Thursday, March 18, 2010

တောမှာဘဲ ပျော်ပျော် နေတော့မယ်

အိမ်နီးခြင်း ရွာသားချင်း မြို့ သားချင်း ကိုယ့်ပတ်ဝန်းကျင်တွေ နဲ့  အပြန်အလှန် ခင်မင်ရင်းနှီး မူ့ ၊ ယိုင်းပင်းကူညီကြ မှု့ တွေဟာ .. ရွာငယ် ရွာကြီး မြို့ ငယ် မြို့ ကြီး မြို့ တော် နေရာဒေသ တွေအလိုက် ပြောင်းပြန်အချိုး အတိုင်းကွာခြားသွားကြတာလေ...
ရန်ကုန် စရောက်တော့ ပတ်ဝန်းကျင်၊ အိမ်နီးနားခြင်း တွေရဲ့  တအိမ် နှင့် တအိမ် ရင်းရင်းနှီး နှီး သိပ်မရှိကြတာ သတိထားမိတယ်..အပေါ်ထပ် အောက်ထပ် တတိုက် ထဲပေမဲ့ လည်း မြို့ ပြလူနေမှု့ ဓလေ့ပုံစံ အတိုင်း ဖာသိဖာသာဘဲ နေကြတာဘဲ..
ကျနော် တို့ မြို့ ငယ် လေးမှာတောင် ၁၉၈၈ နောက်ပိုင်း လယ်ကွင်းတွေ ယာခင်းတွေ သိမ်းပြီး .. အကွက် ရိုက် အိမ်ကွက်တွေ ချပေးလိုက်တော့ ..၀င်လာတဲ့ နယ်ပေါင်းစုံ ကလူတွေနဲ့  ပို စည်ပင်လာခဲ့ပြီး .. မြို့ အ တိုင်းအတာနဲ့  တဦးနဲ့ တဦး ခင်မင်သိကျွမ်းမှု့ ၊ ညီညွတ် ယိုင်းပင်းကြမှု့ တွေ ဟိုးအရင်လို ပုံစံ မဟုတ်တော့ဘဲ တမျိုး ပြောင်းသွားခဲ့တယ်။ နည်းနည်းမြို့ ဆန်သွားခဲ့တာပေါ့။
မြို့ ကြီးလာလေ လူများလာလေ တဦး နဲ့ တဦး သိကျွမ်းရင်းနှီးမှု့  နည်းသွားလေလေ .. သဘာဝကျတဲ့ ဖြစ်စဉ် တခုပါဘဲ။
တခါတခါ မြို့ မဆန်ဘဲ တချို့ တောဟန် သဘာဝလေးတွေက ချစ်စရာ ပိုကောင်းနေ ပြန်ရော..
အလုပ်ရှာဘို့  အလုပ်လုပ် ဘို့  တခုတည်းသော ရည်ရွယ်ချက် နဲ့  ကျနော် ဇာတိမြို့ လေးက ထွက် လာခဲ့တာပါ... အသက်ကြီးလာရင် အလုပ်မလုပ် နိုင်တော့ရင် ..ဇာတိမြို့ လေးမှာဘဲ ပြန်နေချင်ပါတယ်၊ ပို သိုက်ဝန်း နွေးထွေးတဲ့ ပတ်ဝန်းကျင်ရှိတယ်လို့  ခံစားရလို့ ပါ။ မြို့ အတိုင်းအတာ နဲ့ မဟုတ်ရင်တောင် ရပ်ကွက် အတိုင်းအတာနဲ့  အဲဒီ နွေးထွေးမှု့ တွေ ဟိုမှာ ကျန်ပါသေးတယ်...ကိုယ့်ဘက်ကလည်း အလားတူ ခံစားမှု့ မျိုး ပတ်ဝန်းကျင် ကို ပေးနိုင်ရမှာပေါ့ ...

သတင်းစာအဟောင်းတစောင် မှာ ဖတ်လိုက်ရတဲ့ AGEING ALONE ဆိုတဲ့ ဂျပန်ပြည်က သတင်းတပုဒ်ပါ။
 “သူတို့ ဟာ အသက်ကြီးနေပြီ ဖြစ်တဲ့ ဘိုးဘွားတွေ၊ ကိုယ့်ကိုယ်ကို အဖော်ပြု လို့  တယောက်တည်း နေကြတယ် ပြီးတော့ သူတို့ ရဲ့ ကျမ္မာရေး အခြေအနေတွေ ကို နေ့ စဉ် လာ ပြီး ကြည့်ရှု့ စစ်ဆေး ပေးမဲ့ သီးသန့် သူနာပြုတွေ ငှားဘို့ ကလည်း ပိုက်ဆံ မတတ်နိုင်သူတွေပါ ...  ...
ဝါးတုတ်ချောင်းလေး မှာ အ၀ါရောင် လက်ကိုင်ပုဝါစ ချည်ထားတဲ့ အလံ လေးဟာအင်မတန် ရိုးစင်း ပြီး လက်တွေ့ ကျကျ အသုံးဝင်တဲ့ အချက်ပြ လေးပါဘဲ”။
“ဂျပန်နိုင်ငံ တချို့  ကျေးရွာတွေမှာ ဘိုးဘွားတွေဟာ သူတို့ ဘယ်လို ဘယ်ပုံ ရှိနေပါတယ် ဆိုတာ ပတ်ဝန်းကျင် အိမ်နီးနားချင်းတွေ ကို အသိပေးနေစေဘို့ ၊ မနက်မနက် ဆို အဲဒီ  အ၀ါရောင်အလံ အမှတ်အသားလေး ကို အိမ်အပြင် ဘက်ထုတ်၊ ညနေဘက် မှာ အိမ်ထဲ ပြန်သွင်း ထားလိုက်ကြပါတယ်” လို့  မစ္စအဲမိ ခိယောတ (Consultant architect for the International Association of Homes and Services for the ageing) ကပြောပါတယ် တဲ့။
ဒီ နည်းလမ်းရိုးရိုး လေးနဲ့  အဲဒီ ရွာသူရွာသားတွေ တဦးနဲ့ တဦး ဂရုစိုက်ကြ ကြည့်ရှု့ ကြဘို့ ထိရောက်တဲ့ ဆက်သွယ်ရေး လမ်းကြောင်းတခု ထူထောင်နိုင် ခဲ့ပါတယ်။
“ သူတို့ ဘယ်လို ဘယ်ပုံရှိ နေလည်း ဆိုတာသိဘို့ အမြဲတမ်း အိမ်တံခါး သွားခေါက် ပြီးကြည့်နေစရာ မလို တော့ဘူး .. အ၀ါရောင်အလံလေး က သူတို့ ကိုယ်စား ပြောပြနေပြီမို့ လေ”
“တယောက်ယောက် က သူတို့ ကို ဂရုတစိုက် ရှိနေတယ်လို့ သူတို့ စိတ်ထဲမှာရှိနေကြတယ်” 

အငြိမ်းစား ဂျပန်အမျိုးသားကြီး တယောက် ရဲ့ ဇနီးကတော့ ... သူ့  ခင်ပွန်းသည် တခြားသွားစရာလည်းမရှိ .. နေ့ တိုင်း အိမ်မှာ တကုတ်ကုတ် နေနေတာ မမြင်ချင်တော့တာနဲ့ သူတို့ ရဲ့  first-floor apartment လေးကို ကဖေးဆိုင်လေး အဖြစ် ဖွင့်လိုက်ပါတယ်တဲ့.. သက်ကြီး ပင်စင်နာတွေ အတွက် ဆုံစည်းရာ လေးတခု ဖြစ်သွားတာပေါ့။


ကျနော် လည်း အဲဒီ အချိန် ကြရင် ငယ်ပေါင်း ဘော်ဒါကြီးတွေ နဲ့  Same Frequency ဟိုဟိုဒီဒီ ပြောကြ ဆိုနိုင် ကြဘို့  ဘော်ဒါတို့ လည်း နေနိုင်ကြပါစေ .. ရှည်ရှည် ..

အဆိုတော် ဘိုတောက် ရဲ့ သီချင်းလေး အော်ဆိုလိုက်မယ် ...

ဒို့ ကတော့   တောပျော် တောမှာဘဲ ပျော်ပျော် နေတော့မယ်
ဒို့ ကတော့   တောပျော် တောမှာ ဘဲ ပျော်ပျော် နေချင်တယ်

mks
                        

Saturday, March 6, 2010

2012 ..

လူ့ ယဉ်ကျေးမူ့ အဖွဲ့ အစည်းကြီးသည် .. မည်သို့ မျှသော ကြိုတင်သတိပေးချက် တစုံတရာ မရှိဘဲ ရုတ်ချည်း ပြောင်းလည်းတတ်သည့် .. ကမ္ဘာမြေကြီး၏ ဘူမိဗေဒဆိုင်ရာ တည်ရှိနေမူ့  ဘာဝ နေထား များ၏သဘောအလို အတိုင်း ရပ်တည် ရှင်သန် နေရလေ၏။

ကျွန်တော်တို့ နင်းထားသော ခြေဖ၀ါးအောက်မှ ပထ၀ီမြေထုကြီးသည်...တရွေ့ ရွေ့  တွားသွားနေခြင်း၊ အသေးစားတုန်ခါခြင်း၊ ဆန့် ထုတ်ခြင်း.. အပြင်းစားလှုပ်ခါခြင်း စသည် တို့ ဖြင့် သက်ဝင်ရွေ့ လျား နေသည် ဆို၏။









mks