Tuesday, January 5, 2010
၅၉-၆၁ ၂၃လမ်း (အောက်)
၂၃ လမ်း အောက် ဘလောက်
မနက် ၄နာရီကျော် လောက် ဆိုရင် ကျနော် တို့  နေတဲ့ အခန်း နှင့် (တကယ်တော့ ၁၀ နှစ် ကျော် တည်းခိုခဲ့ တာပါ) မလှမ်းမကမ်း က ကိုဇော်ထွန်း လ္ဘက် ရည် ဆိုင် တနေ့ တာလုပ်ငန်း Run ဘို့ စတင် ပြင်ဆင်ပါပြီ .. မီးမွှေး .. ရေနွေးကြို ..
ဟေ့ကောင် ဇော်ဝမ်း ထ .. အောင်မာ .. တိုင် မှီပြီး ငိုက်တောင် နေသေး .. သောက်မဲ့ လူတွေ ရောက်နေပြီ”..
 သူတို့ ကတော့ ဘေး ပတ်ဝန်းကျင် ကို ဂရု ပြု တာမရှိ .. သူတို့  ဈာန် နဲ့  သူတို့ ....
ဂွမ်း... ဂွမ်း  ရေပီပါ ထဲ ဒန်ရေခွက် ပစ်ထဲ့တဲ့အသံ ရေနွေးကရား အဖုန်း ဖွင့် ပိတ် သံတွေ နဲ့ ... ...ကျနော်တို့ လည်း နိုး လာကြရ ပါပြီ .. ကြိုးစား ပြန် အိပ် ကြည့် ... ကြည့် ...ကြည့်
ဂွပ်... ဂွပ်.. ဂွပ် ... အဲဒါ .. မိညို ..
လမ်းထိပ် ကို အုန်းနို့ ခေါက်ဆွဲ ဆိုင် ဖွင့်ဘို့  သွားရင် သူ့ ခုံဘိနပ် အမြဲ ရှပ်တိုက် စီးတာ .. အခန်းရှေ့ က ၃ ခေါက် ထက် မနည်း သူ့ ဆိုင် နဲ့  အိမ် ကို ခေါက်တုန့်ခေါက်ပြန် Shuttle ကူး ပါတယ် ၊တိတ်ဆိတ်နေ သေးတဲ့ မနက်ခင်း စောစော အချိန်လေးမှာ တိုက်အမြင့်တွေ ကြားထဲက ဒီအသံတွေဟာ ပဲ့တင် (Echo) လိုက်နေတတ်ပါတယ်။
မြေညီထပ် က ဒီအခန်းလေး ကိုလည်း အရှေ့က ဘာဂျာတံခါး လေး ဘဲ စေ့ထားပြီး အိပ်ကြတာမို့အသံတွေဟာ ကျနော်တို့ အိပ်တဲ့ အထပ်ခိုးလေး အပေါ်အလုံးအရင်း လိုက် စုပြုံတက် လာကြပါတယ် .. မိညို သူ့ဆိုင်ရောက် သွားပြီးရင်  ရာဘာ ဘိနပ်အမြီး ပိုင်း နဲ့  သူ့  ဖနောင့် တဖျတ်ဖျတ် ရိုတ် ပြီး စီးတတ် တဲ့ မိညို ရဲ့ အကို “ခွေးလေး” တွန်း တဲ့ ဟင်းရည်အိုး တွန်းလှည်း တ ဒုတ် ဒုတ် နဲ့ ဖြတ်သွားပြီး ရင်တော့ တခါ ညိမ် သက်သွားပြန် ပါရော၊  အင်း တချက် ပြန် မှေး လိုက်ပါ ဦး မယ် လေ .... အင်း ..
ပဲ ဟဲ ဟဲ ပြုတ် ... လာပါ ပြီ သူ ... ၀ယ်နေ ကျ ဖောက်သည် တွေ ဆို တော့ ..ဒီအခန်း ရှေ့  မှာ ဘဲ ရှေ့တိုး နောက်ငင် ခေါက် တုန့် ခေါက် ပြန် ...
ဝယ် တဲ့ သူ ထွက်မလာ မခြင်း ပဲ ဟဲဟဲ ပြို့  နေတော့ တာဘဲ ...
“ဟေ့ရောင် ကျော်ဆွေ ထ တော့ကွာ ပဲပြုတ် ၀ယ် ဦး မှာ လား” ...မန်နေဂျာကြီး ကို နှိုးလိုက်သည် ..       @ X %.. e.. r   ....   
တဆက်တည်း မှာ ဘဲ ..
တွီ .. ဟီ .. ဟီ .. ဟီ    အပေါ်ထပ် က ရေတင်ပြီ ..
ဒီ အခန်း ၃ ခန်း (၃ ထပ်)လုံး အတွက် ရေ မော်တာ က တလုံးထဲ ရှိပြီး ရေ မော်တာ ကို အိမ်ထဲ မှာထားတော့ သိပ်ဆူပါတယ် .. ကဲ ကဲ ထ တော့ ရေတင် တုံး ရေချိုးထား...
ဂ လင်း ဂ လောင် ဂ လောင်... “မယ်စလီ အမှိုက် သွန် လိုက် အုံး ဗျို့  ကျနော် ရေချိုး နေလို့  ...”
ရုံးခွဲ ရဲ့ အထွေထွေ လုပ်သား ကြီးကို လှမ်း သတိပေး ရပါသေး ..
ဒညင်းသီးပြုတ် ( ၁၀၀ ဘိုး ၃ကင် .. တကင် အဆစ်တောင်း လို့  လူပါ ခေါ်ထားလိုက် ပါလား တဲ့) ဟီး .. ကျုပ်တို့တောင် ကပ် နေနေ ရတာ ကို ...
ကျွဲ ခေါင်းသီးပြုတ် ( မာကြာပါလာ ပါနီ .. လို့  ကုလားလိုထည့် အော်သေး)
ကားတာယာ အဟောင်းတွေဝယ်တယ်
မောင် ခိုင်..မြဲ တံမျက်စည်း ( ဖုန်း ဖုန်း ..တံမျက်စည်း ကို လမ်း ပေါ် ရိုတ် ပြ တဲ့အသံ)
ဟွန်းကေ့ 
ကြက်ဥ ခေါက်မုန်
အာပုံ
ပုလင်းဝယ် ဒန်ဝယ်
အကုန် ရေးရင်တော့ ... ဆန့် တော့မှာ ဟုတ်ဘူး ...
တဖက် ၅ အိမ်စီ လောက်ကြားရအောင် စေတနာ နဲ့ ဖွင့်ပြတတ်တဲ့ တအိမ်က ညပိုင်း ဘီဘီစီ မြန်မာ ပိုင်း အစီစဉ် ပြီး ရင် တော့ လမ်းလေးထဲ မှာ ညိမ်သက်ခြင်း နဲ့ ပြန်ကြုံ ရ ပါပြီ ...
တအောင့်ကြာရင် တော့
မုန့် ...ဖက်..ထုပ် .... နဲ့  တကယ် ပွဲသိမ်း ပါပြီ ၊ သန်းခေါင် လောက်မှာ ကြွက် ပစ်တဲ့ အဖွဲ့ မလာရင်ပေါ့..
(ကြွက်ပစ်တဲ့ အဖွဲ့ နဲ့  အင်တာဗျူး လုပ်ထားတာ ကြုံ ရင် ရေး ပါဦးမယ်)                           
----------------------
ကျနော် တွေး မိတာ က ... ဒီအသံ တွေ နဲ့ နေ့ စဉ် ကြုံဆုံ နေကြ သူတွေ ရဲ့  အကြားအာရုံ ကို မသိမသာ များ ထိခိုက် နေမှာလား လို့ ပါ ။
Reader's Digest မှာ ဖတ်လိုက်ရတဲ့ .. စင်ကာပူ၊ ဘန်ကောက်၊ ကွာလာလမ်ပူ တို့  မှာ စမ်းသပ် တွေ့   ရှိချက် ဆိုတာတွေ အရ  ရထားဘူတာ ရှော့ပင်းမော စားသောက်ဆိုင် တွေမှာ ပျှမ်းမျှ အသံနှူန်း 70 decibles ရဲ့ အထက်မှာရှိ ပါသတဲ့ ... တရုတ် စားသောက်ဆိုင် တခုဟာ သူရဲ့ အဆူညံ ဆုံးအချိန် မှာ 109.5 decibles ရှိ ဆိုဘဲ ...
အဲဒီ Report မှာ ဖော်ပြထားသေးတာက ဒီ ဆူညံ နှူံး ထဲမှာ ဆက်တိုက် နေသွားမယ် ဆိုရင် ကျနော်တို့ ရဲ့ နား အကြား အာရုံ ပျက်စီးမယ်တဲ့ ...နားတွေ လေးလာမယ်ပေါ့ ..  ဟုတ် သော်ရှိ မဟုတ်သော် ရှိ ပေါ့လေ
ဖတ်မိတဲ့ စာတပိုဒ် ထဲက ရေးထားတာကို ဒစ်ရှင်နရီ လှန်ပြီး  ကိုယ်နားလည် သလို တိုက်ရိုတ် မြန်မာ မူ့  ပြုလိုက်ရင် ..မူလ ဆိုလိုတဲ့ အဓိပ္ပါယ် မရောက် မှာစိုးလို့ အဲဒီ စာပိုဒ် ကို အရင်းတိုင်း ဘဲ ကူးတင် လိုက်ပါရစေ ..ဖတ်မိပြီး သူတွေ လည်းရှိမှာ ပါ။
ဆူညံတဲ့ အသံဗလံတွေ နဲ့ နွယ်ပြီး ဖြစ်လာ တတ်တာတွေ က....
  • High Blood pressure
  • peptic ulcers
  • cardiovascular deaths
  • strokes
  • suicides
  • degradation of the immune system, and
  • impairment of learning.
Noise is also associated with an increase in aggression and a decrease in cooperation. ဟူ၏။
   --------------------------------------
ကျနော် အဲဒီ လမ်းလေး ထဲမှာ နေတုံးက နေ့ စဉ် ကြားခဲ့တဲ့ အသံ တွေဟာ နောက်ပိုင်း မှာ တော့ နားယဉ် သွားပြီး အေးဆေး ဖြစ်သွား ခဲ့ ပါတယ် ...
ဒါမှ မဟုတ်ဘဲ ...
ကျနော် တကယ် ကြီးနားလေး သွားတာလားတော့  မသိဘူး ဗျ
4 comments:
ရွှေရတုမှတ်တမ်း said...
ငါတော့မကြားချင်တဲ့အသံဆို နားလေးပစ်လိုက်တာပဲ..
း)))
mks said...
အကောင်းဆုံး ကျင့်ကြံ ခြင်းပေါ့ သူငယ်ချင်း ..
မောင်မိုး said...
အင်း...အသံ၏ နှိပ်စက်ခြင်းကို ခံနေရသူတစ်ယောက်တော့ တွေ့ပြန်ပြီ။
mks said...
ကိုမိုး .. ကျနော် တို့ လည်း လော်ဒဏ် ခံစား ခဲ့ကြဘူးတာပေါ့
ဂဲ နဲ့ တော့ မထုရဲ လို့  နားဘဲ လေး လိုက်တော့တယ် ဗျို့ 