Tuesday, August 2, 2011

တောင်ပြုန်းပွဲ နှင့် အကယ်၍ သာ

ဝါခေါင်လဆန်းလာပြီ ဆိုတော့ နတ်ပွဲ ရာသီ ရောက်လာခဲ့ ပြန် ပါပြီ။
တောင်ပြုန်း ... ပြီးရင် ... ရတနာ့ဂူ ..
မန်း တက္ကသိုလ် ကျောင်းသား ဘ၀ ကို ပြန်သတိရ သွား မိတာမို့ စိတ်ကူးထဲ ရောက်လာခဲ့တဲ့ .. ဒုတိယ နှစ် ကျောင်းသား ဘ၀ ကအဆောင်နေ သူငယ်ချင်း တွေ နဲ့ နတ်ပွဲ သွား ခဲ့ကြတဲ့ အကြောင်း ပြန်ချ ရေး ကြည့် လိုက် ပါ တယ်။ ..

သူရာရည် ကြိုက် တတ်ကြ တဲ့ နတ် တွေ ကို အဓိက ထား ပူဇော် ပသ ကြတဲ့ ပွဲဖြစ်တာ မို့၊ လိုက်လျော ညီထွေ လည်းဖြစ်အောင် .. နဂိုလ် ကတည်း က လည်း ကြိုက်တိုက်တိုက် ဖြစ်တဲ့ ... ယမကာ လေးများ လည်း ကျနော် တို့ တက်ညီ လက်ညီ သုံးဆောင် မှီဝဲ သွား ကြပါတယ်။ ပွဲတော်လာ လူငယ် အမျိုးသား အများစု နည်းတူပေါ့ ... ပွဲထဲ ရောက်တော့ ဆိုင်းသံ ကြားတာ နှင့် အရှိန် က ရထားပြီး သားမို့ .. လက်တွေ က လေထဲ ရောက်နေပြီ ...

အဲဒီ တုံးက နန်းတွေ မှာ လူဝိုင်းအုံကြည့်ကြ တဲ့ နတ်ကတော် တွေ ကတဲ့ ၀ိုင်း တွေ ရယ်... ဘယ်သူမှ ဂရုစိုက် ပြီး မကြည့်  တဲ့ ကျနော် တို့လို ငမူးတွေ ကတဲ့ ၀ိုင်း တွေ ရယ်လို့ ရှိ ပါတယ်။ နတ်ကတော်တွေ ကတဲ့ ၀ိုင်း ရဲ့ အပြင် ဘက်ကနေလည်း က လို့ရပါတယ်။ ကျနော်တို့လို မူးမူး နဲ့ လူငယ်တွေ ပျော်ပျော် ကတဲ့ဝိုင်း ကတော့ နတ် နန်း မရှိတဲ့ ဆိုင်းဝိုင်း တ၀ိုင်းပါ  လူငယ်တွေ အတော် များများ ခုန်ပေါက် က ပြီး ပျော်ကြတာပါ ။ ဆိုင်းဆရာ ကို  " ဆိုင်းဆရာ ရေ ..၁ကျပ်ဘိုး တီးပါ ဦး " ဆိုပြီး ပိုက်ဆံ ၁ကျပ် ပေးပြီး က လိုက်ကြ .. က နေလို့ကောင်းတုန်း ဆိုင်းက ဗြုန်း ဆိုရပ်သွား .. ဆိုင်းဆရာ ကို ၁ကျပ် ထပ်ပေးပြီး ၁ကျပ် ဘိုး တီးပါဦး ဆိုပြီး ... က လိုက် ကြရင်း ... အရက် ရှိန်ကျ အမူး နည်းနည်း ပြေလာရင် .. နတ်ကတော် တွေ ဆီသွား ပြီး ..အရက် တောင်း သောက် လိုက်ကြ ရင်း ...

အမှတ်တရ တခု ကတော့ ကျနော်တို့ အုပ်စုထဲ က ကျောက်ဆည်သား ဖက်တီး ခင်မောင်စိုး ခုန်ပေါက် ကတာ အကျမတော် တော့ ဖနှောက်ရိုး အက် သွားပြီး ကျောက်ပတ္တီး စည်း လိုက်ရ တာပါဘဲ။
နောက်ပိုင်းတော့ တခေါက် မှ ထပ်မရောက် ဖြစ်တော့ပါ .. နှစ် တွေဟောင်း .. ခေတ်တွေလည်း ပြောင်း ပြီး ... ၁ ကျပ် ဆိုတာ ...ခု ဆို .. အစိမ်းရောင် ခြင်္သေ့ တကောင် နဲ့ ညီ နေလောက် ပါပြီ ။


တောင်ပြုန်း နတ်ပွဲ .. ဖြစ်ပေါ် လာတာက ...
အနော်ရထာ မင်း က ကွပ်မျက် လိုက်ပြီး .. ရွှေဖျဉ်း ညီနောင် အတွက် တောင်ပြုန်း အရပ် (အုတ်၂ချပ် လှပ်ရာ) ဆုတောင်းပြည့် ဘုရားအနီးတွင် နတ်နန်း ဆောက် ၍ ဒေသ အနီး အနားမှ လူများ ကို ပူဇော် ပသစေ ခဲ့ရာမှ အစပြု ခဲ့ခြင်း ဖြစ်ပါသည် တဲ့။


စိတ်ကူး နဲ့ နည်းနည်း ချဲ့ ရေးကြည့် ရရင်တော့..
ဗျတ်ဝိ ဗျတ္တ ညီအကို ၂ယောက် ကုလားပြည် က (၀က်သား မစားဘူး ဆိုတော့ ပင်လယ် နဲ့လည်းနီး မြန်မာပြည် နဲ့ ကပ်နေ တဲ့ ဘင်္ဂလားဒေ့ ကလည်း ဖြစ်နိုင် တာဘဲ) .. သင်္ဘော နဲ့ ထွက်လာ တာက စ တာပါဘဲ။  မှတ်မိသလောက် ဆိုရင် ..
သင်္ဘောပျက် တော့ ပျဉ်ချပ် လေးတွယ် ပြီး သထုံပြည် ကိုရောက် ..( ခုတော့ သထုံ က ပင်လယ် နဲ့ အဝေး ကြီး) ဘုန်းကြီး တပါး ဆီ ရောက် ဘုန်းကြီးကျောင်းသား လုပ်နေ ရင်း ..  တနေ့ ဘုန်းကြီး ယူလာ တဲ့ ဇော်ဂျီ အသေကောင် ကို ဘုန်းကြီးက စားဘို့ ဘာဘီကျု လုပ်ထား တာ အနံ့ မွှေး လှတာနဲ့ ဗျတ် ဘရားသားစ် အကုန်စား လိုက်ကြတော့ ... ၂ယောက် လုံး ဆူပါမင်း တွေ ဖြစ်ကုန် သတဲ့ ... အဲဒီမှာ သထုံ ဘုရင် .. ကြားပြီး အာဏာ ကို ဖြတ်လမ်းက ယူချင်ကြတဲ့ .. လူစွမ်းကောင်း ၂ယောက် ဖြစ်လာ နိုင်တာ မို့ .. ပုဒ်မ စုံ သုံး ပြီး ဖမ်းဆီး နှိပ်ကွပ် တာမှာ ဗျတ်ဝိ တော့ သေသွား ပြီ ကိုဗျတ္တ ကတော့ ပုဂံဘုရင် ဆီ ထွက်ပြေးနိုင်ခဲ့သတဲ့ ..

ပုပ္ပား နဲ့ ပုဂံ တနေ့ ၉ခေါက် ပန်းတော်ဆက် တဲ့ ကိုဗျတ္တ နဲ့.. သွားတက် ခတ်ကြီးကြီး လေး ပါတဲ့ ပုပ္ပား သူ မယ်ဝဏ္ဏ  တို့ ချစ်ကြိုးသွယ် နှောင်မိကြ.. ရွှေဖျဉ်းညီနောင် ဖွားလာ ....ပြီး သား ၂ယောက် ကို အနော်ရထာမင်း က စစ်မှုထမ်း ဘို့ ဆင့်ခေါ် (မယ်ဝဏ္ဏ ရင်ကွဲနာကျ သေ) ..

ရွှေဖျဉ်းညီနောင် က ဥတည်ဘွား လည်ပင်း ကို ထုံး ၃ရစ်တားခဲ့ တဲ့.တရုတ်ပြည် ခရီးက အနော်ရထာမင်း  နှင့် အပြန် . တောင်ပြုန်းဒေသ မှာ ဆုတောင်းပြည့် ဘုရားတည်စဉ် ..သောက်စားမူး ပြီး အုတ်၂ချပ်လှပ် အမှုထမ်း လှစ်ဟင်းသော ကြောင့် ..(ရွှေဖော့ရိုး နဲ့ ရိုက် စေ ဆိုတာကို) ကွပ်မျက် ခံရတာ .. ကနေ စတာ ပါ။

အကယ်၍သာ
 
ဗျတ် ညီအကို ကုလားပြည် က မထွက် ဖြစ်ခဲ့ရင်..
သင်္ဘော မပျက်ခဲ့ရင် ..
သင်္ဘောပျက် ပြီး သထုံပြည် မရောက်ခဲ့ ရင် ...
ဘုန်းကြီး ရဲ့ ဇော်ဂျီ အသေကောင် သား မစားမိခဲ့ရင် ..
မယ်ဝဏ္ဏ နဲ့ ပန်းတော်ဆက် ကိုဗျတ္တ မဆုံခဲ့ရင် ..
ရွှေဖျဉ်း ညီနောင် အရက် မမူး ခဲ့ရင် ..
ရွှေဖျဉ်း ညီနောင် ကို . အနော်ရထာ ရဲ့ အမိန့် အတိုင်း ဖော့ရိုးလေး နဲ့သာဘဲ ရိုက်ပြီး အပြစ်ပေးခဲ့ရင် ...
ခဲ့ရင် ... ခဲ့ရင် ...

တောင်ပြုန်းပွဲ ... ဆိုတာ?  
မှာ 

ပူနောင် ဂျပ်ဂျိန်း .... ပူဂျပ် ဂျိန်း ..  ဆိုင်းချက် တွေ နဲ့ ...

ကျနော် က ဘူး ခဲ့မှာ မဟုတ်ပါချေ ...

(ဓါတ်ပုံ များ GOOGLE မှ ယူပါသည်)
mks

6 comments:

Anonymous said...

:-) Pu Non Jain Pu Jain Jian

kay said...

ကိုစိုင်း ရေးတာ ဖတ်ပြီး ကိုကြီးကျောက် ကို သတိရ သွားပြီ..း((

mks said...

ဗျတ်ဝိ နှင့် မအိုဇာ
ဗျတ္တ နှင့် မယ်ဝဏ္ဏ
ရွှေဖျဉ်းညီနောင် .. အနော်ရထာ
ဆုတောင်းပြည့် (အုတ် ၂ချပ် လှပ် ဘုရား)
တောင်ပြုန်း ... ဇာတ်လမ်း ကို ...

နိုင်ဝင်းဆွေ ရဲ့ မဟူရာ မေတ္တာ
ချစ်ဦးညို ရဲ့ လင်္ကာဒီပချစ်သူ .. တို့လို ..

ရေးရင် ... အင်မတန် ဖတ်ကောင်းမဲ့ စာတအုပ် ဖြစ်လာမှာဘဲ ...

နူနူရည် (အင်းဝ) ... ကိုရေးဘို့တောင်းဆို ကြည့် ချင်တာ ... လိပ်စာ လည်းမသိ ...
( စကားမစပ် .. အလွတ် ရလောက် နီးပါး အကြိမ်ကြိမ် ပြန်ဖတ် တဲ့ စာ ၂အုပ် ရှိပါတယ် ..
နိုင်ဝင်းဆွေ ရဲ့ နွေတည ရယ် ..
နူနူရည်(အင်းဝ) ရဲ့ ပြုံး၍လည်း ကန်တော့ခံ တော်မူပါ .. ရယ်၍ လည်း ကန်တော့ခံ တော်မူပါ)။

မကေ .. ရေးရင် လည်းဖတ်လို့ကောင်းမှာဘဲ ..

kay said...

မလုပ်ပါနဲ့ ကိုစိုင်းရယ်
နတ်ဖမ်းနေပါအုံးမယ်..

း)

ritcivil84singapore said...

ကိုစိုင်းက မထင်၇ဘူးနော်

mks said...

ကုန်းကောက် တော့ အကုန်ပေါ်တာပေါ့ ... ကို S.W.ဦး

Thx for ur visit.