Wednesday, May 25, 2011

OK, Fine

Alahmak, I kena fine.
အလုပ်ထဲ က မလေး Site supervisor တယောက် ကျနော် နှင့် စကား လာပြောတာပါ။

Kena ဆိုတာ မလေး စကား ဖြစ်ပါတယ် .. ထိသည်၊ မိသည်၊ စသည့် အဓိပ္ပါယ် များ ပေါက်ပါ တယ် ။
Kena caught, kena sacked, kena 4D ... စသဖြင့် .. kena 4D ဆိုတာ ဂဏန်း၎လုံး ထီ ပေါက်တာပါ..
စလုံး မှာတော့ Kena ကို တရုတ်လည်းပြော ကုလားလည်းပြော ဘန်းစကား တခု ဖြစ်နေပြီး  ခုလည်း သူ fine ချခံ ရကြောင်းပြောပြ နေ ခြင်းပါ။


ဝုလင်း ဘူတာရုံ က ဆင်းလာ ကြပြီး .. သူ့မိန်းမ Causeway Point မှာ ဈေး ၀ယ် နေတုံး  ..  သူက လူရှင်း သည့် တနေရာ မှာ စီးကရက် သွား သောက် .. ပြီးတော့ စီးကရက်တို နဲ့အစီခံ ကို ကြမ်းပေါ် သို့ လွှင့်ချ လိုက်သတဲ့။ လူလည်း ရှင်း အမှိုက်ပုံး လည်း မရှိ ပါတဲ့။ လူတယောက် ပေါက်ချ လာပြီး NEA မှ ဖြစ် ကြောင်း ကဒ် ထုပ်ပြ ကာ သူ့ ရဲ့ မှတ်ပုံတင် တောင်းပါသတဲ့ ... ( သူတို့ မှာ ဖမ်းခွင့် ၀ရမ်း တပါတည်း  ပါကြတယ် တဲ့ ) မှတ်ပုံတင် ထဲက နာမည် နံပါတ် လိပ်စာ များဖြင့် fine တပ် သည့်စာရွက် တရွက် ပေးကြောင်း နှင့် AXS machine မှာ Fine ၃၀၀ ဒေါ်လာ ဆောင်ခဲ့ရ တယ် ဆိုပါတယ်။
(The lack of a trash can was no excuse to litter).

 
အမှိုက် ပစ်လို့ ဒါဏ်ရိုတ် ခံကြ ရတာတွေ အများကြီး ကြားဘူး ခဲ့ပါတယ် ..
  • စီးကရက် သောက်ပြီး လွှင့်ပစ်လို့ fine 300$ (အရင်က 200$ ကနေ မြှင့်လိုက် တာပါ) ဆောင်ရသူ ..
  • စားသောက်ဆိုင် မှာ ခေါက်ဆွဲ စားဘို့ တူ ယူပြီး တူထည့်တဲ့ စက္ကူအိပ်လေး ကို ကြမ်းပေါ် ချလိုက်မိ လို့ fine 300 ဒေါ်လာ ဆောင်လိုက် ရတဲ့ သူ (စားပွဲပေါ် တင်ထားရင် တောင် စားသောက်ပြီး သွားချိန် သန့်ရှင်းရေး လုပ်သားတွေ လာသိမ်းမှာပါ၊)
  •  ည ၈နာရီ လောက် ကြီး မှာမှ တံတွေးထွေး မိလို့ fine 150 ဒေါ်လာ ဆောင်ရသူ ...
အိန္ဒိယ လုပ်သား တယောက် ပြောပြဘူး တာက .. စနေည တည နက်ဖန် Sunday အလုပ် ပိတ်တာ မို့ အရက်သောက်ပြီး ခတ်ထွေထွေ နဲ့ အဆောင် ပြန်အလာ ... အဆောင် နားရောက်တော့.. လမ်းဘေး သစ်ပင် တပင်အောက် မှာ လောလောဆည် ကမှ ထသွား ကြဟန် ရှိတဲ့ မြေကြီးပေါ် က ၀ိုင်းတ၀ိုင်းက  Coca Cola ပုလင်း တ၀က် လောက် ကျန်နေသေး တာ တွေ့တာနဲ့ ယူ ဖွင့် မော့လိုက်ပြီး .. ပြန်ချထား လိုက်သတဲ့ .. သူ ထပြီး ဆက် အလျှောက် .. လူတယောက် လာခဲ့ ပြီး NEA က ဖြစ်ကြောင်း နဲ့ IC တောင်းတော့ .. သူ့ ပစ္စည်း မဟုတ်ပါ ကြောင်း ရှင်းပြလို့ လည်း မရ .. ဒါဏ်ငွေ ၃၀၀ ဒေါ်လာ ထိခဲ့ ကြောင်း .. ဆိုပါတယ် ..
ကုလားလေးက ကျနော့်ကို သတိတောင် ပေးလိုက် သေးဗျ .. မင်း ရထား၊ ကား ၊ Bus stop ထိုင်ခုံတွေ ပေါ်မှာ သတင်းစာ တို့ တွေ့ တောင် ကောက် မဖတ်နဲ့ ... ဖတ်ပြီး ရင်လည်း အဲဒီ နေရာမှာ ပြန်မချ ခဲ့ဘဲ .. အမှိုက်ပုံး ထဲ သွားပစ် ပါတဲ့။( သူများ အမှိုက် က ကိုယ့် အမှိုက် ဖြစ်သွား မယ်လေ )

NEA website ထဲမှာ လျှောက်ဖတ် ကြည့် တာ..
  • အမှိုက်သေးသေး မွှားမွှား လေးများ .. ဥပမာ .. တစ်ရှုးပေပါ၊ စီးကရက်တို၊ ချိုချဉ်စက္ကူ၊ ဘတ်စကားလက်မှတ်၊ မီးခြစ်ဆံ၊ ကားပါကင်ကူပွန် ဖောက်စာ (Carpark coupon tab အချင်း ၅ မီလီ လောက်ရှိ တဲ့ စက္ကူစ လေးတွေ) တွေဆိုရင် ပထမ အကြိမ် ပစ်သူ ဒေါ်လာ ၃၀၀  ဒု အကြိမ် ပစ်ရင် တော့ fine ဒေါ်လာ ၂၀၀၀  အပြင် CWO ( Corrective Work Order ) ဆိုတဲ့ လူမြင်ကွင်း မှာ အမှိုက်ကောက် တံမျက်စည်း လှည်း တရက် (၃နာရီ) လုပ်ရမတဲ့ ...
  • ကုတ်ဘူး ဘီယာဘူး (Drink can)၊ ပုလင်း နှင့် အခြား အရွယ်စား ပိုကြီးတဲ့ အမှိုက် တွေပစ်ရင်တော့ ဒေါ်လာ ၂၀၀၀ နဲ့ CWO ပါ။ (Small Items လို့ မသတ်မှတ်ပါတဲ့)
  •  တံတွေး ထွေးရင် ဒေါ်လာ ၁၅၀ .. ဟိုကြား ဒီကြား ရှုရှုး ပန်းရင်လည်း ၁၅၀ ပါတဲ့....
ကွမ်းထွေး ရင် ၁၅၀၊ ဒါက spitting offence အနေ နဲ့ဆိုရင်ပေါ့ ... နံရံ သွားထွေး ပြီး ကွမ်းသွေးအနီကြီး ပေကျန် ခဲ့လို့ ရစ်ပြီး Vandalism ဆိုတာကြီး နဲ့ တံဆိပ်ကပ် လိုက်ရင်တော့ အဲဒီအတွက် ဒါဏ်ငွေဟာ ၂၀၀၀ အထိ (သို့) ထောင် ၃နှစ်အထိ (သို့) ကြိမ်ဒါဏ် ၈ချက် အထိ .... ဖြစ်သတဲ့ ...

NEA က ပုဂ္ဂိုလ်တွေ အပြင် .. ရဲ၊ လုံခြုံရေးအစောင့်၊ ပန်းခြံအစောင့်၊ ရထား နှင့်ဘူတာဝန်ထမ်း များ၊ ဟာလည်း အမှိုက် ပစ်သူတွေ ကို အရေးယူ နိုင်ပါသတဲ့။
သူတို့တွေ ကလည်း ယူနီဖောင်း အပြည့်နဲ့ လူလုံးပြနေ တာတွေ့ရလေ့ မရှိပါဘူး .. Ambush အငိုက်ဖမ်း ကြတာ များပါတယ်။
Ambush လုပ်တတ် ကြတဲ့ ရွာက ဘဲဥ တွေလိုပေါ့ ... ကားမောင်းသွားရင်း မီးပွိုင့်ကြီး စိမ်းနေတာ ဖြတ်မောင်းလာ .. ဖြတ်ဖြတ်ချင်း ၀ါရော .. ပြီး ချက်ခြင်း မီးနီ ... ကားက လမ်းလယ် ရောက်နေပြီ .. ဆက်မောင်း လိုက်တာ ... ဘယ်ချောင် ကထွက်လာ မှန်းမသိတဲ့ မော်တော်ပီကယ် ၃-၄ ယောက် ...တား .. လိုင်စင်ပေးပါ.. (ရုံးသွား ရင်တသောင်း + အချိန်) ... ၅၀၀၀ - ၆၀၀၀  လောက် နဲ့ ဆစ်လို့ ရတတ် ပါတယ် ။

ကဲ ဆရာတို့ .. စီးကရက် သောက်ပြီး ထောက် ကနဲ တောက်ပြီး လွှင့်လိုက်တာ ဟာ ... ဒေါ်လာ ၃၀၀ ကို ထောက် ကနဲ လွှင့်လိုက် သလိုလည်း ဖြစ်သွား နိုင်တာမို့  ...

..... ငှက်ပျောသီးများ ..စားတဲ့ မိတ်ဆွေ များ ... ပေတရာ ပေါ်မှာ မပစ်နဲ့ ငှက်ပျောခွံများ ...

mks

(ဓါတ်ပုံ Google မှယူပါသည်)

No comments: