ကျနော် တို့  မြို့ နားက လွယ်မယ်တောင် ပေါ် က မစိုက် မပျိုး ဘဲ ထားတဲ့ မြေတကွက် ကို ပိုင်ရှင် က ခွင့်ပြု လို့  ထွန်စက် တစီးငှား ပြီး စိုက်ဖို့ မြေ ပြင် လိုက်ပါတယ်၊စိုက်ပျိုးရေး နဲ့ ပတ်သက်တဲ့ စာတွေ တော့ ရသလောက် လက်လှမ်း မှီရာ ရှာဖတ်ပါတယ်။
မျိုးအာလူး ကို အချိန် ၈၀၀ လောက် ၀ယ်လိုက် ပြီး စ စိုက် လိုက်ပါပြီ၊ တပတ်လောက် နေတော့ အညှောက် လေး တွေထွက် အပင် စပေါက် လာပါတယ်။
ရက် ၂၀လောက်မှာ အားလုံး ရွက်နု စိမ်းတွေနဲ့  အပင်ပေါက် တွေ ညီညီ ညာညာ ရှိ ချိန်ပါ။ မြေသြဇာ ထပ်ကြွေး ပိုးသတ်ဆေး ဖျန်းဘို့ လိုလာပါပြီ။ မိုး မျှော်နေတာ မလာ သေးတော့လည်း ပူရပြန်ပါ ရော။
မိုး ရွာလာ ပြီဆို ရင်တော့ လောင်ရောဂါ (Potato blight) တွေ အတွက် ကာကွယ်ဆေးတွေ ဖျန်းဘို့  လုပ်ရ ပါတယ်၊မိုး အုံ့  နေရင်.. မိုးဖွဲ ဖွဲ လေးရွာ နေရင် လောင်ကျတတ်လို့ ပါ... ဒီ လိုနဲ့ စစိုက်တဲ့ ရက်က နေ ရက် ၉၀ ကြာ ရင် အာလူး က တူး လို့ ရ ပါပြီ ။
(သရက်ပု ရွာ မှာလည်း အာလူးတခင်း စိုက်ပါတယ် မြေကွက် ပိုင်ရှင်က တော့ ဒီမြေကွက် မှာ အာလူးစိုက်ပြီးရင် ကျန်ရစ်ခဲ့မဲ့ နောက်ချေး၊ မြေသြဇာ ဓါတ်တွေ ကို နောင်နှစ် စိုက်မဲ့ တောင်ယာ စပါး အတွက် အထောက်အကူ ဖြစ်အောင် ပေးစိုက်တာပါ။)
ဒီတခေါက် ရွာပြန် အာလူး စိုက် တဲ့ အတွေ့ ကြုံ အရ
- မျိုး မမှန် မှာ ပူရ
- မိုးမရွာ မှာ ပူရ
- ပိုး ရောဂါ တွေ အတွက် ပူရ
- သူခိုး ခိုး မှာ ပူရ
- သီးနှံ ထွက်လာတော့ ဈေးမရ မှာ ပူရ
2 comments:
သစ်ပင် စိုက်ရင်.. တသက်လုံး ပျော်မယ် ဆိုတာ..မဟုတ်ဘူးပေါ့..( အမ ပြောလို့..သိတယ်)
မကေ .. ကိုယ့်အိမ်ခြံ ၀င်းထဲ မှာ စားပင် သီးပင် အလှပင်တွေ အတွက် ပြောတာလား မသိဘူး ... စီးပွားဖြစ် (အဲ စီးပွားပျက်လည်း ဖြစ်သွားတတ်) စိုက်ပျိုးရေး ကတော့ လူရော စိတ်ရော မောပါတယ် ..
Post a Comment