In the end, it is all about money.
ငယ်တုံးက ကျနော်တို့ နေထိုင်မကောင်း ဖြစ်ပြီ ဆိုရင် မိဘတွေက.. ဦးချစ်ထူး နာဂ၀ီသ ငန်းဆေး ကို ကွမ်းရွက်ပြုတ်ရည် နဲ့ရော၊ ဖာတိပ္ဖိုလ်သီး ခြစ်ထည့် သံပူသတ်ပြီး တိုက်ပါတယ်။ အဖျားကြီးရင် ၀ံသည်းခြေ အနည်းငယ် ထည့် စသည်ဖြင့်ပေါ့လေ .. တိုင်းရင်းဆေးတွေနဲ့ ဘဲ ကြီးပြင်းလာခဲ့ကြပါတယ်။
တခါတလေ ကလောကမီးရထားဆရာဝန် ကြီး လာရင် အိမ်ပင့်ကြ တာမျိုးတော့ ရှိပါတယ် ..
အဲဒီတုံးက အောင်ပန်းတိုက်နယ် ဆေးရုံမှာ အောင်ပန်းသူ အောင်ပန်းသား တွေ ဆေးသွား သွား ပြီးတောင်းကြပါတယ် ...
အကိုက်အခဲပျောက်ဆေးပြား၊ အားဆေးပြား၊ အစာကြေဆေးရည်၊ တင်ချာ၊ ပတ်တီး ပလာစတာ စသည်ဖြင့် ... ဆေးရုံမှတ်ပုံတင်စာအုပ်နဲ့ အခမဲ့ ဝေပါတယ်။
အမျိုးသားဝါဒ် အမျိုးသမီးဝါဒ် ကားရပ်ဖို့နေရာ၊ပန်းခြံ၊ စိန်ပန်းပြာပင် ချယ်ရီပင် ၀က် သစ်ချပင် တွေနဲ့ ကုန်းထိပ်မှာ ဆေးအဖြူရောင်သုတ်ထားတဲ့ အောင်ပန်းတိုက်နယ် ဆေးရုံဟာ ကြည့်ရတာ မျက်စိပသာဒလည်း ရပါတယ်။ မနက်၊နေ့၊ည တရက် သုံးနှပ်ကြွေးပြီး အခမဲ့ဆေးကု ပေးတယ် ဆိုတာ အခုဘက်ခေတ် မှာတော့ သမိုင်း လိုလို ပုံပြင်လိုလို ဖြစ်များနေပြီလား ... မိခင် နှင့် ကလေး စောင့်ရှောက်ရေးက UNICEF နို့မှုန့်တွေ အခမဲ့ဝေတာလည်း မှတ်မိပါသေးတယ်။
-----------------------------------------------------
ခေတ်စနစ်နဲ့ အချိန်ကာလတွေ ရွေ့လျား ပြောင်းလည်း နေတာနဲ့အတူ စီးပွားဖြစ်(စီးပွားပျက်) ကျမ္မာရေးဝန်ဆောင်မူ့ ပေးတဲ့လုပ်ငန်းတွေ၊ ပုဂ္ဂလိကဆေးရုံတွေ လည်းပေါ်လာပါတယ်။
တနေ့မှာ အလျိုလျို ထွက်သွားကြရမယ် ဆိုပေမဲ့ ဘ၀တဏှာ ဆိုသလို နေရတဲ့ တဘ၀၊ ရသလောက်လေး ဆွဲဆန့်ထားချင်ကြတာပေါ့ ...သူ့အချိန်ကျပြီ ဆိုရင်တော့လည်း ဘယ် ပါရဂူသမားတော် နဲ့ကုကု သွားရတော့တာပါဘဲ..စပါယ်ရှယ်လစ် ဆိုတာ တန်ခိုးရှင်တွေ မှ မဟုတ်ကြတာလေ..
ဇော်ဂျီဖိုလ်ဝင်သား ဆိုတာ ဒီခေတ် မှာတော့ "ပိုက်ဆံ" လို့ပြောရမလားဘဲ......
------------------------------------------------------
စင်ကာပူနိုင်ငံ ရဲ့အထူးထင်ရှား၊ လူသိများ သော ခွဲစိတ်အထူးကု အမျိုးသမီးဆရာဝန်ကြီး တဦး .. ဘရူနိုင်းတော်ဝင် မိသားစုဝင် တဦးအပေါ် ဆေးဘိုးဝါးခ တောင်းခံမူ့နဲ့ နောက်ဆက်တွဲ သတင်းများ ၂၃-၀၂-၁၁ သတင်းစာ ကစပြီး ပါလာပါတယ်။
အဆိုပါဆရာဝန်ကြီးဟာ နာမည်ထင်ရှားကျော်ကြားပြီး ..အာရှ ရဲ့ ပထမဆုံးနှင့် အသက်အငယ်ဆုံး အသည်းအစားထိုး ခွဲစိတ်အောင်မြင်ခဲ့တဲ့ ထူးချွန်ဆရာဝန်ကြီး တဦးဖြစ်ပါတယ် လို့ ၀ီကီ စာမျက်နှာ မှာပါပါတယ် .
ဘရူနိုင်း နိုင်ငံဘုရင်ရဲ့ ညီမ၀မ်းကွဲတော်စပ်သူလည်းဖြစ် ဘရူနိုင်းမိဘုရားကြီးရဲ့ ညီမငယ် လည်းဖြစ်တဲ့ လူနာ ဟာ ဟာ ရင်သားကင်ဆာ အတွက် ဆရာဝန်မကြီးရဲ့ စောင့်ရှောက်ကုသမူ့ ခံယူခဲ့ပြီး ၂၀၀၇ သြဂုတ်လအစောပိုင်း မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ဆေးကုသ စရိတ်တွေကို ၂၀၀၁ ခုနှစ် မှ ၂၀၀၇ အထိ ပေးချေ ခဲ့ပြီးဖြစ်ပါသတဲ့ ..
ကျန်ရှိနေသေးတဲ့ ၂၀၀၇ နှစ်စပိုင်း မှ ဇူလိုင်လ အထိ ၇-လစာ အတွက် ဆေးဘိုး+၀ါးခ ကျသင့်ငွေ တောင်းခံလာတော့..ဘရူနိုင်းကျမ္မာရေးဌာန မှ စင်္ကာပူကျမ္မာရေး ၀န် ကြီးဌာန ကို ဘီလ်တွေဟာ reasonable ဖြစ်မဖြစ် တင်ပြ မေးမြန်းလာပါတယ် .. ဘီလ် တွေကြည့်ပြီး စင်္ကာပူ ဘက်မှလည်း စိတ်ပျက်လက်ပျက် ဖြစ်သွားရတယ် ဆိုပါတယ် .. ၇-လအတွက် ဆေးဘိုး+၀ါးခ က စင်္ကာပူဒေါ်လာ ၂၄.၈သန်း ( နောက်ပိုင်းမှာTax အပါ ၂၆သန်းလို့လည်းရေးပါတယ်) ပါတဲ့။
ဆရာဝန်မကြီး လည်း ချက်ခြင်းဘဲ ဘီလ် ကို ထက်ဝက် ခန့်အထိလျှော့ပေးလိုက်ပြီး ..နောက်ထပ် 3rd party ဆရာဝန်တွေကိုပေး ရန်အတွက် သာ ဆိုပြီး ဒေါ်လာ ၃.၂၅သန်း ဘဲပေးတော့ဘို့ နဲ့ ၊ နောက်ဆုံးတော့ဘရူနိုင်း ဘက်မှ ဘီလ် တွေနဲ့ ပတ်သက်တဲ့ အမူ့ကိစ္စ အားလုံး ရပ်တန့်ကြေအေးမယ်ဆိုရင် ဘီလ်တွေ အားလုံး ကို လျော်ပစ်မယ် ဆိုတဲ့အထိ ဆရာဝန်မကြီးက ကမ်းလှမ်း ပါတယ် လို့ အစောပိုင်း သတင်းများမှာ ပါပြီး ကမ်းလှမ်းချက် ကို တဖက်မှ လက်မခံ ခဲ့ပါဘူး။ နောက်ပိုင်း သတင်းများ မှာတော့ အဲဒီလို ကမ်းလှမ်းတယ် ဆိုတာ မမှန်ပါ ဘူးလို့ ညင်းဆိုကြောင်း သတင်းတွေမှာ ပါပါတယ်။ (စလုံး ဆေးကောင်စီ နှင့် ဆရာဝန်မကြီး တို့ တရားရုံးမှာ တရားဆိုင်နေကြပါတယ်)
အခြားသော စပါယ်ရှယ်လစ်ဆရာဝန်များနဲ့ ပြသဆေးကုသမူ ခံယူရာမှာ ၄င်း ဆရာဝန် များမှ ကျသင့်ငွေတောင်းခံလွှာတွေ ကို အဆိုပါ ဆရာဝန်မကြီးထံဘဲ တင်ကြ ပါတယ်.... ဒီလိုတင် လာတဲ့ ဘီလ်တွေ ကို လူနာဘက်ကို ပြန်တောင်းတဲ့ အခါမှာတော့ ကျသင့်ငွေ တွေကို ပိုတင်ပါသတဲ့ ... ဥပမာ ...စပါယ်ရှယ်လစ်ဒေါက်တာ တဦးရဲ့ ဒေါ်လာ ၄၀၀ ဘီလ် တစောင် ကို (အဆ ၅၀၀ တင်ပြီး) ဒေါ်လာ ၂၁၁,၀၀၀ လို့တောင်းကာ .. နောက်ထပ် သူမကိုယ်တိုင်အတွက် (ကြပ်မတ်စောင့်ရှောက်ခခေါ်မလား) ဒေါ်လာ၃၀၅,၈၀၀ ထပ်ဆောင်းပါတယ်တဲ့ ... ဒီတော့ ၄င်း စပါယ်ရှယ်လစ်ဒေါက်တာနဲ့ ပြသကုသတဲ့အတွက် (ဒေါ်လာ ၄၀၀ဟာ) ကုန်ကြစရိတ် ၅၁၆,၈၀၀ ဒေါ်လာ ကျသွားတဲ့ သဘောပါ။ ဒေါ်လာ ၃၀၀၀ ဘီလ်တစောင် ဟာလည်း ဒေါ်လာ၂၈၅,၀၀၀ လို့ တင်ထားသတဲ့ ..
အဲဒီ ၇ လစာ အထွေထွေ ဆေးဘိုးဝါးခ စင်ကာပူပိုက်ဆံ ၂၆သန်း ကို ပေါက်ဈေး နဲ့ တွက်ကြည့်တော့ မြန်မာငွေ ၁၈.၂ ဘီလီယံ ရှိနေပါတယ် ... ကျွတ် ကျွတ် ... (ရိတ်ချက် ရိုတ်ချက် တယ် ပြင်း )
ကျွန်တော်တို့ နိုင်ငံ က အတော်အသင့် ချမ်းသာကြသူများရော မတရားချမ်းသာကြသူ များပါ စင်ကာပူ မှာ ဆေးလာကု ကြပါတယ် ... ၁၈ဘီလီယံ ဆိုတာ Peanuts ပါလေ ..
ကိုယ်လို သာမာန် ကုမ္ပဏီ ၀န်ထမ်းတယောက် အနေနဲ့ကတော့ ကျပ်၁၈.၂ဘီလီယံ ကို (၁၈) ဘ၀ စုတောင် မရနိုင်တာမို့ ...ငယ်ဘ၀ ကုထုံးတွေဘက် ယူတန်း (U-Turn) တန်း လို့ ....
နာဂ၀ီသငန်းဆေး သောက်၊ အလေ့ကျပေါက်တဲ့ တပင်တိုင်မြနန်းဥ ရှာလိမ်းပြီး ယမမင်း နဲ့ Negotiate လုပ် ဘို့သာ ရှိပါကြောင်း ...
(ပုံ Google မှ ယူပါသည်)
mks
Wednesday, March 16, 2011
Tuesday, February 15, 2011
မောင်လေယာဉ်မယ်
PC Air မှ ပြိုင်ဘက်များနဲ့ မတူ ခြားနား ရလေအောင်..
လေယာဉ်မယ် လို့ ပြောရမလား လေယာဉ်မောင် လို့ဘဲ ပြောရမလား ...??
Transsexual Cabin Crew တွေ နဲ့ ထိုးဖောက်ဝင်လာ တယ် ဆိုတဲ့
11 Feb 11, The Straits Times သတင်းစာ မှာ ပါလာ တဲ့ သတင်းတိုလေး ပါ။
အလုပ်ထဲက တယောက် ကတော့ ပယ်ပယ်နယ်နယ် ပါဘဲ.. " ယပက်လက် ဖဖခ တွေကတော့
လက်လန်တယ် ... ပြင်ထားတာများ မှုံနေတာဘဲ .. ချောချက်ကလည်း တကယ့် မိန်းမတွေ လား ငေးယူရတယ်..."
တနှစ်တကြိမ် နှစ်နှစ် တကြိမ် ရွာအသွား-ပြန် ခရီးတွေမှာ ဆုံနေကြ ဣနြေ္ဒကြီးလှစွာသော ..
မမလေး များနဲ့ PC AIR မှ မွမွလေး များ ရဲ့ဝန်ဆောင်မှု တွေ.. ဖော်ရွေပျူငှာ စိတ်ရှည် မှု့ ..
အက်တီကျု များ ဘယ်လို တူညီ ကွာခြား မှာလည်းလို့ စပ်စုချင်စိတ်နဲ့ ...
PC AIR ရန်ကုန်ခရီးစဉ် ဆွဲ လို့ ကတော့ ... အားကိုပေးလိုက်ဦးမှာ...ဗျား
mks
Saturday, January 1, 2011
HELLO 2011!
2010 ကုန်သွားပြန်ချေပြီ ...
နံရံ မှာ ပြက္ခဒိန် တခု ပြောင်းချိတ်ရဦးမှာဘဲ ..
ပုံမှန်အတိုင်းသွားနေတဲ့ အချိန်တွေကို ပိုမြန်နေသလိုလို စိတ်ထဲမှာထင်နေမိသေး။
ပျမ်းမျှ လူ့သက်တမ်း ၇၅နှစ် ...ထား
သက်တမ်းစေ့နေနိုင် ရင်တောင် .. ရက်ပေါင်း ၂၇၃၇၅ ရက်
လက်ကျန်ရက်တွေ နည်း နည်း လာနေပြီ။
New Year Countdown တွေ လုပ်ကြသည် ..
Just Another Day / Year???
New Life Countdown တော့ ဘယ်သူမှမလုပ်ကြ
နောက်နှစ် ကတော့( Apocalypse 2012) ဆိုတဲ့ 2012
ဘယ်လို ပုံစံမျိုးနဲ့ ကြိုကြ မှာ ပါလိမ့် ..
ကြိုနေကျ ပုံမှန် အတိုင်းဘဲ ကြိုကြ မှာပါလေ ..
BBC ဦးဖေသန်း စကား ငှားသုံး ပါရစေ ..
ဆုံကြဦးမယ်လေ ၊ ပျော်ပျော်ပါးပါးပေါ့ ..
မင်္ဂလာရှိသော နှစ်သစ်ပါ ခင်ဗျား ..
mks
Friday, December 10, 2010
ကျနော် မြန်မာ အလုပ်သမား (ခေတ္တ စင်ကာပူ)
ကိုယ် ကျောင်းမှာ သင်ယူခဲ့တဲ့ ဘာသာရပ် နဲ့ သက်ဆိုင်တဲ့ မိခင်ဌာနကြီး မှာ အလုပ်ဝင် ခဲ့ရတာ သိပ်ကျေနပ် ခဲ့ပါတယ်၊ အစိုးရ ၀န်ထမ်းဘ၀ မှာတော့ ကျနော်နဲ့ ဘ၀တူ လုပ်ဖော်ကိုင်ဖက်တွေ အထက်က အရာရှိတွေ အပါဝင် စုမိ ဆောင်းမိတယ် ရယ်လို့  မရှိကြပါဘူး။ ကျနော် အလုပ်ဝင် ခဲ့တဲ့ ဌာနက လုပ်ဖော်ကိုင်ဖက် တွေ ကိုဆိုလို တာပါ၊ တခြား ဌာန န္တရ ကောင်းတဲ့ နေရာတွေက ကျနော်တို့ နဲ့ ဘ၀မတူ အစိုးရ၀န်ထမ်း တွေကတော့ ခြွင်းချက်ပေါ့။
အဲတုံးက ရတဲ့ လခဟာတကိုယ်စာ ဒါဝတ် ဒါချွတ် ဒါစား- ခြိုးခြိုးခြံခြံ ရပ်တည် နိုင်ရုံလေးပါဘဲ။
မိုးတွင်း ရန်ကုန်ပြန် နားပြီး ကျန်တဲ့ ပွင့်လင်း ရာသီတွေ ဆို မြန်မာပြည် တနံတလျား တောတွေ တောင်တွေ ကျွန်းတွေ ဆီ သက်ဆိုင်ရာ ဌာနခွဲ ဌာနစိတ် တွေအလိုက်ထွက်ကြ သွားကြပေတော့ ..
အလုပ် စ၀င်တုံးက သင်တန်းမှာ ညွှန်ကြားရေးမှုး တဦး ပြောသလို ဆူးလေလမ်းမ ပေါ် မှာ ဓါတ်သတ္တု လိုက်ရှာချင် လို့ မရဘူး ဆိုတာကိုး။
ကွင်းထဲက ပြန်လာရင် ငှက်ဖျားက အတူလိုက် လာခဲ့တာမို့  သူ့ ကို ခွာချဘို့  ရုံးငွေစာရင်းဌာနမှာ ခရီးစရိတ်၊နေ့ တွက်စရိတ် TA/DA တွေ ထုတ်လာသမျှ ပိုက်ဆံလေးတွေ လည်း ဆေးခန်းသွား ဆေးဘိုး နဲ့  ချောရောဘဲ။ တနှစ်ပြီးတနှစ် လုံးချာပတ်ချာလိုက်ရင်း ၁၀ နှစ် ကျော် ကြာ လုပ်လာခဲ့ပြီး နောက်တော့.. အလုပ်က ထွက်လိုက် တော့တယ်။
တချိန်တည်း အတူတူ အလုပ်ဝင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက် တယောက် အဲဒီတုံး ကပြောဘူး တဲ့ .. “ ပိုက်ဆံ က မလောက်ဘူးကွာ ငါ ၁၀ နာရီကျော် လောက်မှ မနက်စာ စားတယ် Brunch ပေါ့ ၂နပ်စာ အပီးဘဲ ပြီးတော့ သိပ်မ၀ါးဘူးကွ .. အစာကြေလွယ်ရင် ညနေထိ မခံဘဲ ပြန်ဆာမှာစိုးလို”့  ဆိုတာမျိုး..
နောက် လူ၂ယောက် လ္ဘက်ရည်ဆိုင်ထိုင် ပြီး ..ကော်ဖီမစ် တထုတ်ကို ရေနွေး၂ခွက် (တထုတ် ၂ခွက်) မှာသောက်ခဲ့ကြတာတွေ...အတော့်ကို တူသားပေသား ကျ ခဲ့တဲ့ တကယ့်ဘ၀ ခါးခါး အချိန်တွေ ဘဲ ...
အဲဒီအချိန်မှာ ရှိုးဂျော့ တွေ ခေတ်စားနေပြီ သွားရည်ကျစရာပြန်ကြားရတဲ့ ဂျပန် မှာသွားလုပ်နေ ကြ သူတွေရဲ့  ၀င်ငွေ တွေ ......အိုး .. အဲလောက် ရလို့ ကတော့ "အိုက်တိုး" မကလို့  အိုဇုံးလွှာ အပေါက်ကြီး တက်ဖာခိုင်းတောင် လှေကားရှည်ရှည်သာပေး လို့ ပြောမှာဘဲ. ။
အိုကေ .. ဂျပန်သွားဘို့ လုပ်တော့မည် စစဦးဆုံး အ အိ အု အဲ အော့ နဲ့ ဖွင့်လိုက်သည်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ..
အပြီးအစီး ၃သိန်း ၊ ပါ့စ်ပို့ တော့ ကိုယ့်ဖာသာ လုပ်တဲ့၊ ပိုက်ဆံအကြောင်းမေ့ထား စဉ်းစားနေရင်ခေါင်းပူ တာဘဲရှိမယ်. နောင်ခါလာနောင်ခါဈေး .. PP ကလည်း ခက်ခက် ခဲခဲ မရှိပါ ဘူး ။ လမ်းကြောင်းအတိုင်း သွားလိုက်တာ မကြာပါဘူး ဘုတ် ကျ လာပါတယ်။
သို့ ပါသော်လည်း .. ကံအကြောင်းတရား က ကြံရောင်းကုလား လိုပါဘဲ .. PP လျှောက်တဲ့ Appointment Letter တွေမှာ သက်ဆိုင်ရာ နိုင်ငံ ရဲ့ မြန်မာသံရုံး Endorsement ပါရမယ်ဆိုပြီး စာတွေ ထွက်လာရော .. ဘုတ်ကျထားပြီးသား တွေလည်း သွားမထုတ်ရဲတော့ဘဲ.. အဲဒီမှာ ရွာ စ လည်တော့ တာပါဘဲ။
Appointment Letter အတွက် အမေရိကန်ဆိုင်ရာ မြန်မာသံရုံး တံဆိပ်တုံး ပါတာနဲ့ ဆို ပါ့စ်ပို့  မှာ Good for travel to ဆိုပြီး ဂျပန် ၀င်လို့ ရတာမို့ ...အဖွဲ့ အစည်းကြီးတခု က လူကြီးတယောက်ဆီမှာ အမေရိကန် Appointment Letter ကို ၈သောင်း နဲ့ အပ် လိုက်ပါတယ်။ ရှစ်လ ကျော် ကြာသွားတဲ့ အထိ အဲဒါကြီး ရောက်မလာပါ။ နောက်ဆုံးတော့ ပါ့စ်ပို့ လျှောက်ဖို့  ..Appointment Letter မှာ သံရုံး Endorsement မလိုတော့ဘူး ဆိုပြီးထပ်ထွက်လာတော့မှ ..အဲဒီ ပုဂ္ဂိုလ်ကြီး ကို ထပ် သွားတွေ့ ရပါတယ် .. ချက်ချင်းဘဲ ပိုက်ဆံပြန် အမ်းပေးပါတယ် ( ပုဂ္ဂိုလ်ကြီး ကျမ္မာပါစေ)။
အချိန်တွေတော့ ကုန်သွားတာပေါ့ ဘာတတ်နိုင်မှာလည်းလေ.... ချေးထားသမျှ လက်ကျံလေးက ထန်းလျက်လုံး ခွေးလျှက် လုံးပါးပါး လာ.. ဂျပန်လည်း မမှီတော့ဘူး ဆိုတော့ ............ အရင် ပို့ စ်တွေမှာ ရေးခဲ့ပြီး သလိုပါဘဲ စင်္ကာပူ တော့ ရောက်လာခဲ့ပါတယ်။
အလုပ် မကြမ်းတကြမ်း လေးတခု လည်း ရခဲ့ ပါတယ် .. (ကုလားအုပ် ထိန်း)
အလုပ်ထဲမှာ အိန္ဒိယ ဘင်္ဂလား ထိုင်း လုပ်သား တွေ တွေ့ ရ ကြုံရ ပါတယ်။ သူတို့ က နေ့ စားလုပ်သားတွေ အများစု ပါ၊ ပိတ်ရက်တွေ နားရက်တွေမှာ လုပ်ခ ပိုက်ဆံမရကြပါဘူး ကံအားလျော်စွာ ကိုယ်ကတော့ လစား လေးပေါ့။ စီးပွားရေး အဆင်မပြေလို့  ပိုက်ဆံလိုချင်လို့ လာကြသူ တွေချင်းမို့  ကိုယ့်ဘက်က တတ်နိုင်တဲ့ ဖေးမ မှု့ မျိုး သူတို့ အပေါ်ပေးပါတယ် သူတို့ ရဲ့ ပူးပေါင်းဆောင်ရွက် မှု့ လည်းရတော့ လုပ်ရတာ လည်း ပိုအဆင်ပြေ တယ်.. ရောက်စဆိုရင် အတွေ့ အကြုံ အများကြီးရှိပြီးသား လုပ်သားတွေဆီက အကူညီ တွေယူရပါတယ်။ Pressure တွေ Release လုပ် ပေါက်ကွဲတဲ့အခါတွေလည်း ရှိကြတာပေါ့။ လူတွေကိုး ..
ထိုင်းတွေ ဘင်္ဂလား ၊အိန္ဒိယ၊တရုတ် တွေ တခြားနိုင်ငံ တွေ ထွက် အလုပ်လုပ် နေကြ ချိန်မှာ ကျနော်တို့ နိုင်ငံ က အမျိုးသား အမျိုးသမီးတွေ က နီးစပ်ရာ အိမ်နီးချင်း အဲဒီနိုင်ငံ တွေကို သွား ပြီး ပိုနည်းပါးတဲ့ လုပ်ခ တွေနဲ့ တရားဝင်ရော တရားမ၀င်ပါ ၀င်လုပ်နေကြတာ စိတ်ထဲ မှာ တမျိုး ခံစားရပါတယ်(ပညာရှင်ကော်လာဖြူ များကို မဆိုလိုပါ)။
Migrant Workers တွေခြင်း တူပေမဲ့ ရတဲ့ဝင်ငွေ လုံခြုံမှု့ နေထိုင်ရတဲ့ အနေအထား အခွင့်အရေး အခွင့်အလမ်း အများကြီးဘဲ ကွာမှာဘဲ (သာမန် လုပ်သား “ အထူးသဖြင့်တောင်ကျော်”များ ကို ဆိုလိုတာပါ)။
ကိုယ်ကိုယ် တိုင်လည်း သူတို့ နဲ့ စာရင် အခြေအနေ နဲနဲ ပိုပေးလို့  ကံလေး ပိုသင့်လို့ သူတို့ နဲ့ စာရင် နဲနဲလေး ပိုသက်သာတဲ့ အလုပ်နေရာ တခု ကို ရောက်နေပေမဲ့ ထွက်လာ ကတည်းက ဘာဘဲ လုပ်ရလုပ်ရ ဆိုပြီး လာခဲ့တာမို့ လာခဲ့ရာလမ်း လည်း မမေ့ပါ။ အရင်နဲ့ စာရင်တော့ လက်ထဲ မှာ လခ ထုတ်ပြီးရင် ငွေစလေး နဲနဲ နဲ့  လောလောဆည်ဆည် ကြွေးကင်းနေသေးတဲ့ အချက်လေးကတော့ သာနေသလိုရှိရဲ့ ။
ခုတော့လည်း တခြားနိုင်ငံ မှာ အလုပ်သွားလုပ်နေတဲ့ အလုပ်သမားတယောက်ပေါ့ ...
ရွာပြန်ရင် လေဆိပ်မှာ တာဝန်ကျသူတွေက နိုင်ငံခြားမှာ အလုပ်လုပ် လာတဲ့သူတွေဘဲ ဆိုပြီး ငွေတွင်းထဲ ဆင်းပြီး ပြန်တက်လာ သလိုလို အထင်တကြီး နဲ့ ဘာညာ .. ... ကြုံဘူးကြမယ် ထင်ပါတယ်...
သက်ဆိုင်ရာသံရုံး မှာလည်း ဒီလိုတွေပါဘဲ .. လာထား ...
ဆက်ရေးရင်လည်း
ခရီး ကတော့ ဆက်လျှောက်နေရဦး မှာဘဲ ... လမ်း မဆုံးသေးသရွေ့ ပေါ့

အလုပ်ထဲမှာ ဘော်ဒါတွေနဲ့ နားတုံး၊ အော် ..ဒီ ထီးရိုးက ကာနေသေးတယ်

Wednesday, November 17, 2010
ပုံရိပ်ဟောင်းများ
ပထမနှစ်ကျောင်းသား ဘ၀မှာတော့ နန်းရှေ့ဆောင် မှာနေရပါတယ်...Main ထဲနဲ့ အဆောင် ၃-၄မိုင်လောက်ရှိ မယ်ထင်တယ်။ နန်းရှေ့ဆောင် မှာ ပထမနှစ် ကျောင်းသားတွေကိုဘဲ ထား တာပါ။ ပထမနှစ် အဆောင်စ နေတုန်းက အမှတ်တရ တခုကတော့ ...အဆောင်မှုး ဦးမြ၀င်း (UTC ဗိုလ်မှုး)ကိစ္စတခု နဲ့ ရန်ကုန်သွားနေတုန်း အဆောင်ကျောင်းသားတွေ တဆောင်လုံးနီးပါးထွက်ပြီး၊ အဆောင်မှုး အိမ်ဘေးက ငါးမွေးကန်ထဲက မွေးထားတဲ့ တီလားပီးယားငါးတွေ မျှားပြီးကြော်စားကြတာပါ။ ကျောင်းသားတွေနဲ့ရောပြီး အဆောင်ရှေ့ က ဂျီခုံထောင်တဲ့ ကိုသိန်းညွန့် ပါ ၀င်ပြီး မျှားယူသွားသေးတယ်။
အဆောင်နေကျောင်းသားဘ၀ ရဲ့ " မပြောမရှိ နဲ့ဟေး" ဆိုတဲ့ အသံကို အဆောင်နေဘူးကြသူတွေ သတိရ နေကြဦးမယ် ထင်တယ်။ ကြားတဲ့သူတိုင်း နီးရာ ပြူတင်းပေါက် ကော်ရစ်ဒါ ကနေ ထွက်ကြည့်ကြတာလေ။
မိုင်၂၀ လမ်းလျှောက်ကြတော့ ..အဆောင်ကနေ မနက် ၄နာရီလောက် ဟီးနိုးရိန်းဂျားကားတွေနဲ့ Main ရှေ့ ကိုပို့ပေးပါတယ်။
M.A.S.U Main ရှေ့က စထွက် .. ရန်ကင်းတောင်ခြေအထိသွား ..
ပြန်လှည့် MASU တက္ကသိုလ်ဆေးရုံ မှာ ပန်းဝင် ပါတယ်။ တက္ကသိုလ်ဆေးရုံ မှာ Color Blindness စစ်တော့ .. အစ အဆုံး အတူတူ လျှောက်ခဲ့တဲ့ ရွာငံက ခင်မောင်ဝင်း ကာလာဘလိုင်း ဖြစ်နေလို့ ..နောက် စီးပွားရေးတက္ကသိုလ် ကို ပြောင်းပြီးသွားတက် ရပါတယ်။ အဲတုံးက ပထမဆုံးပန်းဝင်တာ ရွှေဘိုသား သန်းနိုင် ..။ ( ကိုကျောက် ကတော့ သူငယ်ချင်းတွေ အကူအညီ နဲ့ စောင့်တဲ့ ဆရာတွေ အလစ် စက်ဘီး နဲ့ လိုက်စီး သလားမသိဘူးး))။
ပထမနှစ်တော့ ကွင်းမဆင်းရပါ။ 1st Year Geology ကို ဆရာဦးကံစော သင်ပါတယ်။ Quartz ဆိုတာကို စကြားဘူးပါပြီ။
ဆရာ ဦးမိုးစိန် ခေါင်းဆောင်တဲ့ ဒုတိယ နှစ်မန္တလေး တက္ကသိုလ် ဘူမိဗေဒ ကျောင်းသားများ Field က နွားထိုးကြီး ဘက်ဆင်းပါတယ်။ နွားထိုးကြီး Anticline နေရာ Traverse သွားတော့ ဆရာကြီး ခြေလှမ်း ကို ကျနော်တို့ အမှီ မလိုက်နိုင်ခဲ့ကြပါ ..ပြတ်ကျန်ခဲ့လို့ အဆူခံကြရပါတယ်။ ရေဘူးတွေ ကုန်ပြီး ရေအရမ်းငတ် ခဲ့တာပြန်သတိရပါတယ်။
နောက် အုပ်စု ၃စု ခွဲလိုက်ကြပြီး တရွာစီ မှာ စခန်းချကြတော့ ဆရာဦးလာဂျာ ခေါင်းဆောင်တဲ့ ကျနော်တို့ အုပ်စုက ခံစပ်ကုန်းရွာ ရောက်ပါတယ်။ ( ဆရာဦးသိုက်ထွန်းသော်အဖွဲ့(မင်းဂုံတောင်)၊ ဆရာဒေါက်တာ တင်သိန်းအဖွဲ့(ဖလံကုန်း))။ တည မှာ ဆရာဦးလာဂျာ က သူတို့ကျောင်းသားဘ၀တုံးက အကြောင်းတွေပြန်ပြောပြတယ် ..
" ငါတို့ Field ဆင်းတုံးက ဆရာဦးသာလှ က ရှေ့ကနေသွားတော့ ဒို့တွေ ကနောက်ကနေပြီး မောမောနဲ့ သာလှလူမိုက် သာလှလူမိုက် လို့ ဆရာကြီး မကြားအောင် အော်ပြီးလိုက်ကြတာကွ" ..
နောက်နေ့မနက် ကွင်းဆင်းလို့ စင်္ကြာတောင်တက် ကြတော့ မြင်းခြံသား ထွန်းစိုးက လာဂျာလူမိုက် လာဂျာလူမိုက် လို့တိုးတိုးအော်ပြီး လိုက်ပါရော ..မောမောနဲ့ ကျနော်တို့ မှာ ရီလည်းရီချင် ရီလည်း မရီရဲ .. အမှတ်တရတခုပါ.. (ကန်တော့ပါ ဆရာဦးလာဂျာ ခင်ဗျာ)။
ကျောင်းပြီးတော့ ထွန်းစိုး R.A.S.U Geology Dept. မှာ ဆရာ ၀င်လုပ်ပါတယ်၊ အင်း .. သူ ဒီအကြောင်းကို သူ့ကျောင်းသားတွေကိုတော့ ပြောပြမယ် မထင်ဘူး .. နို့မို့ " ထွန်းစိုးလူမိုက် ထွန်းစိုးလူမိုက်" ဆိုတာ ဆက်ရင် ဆက်နေဦး မှာလေ .. ( အမှတ်တရ ပေါ့ သူငယ်ချင်း ထွန်းစိုးရေ)။
ဒုတိယနှစ် Field ဆင်းမဲ့ မနက် Main ရှေ့
အဆောင်နေကျောင်းသားဘ၀ ရဲ့ " မပြောမရှိ နဲ့ဟေး" ဆိုတဲ့ အသံကို အဆောင်နေဘူးကြသူတွေ သတိရ နေကြဦးမယ် ထင်တယ်။ ကြားတဲ့သူတိုင်း နီးရာ ပြူတင်းပေါက် ကော်ရစ်ဒါ ကနေ ထွက်ကြည့်ကြတာလေ။
မိုင်၂၀ လမ်းလျှောက်ကြတော့ ..အဆောင်ကနေ မနက် ၄နာရီလောက် ဟီးနိုးရိန်းဂျားကားတွေနဲ့ Main ရှေ့ ကိုပို့ပေးပါတယ်။
M.A.S.U Main ရှေ့က စထွက် .. ရန်ကင်းတောင်ခြေအထိသွား ..
ပြန်လှည့် MASU တက္ကသိုလ်ဆေးရုံ မှာ ပန်းဝင် ပါတယ်။ တက္ကသိုလ်ဆေးရုံ မှာ Color Blindness စစ်တော့ .. အစ အဆုံး အတူတူ လျှောက်ခဲ့တဲ့ ရွာငံက ခင်မောင်ဝင်း ကာလာဘလိုင်း ဖြစ်နေလို့ ..နောက် စီးပွားရေးတက္ကသိုလ် ကို ပြောင်းပြီးသွားတက် ရပါတယ်။ အဲတုံးက ပထမဆုံးပန်းဝင်တာ ရွှေဘိုသား သန်းနိုင် ..။ ( ကိုကျောက် ကတော့ သူငယ်ချင်းတွေ အကူအညီ နဲ့ စောင့်တဲ့ ဆရာတွေ အလစ် စက်ဘီး နဲ့ လိုက်စီး သလားမသိဘူးး))။
ပထမနှစ်တော့ ကွင်းမဆင်းရပါ။ 1st Year Geology ကို ဆရာဦးကံစော သင်ပါတယ်။ Quartz ဆိုတာကို စကြားဘူးပါပြီ။
| ပထမနှစ် ဘူမိ ယူနီဗာစီတီကျောင်းသားတဦးပုံး) အဲဒီတုန်းက မြန်မာပြည်မှာ University ၂ခုဘဲရှိတာမလား၊ |
နောက် အုပ်စု ၃စု ခွဲလိုက်ကြပြီး တရွာစီ မှာ စခန်းချကြတော့ ဆရာဦးလာဂျာ ခေါင်းဆောင်တဲ့ ကျနော်တို့ အုပ်စုက ခံစပ်ကုန်းရွာ ရောက်ပါတယ်။ ( ဆရာဦးသိုက်ထွန်းသော်အဖွဲ့(မင်းဂုံတောင်)၊ ဆရာဒေါက်တာ တင်သိန်းအဖွဲ့(ဖလံကုန်း))။ တည မှာ ဆရာဦးလာဂျာ က သူတို့ကျောင်းသားဘ၀တုံးက အကြောင်းတွေပြန်ပြောပြတယ် ..
" ငါတို့ Field ဆင်းတုံးက ဆရာဦးသာလှ က ရှေ့ကနေသွားတော့ ဒို့တွေ ကနောက်ကနေပြီး မောမောနဲ့ သာလှလူမိုက် သာလှလူမိုက် လို့ ဆရာကြီး မကြားအောင် အော်ပြီးလိုက်ကြတာကွ" ..
နောက်နေ့မနက် ကွင်းဆင်းလို့ စင်္ကြာတောင်တက် ကြတော့ မြင်းခြံသား ထွန်းစိုးက လာဂျာလူမိုက် လာဂျာလူမိုက် လို့တိုးတိုးအော်ပြီး လိုက်ပါရော ..မောမောနဲ့ ကျနော်တို့ မှာ ရီလည်းရီချင် ရီလည်း မရီရဲ .. အမှတ်တရတခုပါ.. (ကန်တော့ပါ ဆရာဦးလာဂျာ ခင်ဗျာ)။
ကျောင်းပြီးတော့ ထွန်းစိုး R.A.S.U Geology Dept. မှာ ဆရာ ၀င်လုပ်ပါတယ်၊ အင်း .. သူ ဒီအကြောင်းကို သူ့ကျောင်းသားတွေကိုတော့ ပြောပြမယ် မထင်ဘူး .. နို့မို့ " ထွန်းစိုးလူမိုက် ထွန်းစိုးလူမိုက်" ဆိုတာ ဆက်ရင် ဆက်နေဦး မှာလေ .. ( အမှတ်တရ ပေါ့ သူငယ်ချင်း ထွန်းစိုးရေ)။
ဒုတိယနှစ် Field ဆင်းမဲ့ မနက် Main ရှေ့
ခံစပ်ကုန်းရွာ စကြာင်္တောင် နောက်ခံ ဖြင့် ... Survey လက်တွေ့
ရှေ့ .. လှမိုး(မြိုင်) ကြည်စိန်(မြင်ကွန်း)ဇော်ဌေး(သာစည်)သိန်းဇော်(ရေစကြို)၀င်းနောင်(မိတ္ထီလာ)
နောက်.မောင်မြင့်(သာစည်)ခင်မောင်စိုး(ချောက်)စိန်လင်း(မကွေး)မြင့်ဆွေ(ရေစကြို)မော်ခမ်း(အောင်ပန်း) ရဲညွန့်ဦး(ချောက်) တိုးအောင်(သာစည်)။
တတိယနှစ်ကြတော့ ဆရာဦးဗိုလ်ဆန်း ခေါင်းဆောင်ပြီး ကျနော်တို့ နွားထိုးကြီး ဘက် ဘဲ ပြန်ဆင်းပါတယ်။
ထန်းတောမရွာ၊ အိုးပုံတောရွာ၊ မိုးတိမ်ပြင်ရွာ .. ကျနော်တို့ ကျောင်းသားအဖွဲ့ နဲ့ မိုးတိမ်ပြင်ရွာအသင်းနဲ့ ဘော့လုံး ကန်ကြတော့ .. MASU လက်ရွေးစဉ် ဟန်မော် ရဲ့ ခြေသလုံး မွေးတွေ လိမ်ကောက်နေတာကြည့်ပြီး မိုးတိမ်ပြင်ရွာသားတွေက မြို့ကလာတဲ့ကျောင်းသား ဆိုတော့ ခြေသလုံး မွေးတွေ စက်နဲ့ကောက်ထားတာ လို့ပြောကြလို့ . ဟန်မော်ရဲ့ နာမည် စက်ကောက် လို့ တွင်သွားပါတယ်။
တတိယနှစ် Field ရဲ့ အမှတ်တရ ကတော့ .. ညနေ ကွင်းဆင်းပြီး ပြန်လာကြတော့ Repeater ၂ယောက်နဲ့ ကျနော် .. ထန်းတက် နေတဲ့ ထန်းပင်အောက်သွား .. ထန်းပင်ပေါ်က ချလာစ ပင်ကျရည် ပုဇွန်ဆိပ်ခုန် ၂မြူလောက် သောက်ပြီး Camp ကိုပြန်လာ ..မူးလည်းမူး ဆရာသိမှာလည်းစိုး တော့ ထိန်းနေနေရတာပေါ့။ ညစာ ထမင်းစားပြီး ပန်းကန်ဆေးတော့( ကိုယ့်ပန်းကန် ကိုယ်ဆေးကြရပါတယ်) ပန်းကန်ဆေးပြီး ပန်းကန်ထဲက ရေကို ကိုယ့်ခေါင်းပြန်လောင်းချပြီး ဟားဟား နဲ့အော်ရီနေတော့ ထန်းရည်သောက်တာ ပေါ်သွားရော။ ဆရာ ဘာမှမပြောဘဲ မသိသလိုနေပေးခဲ့ပါတယ်။
ကျောင်းHall ထဲမှာ ကျနော်တို့ အိပ်ကြပြီး ဆရာမ ကတော့ တွဲရက် ကျောင်းရုံးခန်းမှာအိပ်ပါတယ်။ ညဘက် တခါတလေ ပိုကာဆွဲရင်တော့ ဆရာမလည်း တအိမ်ဝင်တာပေါ့၊
အမှတ်တရ တခုက ဆရာမ ညရေးညတာ တပိုတပါးသွားဘို့(စိုင်း)မောင်မောင် က ၀ါး ကျည်တောက်တွေ ခုတ်ထားပေးပါတယ်။ Field သိမ်းပြန်ကြတော့ (စိုင်း)မောင်မောင် ယူလာတဲ့ အ၀တ်ထည့်တဲ့ သံသေတ္တာထဲ ၀ါးကျည်တောက်၂ခု သူမသိအောင် တိတ်တိတ်ထည့်ပေးလိုက်ကြတယ်၊ လက်သည် က MASU လက်ရွေးစဉ် ဂိုးသမား ပဲခူးသား မြတ်ထွန်းပါ။ဖော်လိုက်ပြီ မြတ်ထွန်းရေ..( နှစ်၃၀ကြာပြီးမှ ဖော်ကောင်ဘညွန့်ကြောင့် အမှု့တော့ပေါ်ပြီ .. စိတ်မဆိုးပါနဲ့တော့မောင်မောင်ရေ .. စကားမစပ် အဲဒီ အပေါ့အိုး အဲလေ ၀ါးကျည်တောက်တွေ အမှတ်တရသိမ်းထားသေးလား? ;p)။
ရှေ့ .. လှမိုး(မြိုင်) ကြည်စိန်(မြင်ကွန်း)ဇော်ဌေး(သာစည်)သိန်းဇော်(ရေစကြို)၀င်းနောင်(မိတ္ထီလာ)
နောက်.မောင်မြင့်(သာစည်)ခင်မောင်စိုး(ချောက်)စိန်လင်း(မကွေး)မြင့်ဆွေ(ရေစကြို)မော်ခမ်း(အောင်ပန်း) ရဲညွန့်ဦး(ချောက်) တိုးအောင်(သာစည်)။
တတိယနှစ်ကြတော့ ဆရာဦးဗိုလ်ဆန်း ခေါင်းဆောင်ပြီး ကျနော်တို့ နွားထိုးကြီး ဘက် ဘဲ ပြန်ဆင်းပါတယ်။
ထန်းတောမရွာ၊ အိုးပုံတောရွာ၊ မိုးတိမ်ပြင်ရွာ .. ကျနော်တို့ ကျောင်းသားအဖွဲ့ နဲ့ မိုးတိမ်ပြင်ရွာအသင်းနဲ့ ဘော့လုံး ကန်ကြတော့ .. MASU လက်ရွေးစဉ် ဟန်မော် ရဲ့ ခြေသလုံး မွေးတွေ လိမ်ကောက်နေတာကြည့်ပြီး မိုးတိမ်ပြင်ရွာသားတွေက မြို့ကလာတဲ့ကျောင်းသား ဆိုတော့ ခြေသလုံး မွေးတွေ စက်နဲ့ကောက်ထားတာ လို့ပြောကြလို့ . ဟန်မော်ရဲ့ နာမည် စက်ကောက် လို့ တွင်သွားပါတယ်။
တတိယနှစ် Field ရဲ့ အမှတ်တရ ကတော့ .. ညနေ ကွင်းဆင်းပြီး ပြန်လာကြတော့ Repeater ၂ယောက်နဲ့ ကျနော် .. ထန်းတက် နေတဲ့ ထန်းပင်အောက်သွား .. ထန်းပင်ပေါ်က ချလာစ ပင်ကျရည် ပုဇွန်ဆိပ်ခုန် ၂မြူလောက် သောက်ပြီး Camp ကိုပြန်လာ ..မူးလည်းမူး ဆရာသိမှာလည်းစိုး တော့ ထိန်းနေနေရတာပေါ့။ ညစာ ထမင်းစားပြီး ပန်းကန်ဆေးတော့( ကိုယ့်ပန်းကန် ကိုယ်ဆေးကြရပါတယ်) ပန်းကန်ဆေးပြီး ပန်းကန်ထဲက ရေကို ကိုယ့်ခေါင်းပြန်လောင်းချပြီး ဟားဟား နဲ့အော်ရီနေတော့ ထန်းရည်သောက်တာ ပေါ်သွားရော။ ဆရာ ဘာမှမပြောဘဲ မသိသလိုနေပေးခဲ့ပါတယ်။
3rd yr Field ဆင်းမဲ့မနက် Main ရှေ့ မြင်းခြံ ပြည်တော်အေးကား စောင့်နေတုံး
ဆရာဦးဗိုလ်ဆန်း ခေါင်းဆောင်တဲ့ တတိယနှစ် ကွင်းဆင်းအဖွဲ့ Field သိမ်းပြီး ကျောင်းပြန်အရောက်
ရှေ့ ..မြင့်ဆွေ(တောင်သာ)မော်ခမ်း(အောင်ပန်း)ဇော်ဌေး(သာစည်)မြင့်ဆွေ(ရေစကြို)သန်းရွှေ(နမ္မတူ)၀င်းနောင်(မိတ္ထီလာ)ခင်စိုး(Repeater)မျိုးမြင့်(မန္တလေး)ရဲညွန့်ဦး(ချောက်)။
နောက် .. သန်းလွင်(လွိုက်ကော်)ဖုန်းမြင့်(ချောက်)ဆရာဦးဗိုလ်ဆန်း၊ ဇင်လှိုင်(တောင်သာ)နေလင်း(Repeater)စံထွန်းဝင်း(Repeater)သိန်းဇော်(ရေစကြို)တိုးအောင်(သာစည်)ဟန်မော်(မန္တလေး)မောင်မောင်တာ(Repeater)မောင်မောင်မြင့်(သာစည်)
3rd yr Field ဆင်းတုံးက ခင်ခဲ့တဲ့ ထန်းတောမရွာက ကိုလှမြင့် မန္တလေး လာလည်တုံး အမှတ်တရ
စတုတ္ထနှစ် ရောက်တော့ မေမြို့အရှေ့ဘက်က ဖာသင်း ခေါ်တဲ့ ရှမ်းရွာ လေး က မူလတန်းကျောင်းလေးမှာစခန်းချပါတယ်။ Field Leader ဆရာ က မန္တလေးဝိဇ္ဇာ နှင့်သိပ္ပံတက္ကသိုလ် ဘူမိဗေဒ ဌာနရဲ့ တဦးတည်းသောဆရာမ ဒေါ်နေသောင်းသောင်းပါ။ ကျောင်းHall ထဲမှာ ကျနော်တို့ အိပ်ကြပြီး ဆရာမ ကတော့ တွဲရက် ကျောင်းရုံးခန်းမှာအိပ်ပါတယ်။ ညဘက် တခါတလေ ပိုကာဆွဲရင်တော့ ဆရာမလည်း တအိမ်ဝင်တာပေါ့၊
အမှတ်တရ တခုက ဆရာမ ညရေးညတာ တပိုတပါးသွားဘို့(စိုင်း)မောင်မောင် က ၀ါး ကျည်တောက်တွေ ခုတ်ထားပေးပါတယ်။ Field သိမ်းပြန်ကြတော့ (စိုင်း)မောင်မောင် ယူလာတဲ့ အ၀တ်ထည့်တဲ့ သံသေတ္တာထဲ ၀ါးကျည်တောက်၂ခု သူမသိအောင် တိတ်တိတ်ထည့်ပေးလိုက်ကြတယ်၊ လက်သည် က MASU လက်ရွေးစဉ် ဂိုးသမား ပဲခူးသား မြတ်ထွန်းပါ။ဖော်လိုက်ပြီ မြတ်ထွန်းရေ..( နှစ်၃၀ကြာပြီးမှ ဖော်ကောင်ဘညွန့်ကြောင့် အမှု့တော့ပေါ်ပြီ .. စိတ်မဆိုးပါနဲ့တော့မောင်မောင်ရေ .. စကားမစပ် အဲဒီ အပေါ့အိုး အဲလေ ၀ါးကျည်တောက်တွေ အမှတ်တရသိမ်းထားသေးလား? ;p)။
Final year မှာနေခဲ့တဲ့ အောင်မင်္ဂလာအဆောင်ပုံပါ (Final Field ပုံတွေမရှိလို့)
ကျောင်းပြီးလို့ဘဓရ အလုပ်ဝင်တော့ 1st Field မြန်မာပြည်တောင်ဘက်စွန်းကရွှေကျွှန်း
ရွာကို ကတိုက်ကရိုက် ပြန်သွားရလို့ အခုမှ ရေးဖြစ်ပါတယ် မကေ။
ကြာခဲ့ပါပြီ ... ကျနော် အသက်လည်း နှစ်တွမ်တီး တတင်းပလပ်ပလပ်စ် တွေဆိုတော့ငယ်ဘ၀ကို ခဏပြန်ရောက်သွားတုံး စိတ်လည်းခဏတော့ ပြန်နူပျို သွားတယ်။ ကျနော်လည်း သူ့ကျောင်းမှာ အလှူ လုပ်ရင် ဆိုင်း မထည့်ရ ဆိုတဲ့ ဘုန်းကြီး လိုပါဘဲ .. ကျေးဇူးပါ ..( For inspiration)

Wednesday, July 28, 2010
အလွန် အရေးကြီး ပုဂ္ဂိုလ်
VIP
အရင် အလုပ်မှာ တုံးက ဌာနခွဲမှူး ဆရာကြီး တယောက် အဓိပ္ပါယ်ဖွင့် ပြဘူးတာလေး သတိရ လို့ ပြန်ရေး လိုက်တာပါ .. ဘလော့မှာရေး တာက ကိုယ် မှတ် ချင်တာလေးတွေ မှတ်ထားတဲ့ သဘောလည်း ပါပါတယ်။
ဆရာကြီး ဖွင့်တာက
“ VIP ဆိုတာ Very Ignorant Pote-thin-nyo (ပုတ်သင်ညို) ကွ .. အပေါ်ကပြောလည်း ဟုတ်ကဲ့ ဟုတ်ကဲ့ နဲ့၊ အောက်က ပြောလည်း အင်း အင်း ဆိုပြီး တဆတ်ဆတ် နဲ့ .. ဘာကိုမှလည်း မသိနားမလည်ဘူး .. အမြဲတမ်း ခေါင်းဘဲ ငြိမ့်နေတယ် "
ဟုတ် တုတ်တုတ် လို့ စိတ်ထဲမှာ မဖြစ်ဘူးလား.. လာရောက်စစ်ဆေးကြည့်ရှု့ပြီး လိုအပ်သည် များညွှန်ကြားသွား ..ဆိုတာ တွေလေ..
----------------------------------------------------------------------
နောက် ... ရုံး ကဘဲ လုပ်ဖော်ကိုင်ဖက် တယောက်ပြောတာက ..
VIP ဆိုတာ V----- Interested Person ကွ ဟူ၏။
( V ဆိုတာ Virginia ဆေးရွက်ကြီး ဖြစ်မှာပေါ့။ ဆေးလိပ်၊ ဆေးတန် ကြိုက်သူတွေ ကို ရည်ရွယ်တာလားဘဲးဝ) )
--------------------------------------------------------------------------
ဆရာတော်ကြီးတပါး အိန္ဒိယ နိုင်ငံမှ ပြန်ရောက် လာတော့ ဆရာတော် တို့ကို V.V.I.P လို ဆက်ဆံ ကြောင်း ပြန်ပြောပြထားတာ ဖတ်ရဘူးပါတယ်၊ ..V ကို ရှေ့က ကြိုက်သလောက် ထည့်လို့ ရတယ် လို့ မှတ်လိုက်ရပါတယ်။
MKS
(ပုတ်သင်ညိုပုံ google မှယူပါသည်)

Sunday, May 30, 2010
Subscribe to:
Posts (Atom)