Wednesday, November 17, 2010

ပုံရိပ်ဟောင်းများ

ပထမနှစ်ကျောင်းသား ဘ၀မှာတော့ နန်းရှေ့ဆောင် မှာနေရပါတယ်...Main ထဲနဲ့ အဆောင် ၃-၄မိုင်လောက်ရှိ မယ်ထင်တယ်။ နန်းရှေ့ဆောင် မှာ ပထမနှစ် ကျောင်းသားတွေကိုဘဲ ထား တာပါ။ ပထမနှစ် အဆောင်စ နေတုန်းက အမှတ်တရ တခုကတော့ ...အဆောင်မှုး ဦးမြ၀င်း (UTC ဗိုလ်မှုး)ကိစ္စတခု နဲ့ ရန်ကုန်သွားနေတုန်း အဆောင်ကျောင်းသားတွေ တဆောင်လုံးနီးပါးထွက်ပြီး၊ အဆောင်မှုး အိမ်ဘေးက ငါးမွေးကန်ထဲက မွေးထားတဲ့ တီလားပီးယားငါးတွေ မျှားပြီးကြော်စားကြတာပါ။ ကျောင်းသားတွေနဲ့ရောပြီး အဆောင်ရှေ့ က ဂျီခုံထောင်တဲ့ ကိုသိန်းညွန့် ပါ ၀င်ပြီး မျှားယူသွားသေးတယ်။
အဆောင်နေကျောင်းသားဘ၀ ရဲ့ " မပြောမရှိ နဲ့ဟေး" ဆိုတဲ့ အသံကို အဆောင်နေဘူးကြသူတွေ သတိရ နေကြဦးမယ် ထင်တယ်။ ကြားတဲ့သူတိုင်း နီးရာ ပြူတင်းပေါက် ကော်ရစ်ဒါ ကနေ ထွက်ကြည့်ကြတာလေ။

မိုင်၂၀ လမ်းလျှောက်ကြတော့ ..အဆောင်ကနေ မနက် ၄နာရီလောက် ဟီးနိုးရိန်းဂျားကားတွေနဲ့ Main ရှေ့ ကိုပို့ပေးပါတယ်။
M.A.S.U Main ရှေ့က စထွက် .. ရန်ကင်းတောင်ခြေအထိသွား ..
ပြန်လှည့် MASU တက္ကသိုလ်ဆေးရုံ မှာ ပန်းဝင် ပါတယ်။ တက္ကသိုလ်ဆေးရုံ မှာ Color Blindness စစ်တော့ .. အစ အဆုံး အတူတူ လျှောက်ခဲ့တဲ့ ရွာငံက ခင်မောင်ဝင်း ကာလာဘလိုင်း ဖြစ်နေလို့ ..နောက် စီးပွားရေးတက္ကသိုလ် ကို ပြောင်းပြီးသွားတက် ရပါတယ်။ အဲတုံးက ပထမဆုံးပန်းဝင်တာ ရွှေဘိုသား သန်းနိုင် ..။ ( ကိုကျောက် ကတော့ သူငယ်ချင်းတွေ အကူအညီ နဲ့ စောင့်တဲ့ ဆရာတွေ အလစ် စက်ဘီး နဲ့ လိုက်စီး သလားမသိဘူးး))။
ပထမနှစ်တော့ ကွင်းမဆင်းရပါ။ 1st Year Geology ကို ဆရာဦးကံစော သင်ပါတယ်။ Quartz ဆိုတာကို စကြားဘူးပါပြီ။


ပထမနှစ် ဘူမိ ယူနီဗာစီတီကျောင်းသားတဦးပုံး)
အဲဒီတုန်းက မြန်မာပြည်မှာ University ၂ခုဘဲရှိတာမလား၊
 ဆရာ ဦးမိုးစိန် ခေါင်းဆောင်တဲ့ ဒုတိယ နှစ်မန္တလေး တက္ကသိုလ် ဘူမိဗေဒ ကျောင်းသားများ Field က နွားထိုးကြီး ဘက်ဆင်းပါတယ်။ နွားထိုးကြီး Anticline နေရာ Traverse သွားတော့ ဆရာကြီး ခြေလှမ်း ကို ကျနော်တို့ အမှီ မလိုက်နိုင်ခဲ့ကြပါ ..ပြတ်ကျန်ခဲ့လို့ အဆူခံကြရပါတယ်။ ရေဘူးတွေ ကုန်ပြီး ရေအရမ်းငတ် ခဲ့တာပြန်သတိရပါတယ်။
နောက် အုပ်စု ၃စု ခွဲလိုက်ကြပြီး တရွာစီ မှာ စခန်းချကြတော့  ဆရာဦးလာဂျာ ခေါင်းဆောင်တဲ့ ကျနော်တို့ အုပ်စုက ခံစပ်ကုန်းရွာ ရောက်ပါတယ်။ ( ဆရာဦးသိုက်ထွန်းသော်အဖွဲ့(မင်းဂုံတောင်)၊ ဆရာဒေါက်တာ တင်သိန်းအဖွဲ့(ဖလံကုန်း))။ တည မှာ ဆရာဦးလာဂျာ က သူတို့ကျောင်းသားဘ၀တုံးက အကြောင်းတွေပြန်ပြောပြတယ် ..

" ငါတို့ Field ဆင်းတုံးက ဆရာဦးသာလှ က ရှေ့ကနေသွားတော့ ဒို့တွေ ကနောက်ကနေပြီး မောမောနဲ့  သာလှလူမိုက် သာလှလူမိုက် လို့ ဆရာကြီး မကြားအောင် အော်ပြီးလိုက်ကြတာကွ" ..

နောက်နေ့မနက် ကွင်းဆင်းလို့ စင်္ကြာတောင်တက် ကြတော့ မြင်းခြံသား ထွန်းစိုးက လာဂျာလူမိုက် လာဂျာလူမိုက် လို့တိုးတိုးအော်ပြီး လိုက်ပါရော ..မောမောနဲ့ ကျနော်တို့ မှာ ရီလည်းရီချင် ရီလည်း မရီရဲ .. အမှတ်တရတခုပါ.. (ကန်တော့ပါ ဆရာဦးလာဂျာ ခင်ဗျာ)။
ကျောင်းပြီးတော့ ထွန်းစိုး R.A.S.U Geology Dept. မှာ ဆရာ ၀င်လုပ်ပါတယ်၊ အင်း .. သူ ဒီအကြောင်းကို သူ့ကျောင်းသားတွေကိုတော့ ပြောပြမယ် မထင်ဘူး .. နို့မို့ " ထွန်းစိုးလူမိုက် ထွန်းစိုးလူမိုက်" ဆိုတာ ဆက်ရင် ဆက်နေဦး မှာလေ .. ( အမှတ်တရ ပေါ့ သူငယ်ချင်း ထွန်းစိုးရေ)


                                        ဒုတိယနှစ် Field ဆင်းမဲ့ မနက် Main ရှေ့



ခံစပ်ကုန်းရွာ စကြာင်္တောင် နောက်ခံ ဖြင့် ... Survey လက်တွေ့

ရှေ့ .. လှမိုး(မြိုင်) ကြည်စိန်(မြင်ကွန်း)ဇော်ဌေး(သာစည်)သိန်းဇော်(ရေစကြို)၀င်းနောင်(မိတ္ထီလာ)
နောက်.မောင်မြင့်(သာစည်)ခင်မောင်စိုး(ချောက်)စိန်လင်း(မကွေး)မြင့်ဆွေ(ရေစကြို)မော်ခမ်း(အောင်ပန်း) ရဲညွန့်ဦး(ချောက်) တိုးအောင်(သာစည်)။

တတိယနှစ်ကြတော့ ဆရာဦးဗိုလ်ဆန်း ခေါင်းဆောင်ပြီး ကျနော်တို့ နွားထိုးကြီး ဘက် ဘဲ ပြန်ဆင်းပါတယ်။
ထန်းတောမရွာ၊ အိုးပုံတောရွာ၊ မိုးတိမ်ပြင်ရွာ .. ကျနော်တို့ ကျောင်းသားအဖွဲ့ နဲ့ မိုးတိမ်ပြင်ရွာအသင်းနဲ့ ဘော့လုံး ကန်ကြတော့ .. MASU လက်ရွေးစဉ် ဟန်မော် ရဲ့ ခြေသလုံး မွေးတွေ လိမ်ကောက်နေတာကြည့်ပြီး မိုးတိမ်ပြင်ရွာသားတွေက မြို့ကလာတဲ့ကျောင်းသား ဆိုတော့ ခြေသလုံး မွေးတွေ စက်နဲ့ကောက်ထားတာ လို့ပြောကြလို့ . ဟန်မော်ရဲ့ နာမည် စက်ကောက် လို့ တွင်သွားပါတယ်။
တတိယနှစ် Field ရဲ့ အမှတ်တရ ကတော့ .. ညနေ ကွင်းဆင်းပြီး ပြန်လာကြတော့ Repeater ၂ယောက်နဲ့ ကျနော် .. ထန်းတက် နေတဲ့ ထန်းပင်အောက်သွား .. ထန်းပင်ပေါ်က ချလာစ ပင်ကျရည် ပုဇွန်ဆိပ်ခုန် ၂မြူလောက် သောက်ပြီး Camp ကိုပြန်လာ ..မူးလည်းမူး ဆရာသိမှာလည်းစိုး တော့ ထိန်းနေနေရတာပေါ့။ ညစာ ထမင်းစားပြီး ပန်းကန်ဆေးတော့( ကိုယ့်ပန်းကန် ကိုယ်ဆေးကြရပါတယ်) ပန်းကန်ဆေးပြီး ပန်းကန်ထဲက ရေကို ကိုယ့်ခေါင်းပြန်လောင်းချပြီး ဟားဟား နဲ့အော်ရီနေတော့ ထန်းရည်သောက်တာ ပေါ်သွားရော။ ဆရာ ဘာမှမပြောဘဲ မသိသလိုနေပေးခဲ့ပါတယ်။

3rd yr Field ဆင်းမဲ့မနက် Main ရှေ့ မြင်းခြံ ပြည်တော်အေးကား စောင့်နေတုံး
ဆရာဦးဗိုလ်ဆန်း ခေါင်းဆောင်တဲ့ တတိယနှစ် ကွင်းဆင်းအဖွဲ့ Field သိမ်းပြီး ကျောင်းပြန်အရောက်
ရှေ့ ..မြင့်ဆွေ(တောင်သာ)မော်ခမ်း(အောင်ပန်း)ဇော်ဌေး(သာစည်)မြင့်ဆွေ(ရေစကြို)သန်းရွှေ(နမ္မတူ)၀င်းနောင်(မိတ္ထီလာ)ခင်စိုး(Repeater)မျိုးမြင့်(မန္တလေး)ရဲညွန့်ဦး(ချောက်)။
နောက် .. သန်းလွင်(လွိုက်ကော်)ဖုန်းမြင့်(ချောက်)ဆရာဦးဗိုလ်ဆန်း၊ ဇင်လှိုင်(တောင်သာ)နေလင်း(Repeater)စံထွန်းဝင်း(Repeater)သိန်းဇော်(ရေစကြို)တိုးအောင်(သာစည်)ဟန်မော်(မန္တလေး)မောင်မောင်တာ(Repeater)မောင်မောင်မြင့်(သာစည်)

3rd yr Field ဆင်းတုံးက ခင်ခဲ့တဲ့ ထန်းတောမရွာက ကိုလှမြင့် မန္တလေး လာလည်တုံး အမှတ်တရ
စတုတ္ထနှစ် ရောက်တော့ မေမြို့အရှေ့ဘက်က ဖာသင်း ခေါ်တဲ့ ရှမ်းရွာ လေး က မူလတန်းကျောင်းလေးမှာစခန်းချပါတယ်။ Field Leader ဆရာ က မန္တလေးဝိဇ္ဇာ နှင့်သိပ္ပံတက္ကသိုလ် ဘူမိဗေဒ ဌာနရဲ့ တဦးတည်းသောဆရာမ ဒေါ်နေသောင်းသောင်းပါ။
ကျောင်းHall ထဲမှာ ကျနော်တို့ အိပ်ကြပြီး ဆရာမ ကတော့ တွဲရက် ကျောင်းရုံးခန်းမှာအိပ်ပါတယ်။ ညဘက် တခါတလေ ပိုကာဆွဲရင်တော့ ဆရာမလည်း တအိမ်ဝင်တာပေါ့၊
အမှတ်တရ တခုက ဆရာမ ညရေးညတာ တပိုတပါးသွားဘို့(စိုင်း)မောင်မောင် က ၀ါး ကျည်တောက်တွေ ခုတ်ထားပေးပါတယ်။ Field သိမ်းပြန်ကြတော့ (စိုင်း)မောင်မောင် ယူလာတဲ့ အ၀တ်ထည့်တဲ့ သံသေတ္တာထဲ ၀ါးကျည်တောက်၂ခု သူမသိအောင် တိတ်တိတ်ထည့်ပေးလိုက်ကြတယ်၊ လက်သည် က MASU လက်ရွေးစဉ် ဂိုးသမား ပဲခူးသား မြတ်ထွန်းပါ။ဖော်လိုက်ပြီ မြတ်ထွန်းရေ..( နှစ်၃၀ကြာပြီးမှ ဖော်ကောင်ဘညွန့်ကြောင့် အမှု့တော့ပေါ်ပြီ .. စိတ်မဆိုးပါနဲ့တော့မောင်မောင်ရေ .. စကားမစပ် အဲဒီ အပေါ့အိုး အဲလေ ၀ါးကျည်တောက်တွေ အမှတ်တရသိမ်းထားသေးလား? ;p)။

 Final year မှာနေခဲ့တဲ့ အောင်မင်္ဂလာအဆောင်ပုံပါ   (Final Field ပုံတွေမရှိလို့)    

ကျောင်းပြီးလို့ဘဓရ အလုပ်ဝင်တော့ 1st Field မြန်မာပြည်တောင်ဘက်စွန်းကရွှေကျွှန်း


ရွာကို ကတိုက်ကရိုက် ပြန်သွားရလို့ အခုမှ ရေးဖြစ်ပါတယ် မကေ။
ကြာခဲ့ပါပြီ ... ကျနော် အသက်လည်း နှစ်တွမ်တီး တတင်းပလပ်ပလပ်စ် တွေဆိုတော့ငယ်ဘ၀ကို ခဏပြန်ရောက်သွားတုံး စိတ်လည်းခဏတော့ ပြန်နူပျို သွားတယ်။ ကျနော်လည်း သူ့ကျောင်းမှာ အလှူ လုပ်ရင် ဆိုင်း မထည့်ရ ဆိုတဲ့ ဘုန်းကြီး လိုပါဘဲ .. ကျေးဇူးပါ ..( For inspiration)
 
mks



9 comments:

ရွှေရတုမှတ်တမ်း said...

မော်ခမ်းရေ....
ငယ်ငယ်က သူငယ်ချင်းတွေပုံတွေကြည့်ပြီး..
အချို့ကောင်တွေ ရုပ်မဖမ်းမိတော့ဘူးကွ..မင်း၊ တိုးအောင်၊ ချာတိတ်မြင့်ဆွေ၊စိန်လင်း၊ရဲညွန့်ဦး၊ လှမိုး၊မြစ်ခြေအောင်ဝင်း၊ တို့က ပြန်တွေ့တော့ ငယ်ကပုံမပျောက်သေးဘူး၊ ဗန်တီတို့ သန်းထွန်းတို့လဲ မပျောက်ဘူး၊ ဝင်းနောင်ကို မုံရွာမှာတွေ့တော့ ငယ်ပုံနဲ့တော်တော်ကွာသွားပြီ၊ မောင်မောင်ကတော့ တောင်ကြီးမှာ ဒု ပါချုပ်လို့ပြောတယ်၊ မမသောင်းရဲ့ ဝါးကျဉ်ထောက်ကြီး ခုထိသိမ်းထား သေးလားမသိဘူး..

kay said...

အားပါး..ကိုစိုင်း ပုံရိပ်ဟောင်းတွေမှ..တကယ့် အလန်းကြီး ရှိသေးပါလား။ ( ဓါတ်ပုံ ဆေးသား တွေ ပြောတာပါ)
ကိုကြီးကျောက်ထက် သာသွားပြီ။

ထန်းရေ နဲ့ ဘူမိ ကျောင်းသား ဆိုတော့..ညီပုလေး ရဲ့ သံလိုက်အိမ်မြှောင် ၀တ္တုတိုလေး ကို သတိရသွားတယ်။

မိန်းကလေး မပါတဲ့..ဘူမိ စာသင်နှစ်တွေ ကို..ဆရာမ ဒေါ်နေသောင်းသောင်း တို့..ဘယ်လို ကျော်ဖြတ်ခဲ့ပါလိမ့်နော်။း) အာဂ ဆရာမပါပဲ။

ကိုကြီးကျောက် က တော့ သေချာတယ်..မိုင်၂၀ မှာ စက်ဘီး ခိုးစီးမှာ..။

ထန်းတောမ ရွာက..ကိုလှမြင့် အပြင်..တခြားဘယ်ရွာက..သူကြီးသမီးလေးတွေ ရော..မန်းလေးကို လာမလည်ကြဘူးလား။

ဘူမိ က..ဆရာမ တယောက်..ကွင်းဆင်းရင်း..မီးရထားရုံပိုင်လေးနဲ့..ဖူးစာဆုံတဲ့..ဇာတ်လမ်းတော့..ရှိဘူးတယ်နော်..း)

ပုံတွေ ဝေေ၀ ဆာဆာ နဲ့.. ဖတ်ရတာ..သိပ်ပျော်တာပဲ..။
ခဏ ပဲဖြစ်ဖြစ်..ဘာပဲဖြစ်ဖြစ်..အဲဒီ အချိန်ကာလတွေကတော့..အတွေးထဲမှာ အမြဲ.. နွေးထွေးနီးကပ် နေတုန်းပါပဲ..ကိုစိုင်းရေ..ကျေးဇူးတင်ပါတယ်။ ( အမ သီ တို့..ဖတ်ပြီး ဘာပြောမလဲမသိ.. )း)

mks said...

ကိုကျောက် .. ပြည်တော်အေးကားစောင့်နေတဲ့ ပုံမှာ တဦးတည်းသော မတ်တပ် ရပ်နေတာ မောင်မောင် လေ..

mks said...

မကေ .. ကျနော်တို့ Final Field ဆင်းတော့ ဆရာမ က လက်ထပ်ပြီး စ လေ... ဆရာမ အမျိုးသား Field ထဲ လိုက်လာခဲ့သေးတယ်။ အဲဒါတော့ ဆက်မရေးတော့ဘူးနော ... ဆရာမရေ .. စိတ်မရှိပါနဲ့ .. ဒီPost ကို ဖတ်မိကြားမိပြီး ကျနော်တို့နဲ့အတူ ဆရာမလည်း ငယ်ဘ၀ကိုခဏ ပြန်ရောက်ကြည်နှူးနိုင်ပါစေ..

မကေ .. အဲဒါ လယ်ပြင်ဘူတာက ရုံပိုင် ကိုကျော်ဝင်း ပါ .. RASU Field ဆင်းတဲ့အဖွဲ့ ဆရာမဒေါ်ဝင်းကြည် ထင်တယ်။ ကျနော်တို့ လယ်ပြင်ဘက် ဘဓရ ကွင်းဆင်းတော့ ဘူမိဆိုတဲ့ သံယောဇဉ်နဲ့ ကိုကျော်ဝင်း အကူညီတွေပေး .. သိပ်သဘောကောင်းသူပါ။

Moe Cho Thinn said...

ကျောက်ကေ လက်တို့လိုက်လို့ ရောက်လာတာပါ။
အတိတ်ဟောင်းတွေ လှန်လှောတော့ သတိရစရာတွေ ဖြစ်ကုန်တာပေါ့။
စီနီယာတွေ လက်ထက်တုန်းကလဲ ကဲ ကြတာပဲ၊ ဘူမိကတော့ အစဉ်အလာကို ထိမ်းသိမ်းမြဲပဲနော်။

Thu said...

U Sai, Thanks for post.
I found that 78 batch is smart batch as 58, 69, 70and so on both MU and YU. (i.e. 58 of Dr.U Thein, Dr.ML Thein, U Thaw Tint, MOGE U Than Nyunt, Ma Pathay)
I mean smart batch is "majority of batch" stands well their fields and supported to other.

Thu said...

P.S.
66 batch of Dr.Tin Thein, Dr.Pe Mg Than, U Hla Kyi, U Myint Khine and might have some peoples.
Both two are specialized in paleontology, by the way most paleo specialists in YU and MU are out spoken and used vivid words that you know well as being of Saya Thaw's student.

Thu said...

U Sai, that's right, you have to be proud as of long termed fellow of Saya(gyi) Thaw who was fluent english and skillful in subject matter.
I learnt that Saya Thaw was soft and gave favorable hand to subordinates but prompt response unlikely to the same and above levels.
That nature is quite different of most we commonly found peoples who opressed to lower and flatter to upper.

mks said...

"most paleo specialists in YU and MU are out spoken and used vivid words that you know well as being of Saya Thaw's student."
ဟုတ်တယ်နော် .. ခုမှသတိထားမိတယ် (ကြားဘူးတာကိုဆိုလိုပါတယ်)..
ကျနော်ဟာ 1st year to final .. ဆရာသော် MASU Geology Dept.ဌာနမှူး တာဝန် ထမ်းဆောင်နေချိန် ကျောင်းတက်ခဲ့သူတွေထဲကပါ။ ဆရာသော်ကို အင်မတန်ချစ်ခင်လေးစား သူတွေထဲက တယောက်လည်းဖြစ်ပါတယ်။ out spoken လို့ ပြောကြတဲ့ ဆရာကြီးဟာ ကျနော်တို့ ကျောင်းတက်ခဲ့စဉ်ကာလတလျှောက်ရော .. နောက်ပိုင်း ဆုံချိန်များမှာပါ A Very Soft spoken Gentleman တယောက်အနေနဲ့ဘဲ ကျနော်(တို့) ကြုံဆုံခဲ့ဘူးကြောင်းပါ။
ကွန်မင့်အတွက် ကျေးဇူးပါဗျာ။