတွက် .. ရပ်ကွက် ၄ .. ဆရာဦးတင်မြင့် အိမ် မြေအောက်ခန်း ထွက်ပေါက် များ တွင် ညဘက် အချိန်ပေး စောင့်ကြည့် နိုင်ရင် ကြုံကြိုက် နိုင်ပါသည် -- ထိုအိမ်ရှင် နှင့် ဦးတင်အေး အဆိုအရ .. )

ထားလိုက်ပါဦးလေ ... ဓါတ်ပုံ ချောင်းရိုတ်ဖို့ အချိန် လည်း မရခဲ့ ...

ယခု ချိန်ထိ အုတ်ချား ကို သေချာ ကျနော် မတွေ့ဘူးသေးပါ .. ဒါပေမဲ့ ဓါတ်ပုံများ နှင့် မေးမြန်းထားချက် တွေ အရ အုတ်ချား ဟာ Civet Cat ဆိုတာ သေချာ နေပြီမို့ ….

နောက် ပြီးတော့ …

ခုတလော ... ပြည်တော်ပြန် ကြဘို့ တချို့ ကလည်း ပြောကြ ဆိုနေကြ တာမို့ ...

ကျနော်လည်း ...

အင်း ... ဒီ အုတ်ချား တွေ လိုက်ဖမ်း ကော်ဖီစေ့တွေ အတင်းကြွေး ..စားပြီး ပြန်ထွက်လာတဲ့ ကော်ဖီစေ့တွေ ပြန်လိုက်စု ပြီး အောင်ပန်း မှာ ကော်ဖီဆိုင်လေး ပြန်ဖွင့်ကြည့်ရမလား ... .... စိတ်ကူးမိပါတယ် ဒါပေမဲ့ ... .... အုတ်ချားxx ကထွက်တဲ့ ကော်ဖီ ကို ...ကျနော် တို့ အောင်ပန်းသားတွေ သောက်ကော သောက်ပါ့မလား ဘဲ .... ပြီးတော့ ကော်ဖီသီး တွေကြွေး ထားပြီး သူတို့ဝမ်းချုပ် နေပြန်ရင် လည်း ..ခက် ..

ဤ အကောင် မျိုးတော့ တခါတုန်း က အောင်ပန်း ရေမဲပင် ချောင်း ရှင်းလင်းရေး လုပ်အားပေးစဉ် စိန်နားပန်ခြုံ တွေထဲတွင် တကောင် ဖမ်းမိဘူးသည် အရှင်မိတာပါ.. ကြောင် ထက် နည်းနည်း ပိုကြီးမည် နွယ်လျှောက်ကျား ဟု တဦးက ဆိုပါသည် ..
(မသိ ဆိုးရွား စွာ ချက်စားခဲ့ကြသည် ) 


(ဓါတ်ပုံ များ Google မှ ယူပါသည် )
 
mks




No comments: