ဒီအချိန် ဆို
ကျနော်တို့ မြို့ လေးမှာ
ဒါလည်းပန်းခရမ်းပြာ ဘဲလေ
ငယ်တုံးက၀က်သစ်ချအပွင့်တွေက ၀တ်ရည် အချိုတွေ တက်စုပ်ကြတယ်
ငါးဥသီးလို့ လည်းခေါ် ဆူးသီးလို့ လည်းခေါ် တဲ့ Yellow berry သီး တွေမှည့်ချိန်
Mulberry လို့ လည်းခေါ်တဲ့ ပိုးစာသီး ပေါ်ချိန်
(မှည့်ရင် နီညိုရောင် နဲ့  ချိုတယ်)
စတော်ဘယ်ရီပေါ်ချိန်၊
စွယ်တော်လို့ လည်းခေါ်တဲ့ တလ ပွင့်ချိန်
ရွှေဖီလက်ဖက်ခူးချိန်
(လက်ဖက်အညွှန့် လေးတွေက ဒီချိန် ဆို စိမ်းပြီး နူဖတ် နေတာပါ၊ မိုးရွာလိုက်ပြီဆိုရင်တော့ ရွက်ဖါးကြီးတွေ ဖြစ်ကုန်တယ်တဲ့) ကျောင်းသားဘ၀ တုန်းက ကျောင်းပိတ်ရင် ပင်လောင်း၊နောင်တရားဘက် ဈေးနေ့  တွေမှာ လက်ဖက်ခြောက် လိုက်ကောက်(၀ယ်)ခဲ့ဖူးတယ်။
![]() |
ပင်စိမ်းသီးကို ထောင်းစား၊ ဆားရည်စိမ် ပြီး အချဉ်ပေါင်း လုပ်စားကြတယ်။

ဂနိုင်တွေထဲ မှာ ပုစဉ်းရင်ကွဲတွေ အော်ချိန်
(အတောင်တွေကိုတခု နဲ့ တခု ပွတ်တိုက်တာပါ။ တုတ်ချောင်းရှည်လေးမှာပိန္နဲအစေးတွေ သုတ်ပြီး ပုစဉ်းရင်ကွဲတွေ လိုက်တို့ ပြီးဖမ်း ကြော်စားကြတယ်)
အာရှတေးသီငှက် Migrant ဥသြ တွေရောက်လာချိန်
ဥသြဖိုတွေက အမဲရောင် ရှိပြီး၊ ဥသြအမတွေ က ပြောက်တိပြောက်ကျားတဲ့
သူတို့ ရဲ့ မျက်စိ အရောင်တွေက နီရဲတောက်နေတယ်
အီကုတ် ပေါ်ချိန်
(မြေနန်းစံ ရွှေအီကုတ်၊ ဆူးပုတ် နဲ့ ရော၊ သိကြားမင်း မနေနိုင် ဇွန်းကိုင်လို့ ဆင်း)
ဓနူ စာချိုးလေးတခုပါ
မြက်မန်းဥ၊ ဆူးပုတ်နု၊ သင်းဝင်၊ မြင်းခွာအမြစ်၊ ပိန္နဲသီးနု၊ ဟင်းရွက်ရောရာ၊ ဂေါ်ရခါးညွှန့် နုနု ပေါ်ချိန်
ကတက်ချဉ် တည်စားကြချိန်
(ဆေးဘက်ဝင်တယ်ဆိုပြီး သင်္ကြန် အကြတ်နေ့  သင်းဝင်ရွက်နု၊ အတက်နေ့ ကတက် စားတဲ့ဓလေ့ ရှိပါတယ်)
ကြက်သွန်ဖြူ အသစ်စပေါ်ချိန်
သင်္ကြန်ပြီးရင် တာတက်ပွဲ (မီးလုံးပွဲ)တွေ တရွာပြီး တရွာ ကျင်းပချိန်
ရှင်ပြု အလှုတွေ လှုချိန်
အာလူးစိုက်ဖို့ မြေပြင်ချိန်
(မရှိတော့တဲ့)စမ်းချောင်းလေးတွေရေခမ်းချိန်
နွေရက်မို့  ကြွေရွက်တို့  မြေသက်လို့ နေပြီ ( ဆိုင်တော့ မဆိုင်ပါဘူး သီချင်းစာသားလေးကြိုက်လို့ ပါ)
ဒီ ရာသီ ကျနော်တို့ ဆီ အလည်လာ လို့ ကောင်းတဲ့ အချိန် ပါ ..
အောင်ပန်းမြို့ မှ ကြိုဆိုပါတယ် ..
mks
ဓါတ်ပုံများ Google မှယူပါသည် ....















_I_IMG_8190%5B1%5D.jpg)






ပုံတွေ အများကြီးရိုက်လာပါလား ဟ...
ReplyDeleteရွာအလွမ်းပြေပေါ့လေ....
အား .. မဟုတ်ဖူး ကျောက် ရေ ..
ReplyDeleteအားလုံး ဂူးဂူးဂဲဂဲ လုပ်ထားတာ ..
;၀))
I want to eat "ကတက်ချဉ် " I haven't eat that for more than 2 decades.
ReplyDeleteI miss "စိန်ပန်းပြာ" too. They bloom different time of the year here.
When I was young I use to pick yello berries in summer. I had picked "ရွှေဖီ လက်ဖက်" once. It was lots of fun.
Thanks for sharing!
ရွှေဖီလက်ဖက်တွေ ကိုယ်တိုင်ခူးခဲ့ဘူး၊ နွေရာသီမှာ ငါးဥသီးတွေ ခူးခဲ့ဘူး တယ် ဆိုတော့
ReplyDeleteရှမ်းပြည်ဘက်က ဘဲထင်ပါတယ်။
ကျေးဇူးတင်ပါတယ် ... Sint
This comment has been removed by the author.
ReplyDeleteစိန်ပန်းပြာရယ်၊ ငါးဥသီးရယ်၊ ပင်စိမ်းသီးရယ်၊ ကြက်ဥနှစ်ပန်းရယ်၊ အီကုတ်ရယ် ..ပုံတွေကြည့်ပြီး..တောင်ကြီးကိုလွမ်းသွားတယ်။ အီကုတ်ကို ဆူးပုတ်နဲ့ကြော်စား။ ငါးဥသီးကိုသကြားလေးနဲ့ဖြူးပြီးစား။ ကောင်းမှကောင်း။
ReplyDeleteဒါဆို တောင်ကြီးကို ပိုလွမ်းသွားအောင် ထပ်ပြောဦးမယ်နော်...
ReplyDeleteတောင်ကြီး မှာ စိန်ပန်းပြာတွေ ဝေနေအောင်ပွင့်ပြီ၊
တောင်ကြီးဈေး မှာ ပုလိုင်းနဲ့ ထည့်ပြီး ၀ါးကပ်နဲ့ ထည့်ပေးတဲ့ စတော်ဘဲရီတွေ လှိုင်လှိုင် ပေါ်ပြီ၊
တောင်ချွန်းတလျှောက်မှာ စွယ်တော်တွေ ပွင့်နေပြီ။
ကွန်မန့် အတွက်ကျေးဇူးပါ “ မိုးဦးစံပယ်”
too many things i missed about Aungban
ReplyDeleteအောင်ပန်းအကြောင်းဖတ်ချင်လို့အင်တာနက်မှာရှာတာနှံ့နေပြီခုမှပဲတွေ့တော့တယ်။တျနော်အောင်ပန်းကပါ။ဒီမှာလည်းလာကြည့်လို့ရပါတယ်။http://www.facebook.com/pages/Shan-State/120162541354960
ReplyDeleteလာလည်တာ ကျေးဇူးပါ အယ်သား
ReplyDelete